ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, March 4, 2013

တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ခြင်းတွင်တွက်ခြေမကိုက်သဖြင့် ပြန်အပ်မည့်သူများရှိလာ



တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ခြင်းတွင် လက်တွေ့ဆောက် လုပ်သူများ တွက်ခြေ မကိုက် သဖြင့် ဆောက်လုပ်မှုကို ဆက်လက်မလုပ်ဘဲ ပြန်အပ်မည့်သူများရှိလာ

"အိမ်တစ်ဆောင်ကို ၆သိန်းခွဲ ပေးမယ်ဆိုပြီး နောက်ပိုင်းကျတော့ ငါးသိန်း ခွဲ ဘဲရတယ်။ ဆောက်လုပ်တဲ့ အချိန်နဲ့ မကိုက်ဘူး။ ပြီးတော့ ထပ်ဆင့် ပွဲ စား တွေများနေတော့ တွက်ခြေအကိုက်တဲ့အတွက် ကျွန်တော် တို့ဆက် ပြီး အဆောက်တော့ဘူး။ ပြန်အပ်တော့ အိမ်ငါးလုံးဆောက်လုပ်ဖို့ တာဝန်ယူ ထားတာ သုံး လုံးဆောက် ပြီးရင် ပြန်အပ်တော့မယ်။ ပစ္စည်းတွေထိန်း သူ တွေကိုလည်း အိမ်တစ်ဆောင်က ငါးသောင်းပေး   ရတယ်။ ဒီလိုဘဲ ဟို ပေး ဒီပေး ပေးနေရတော့ ကျွန်တော်တို့ တကယ့်ဆောက်တဲ့လက်သ များက နည်းနည်းပဲကျန်တော့တယ်" ဟုလက်သမား

OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ ကူညီရန်၊ပြန်လည် နေရာ ချ ထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားဖြစ်သည်။ ပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေသည်။

မြန်မာနိုင်ငံတွင် OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာများက မြို့ကြီးများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြပွဲများ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာ ၇၅,၀၀၀ အတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်းကိုUNHCR မှတဆင့် ဇန်နဝါရှလအတွင်းက ပေးလှူခဲ့သည်။

 
OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား
March 4, 2013

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်အေဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က

Sunday, March 3, 2013

ဂျာမနီနိုင်ငံဟမ်းဘာဂ့်မြို့၌အစ္စလာမ်ရုံးပိတ် ရက်များကိုအသိအမှတ်ပြု နိုင်ငံတကာသတင်း


သြဂုတ်၊ ၁၅၊ ၂၀၁၂
ဟမ်းဘာဂ့် မြို့တော်ဝန် Olaf Scholz
ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ (Hamburg)ဟာ အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြု ကျင့် သုံးသော   မြို့ဖြစ်လာပါတယ်။ မွတ်စလင် အလုပ်သမားများ၊ ကျောင်းသားများ ပွဲတော်ရက်များမှာ အနား ယူခွင့် ရရှိမှာဖြစ်ပြီး အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချမှာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ လူဦးရေ ၈၂-သန်းအနက် ၄-သန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ ထက်ဝက်ခန့်မှာ ဂျာမနီနိုင်ငံသား ခံယူရရှိထားသူများဖြစ်ပါတယ်။ မွတ်စလင်ဦးရေ တစ်သိန်းခွဲခန့်ရှိတဲ့ ဟမ်းဘာဂ့်မြို့ (Hamburg)အတွက် ဒီဆုံးဖြတ်ချက် ဟာ သမိုင်းဝင်ဖြစ်စဉ်ပါပဲ။
ဟမ်းဘာဂ့်မြို့ (Hamburg) အစ္စလာမ်လူမှုသိုင်းဝိုင်းကောင်စီမှ ဒေနီယလ် အဘဒင် (Daniel Abdin) က ဒီမြောက်ပိုင်းပြည်နယ်ရှိ အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချခြင်းဟာ အခြားသော   ပြည်နယ် ၁၅-ခု အတွက် အချက်ပေးစစ်ဂနယ်တစ်ခုဖြစ်ကြောင်း ပြောပါတယ်။


ဟမ်းဘာဂ့်မြို့မှ Fazle Omar ဗလီဝတ်ကျောင်းတော်
သူက ဆက်လက်ပြီး ပြောကြားရာမှာ ဒီတိုးတက်မှုဟာ ဂျာမနီနိုင်ငံမှာ အစ္စလာမ်သာသနာကို အသိ အမှတ်ပြု လက်ခံခြင်း ရဲ့ အရေးကြီးတဲ့ ခြေလှမ်းပဲလို့ သိရပါတယ်။
လာမယ့်နှစ်မှာ စတင် ကျင့်သုံးမှာဖြစ်ပြီး ဒီလိုဖြစ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာ ၅-နှစ် ရှိပြီ ဖြစ်ကြောင်း လည်း သိရပါတယ်။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)
ကိုးကား

Saturday, March 2, 2013

Filed under breakingnews, ต่างประเทศ

สุดเสื่อม เวียดนามสร้างพระพุทธรูปกอดสาวโชว์
28/02/2013 , 13:38 
Filed under breakingnews, ต่างประเทศ
ဗုဒ္ဒရုပ်ပွါးတော်ကိုမိန်းကလေးနှင့် .................



မူရင်းလင့်က ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက




ผู้สื่อข่าวรายงานว่าช่วงนี้ยังอยู่ในสัปดาห์แห่งพระพุทธศาสนา แต่ได้เกิดเรื่องเศร้าบนโลกออนไลน์โซเชียลเน็ตเวิร์ก โดยชาวพุทธไม่พอใจพากันแชร์ข้อความด่าพวกที่ทำลายย่ำยีศาสนาพุทธ ที่สร้างพระพุทธรูปหล่อกับหญิงสาว ด้วยการกอดฟัดบรรจงจูบกันบนตัก โดยระบุว่าพระพุทธรูปตัวแทนองค์ศาสดาของศาสนาพุทธและเป็นสิ่งสูง โดยรูปภาพดังกล่าว ระบุว่า ถ่ายมาจากประเทศเวียดนาม แต่ไม่ทราบว่ากลุ่มใดเป็นคนสร้างขึ้นมา ซึ่งในรูปภาพเห็นได้ชัดว่าพระพุทธรูปที่ปรากฏนั้นเป็นเนื้อทองเหลือง
ทั้งนี้ ดูจากลวดลายกลีบดอกบัวที่ฐานพระพุทธรูปคล้ายๆ กับเป็นศิลปะแบบจีน เกล้ามวยผมคล้ายกับศิลปะสมัยอู่ทอง ปางสมาธิ แต่ที่ทำให้ชาวพุทธหดหู่และเศร้าใจ ตรงที่มีหญิงสาวไว้ผมยาวเปลือยกายโชว์ทุมถัน นั่งค่อมบนตักให้ขาทั้งสองข้างรัดส่วนเอวของพระพุทธรูป โดยมีมือทั้งสองข้างอ้อมกอด ใบหน้าอยู่ในลักษณะคล้ายกำลังบรรจงจูบ โดยรวมแล้วผู้สร้างคล้ายจะสื่อว่ากำลังมีการเสพสังวาสกัน ซึ่งผู้ที่หล่อยังตั้งใจย่ำยีออกแบบพระกรหรือมือของพระพุทธรูปกอดที่บั้น ท้ายเอวของหญิงสาว
จากภาพที่โพสต์จะเห็นว่าพระพุทธรูปดังกล่าว ถูกตั้งโชว์อยู่ในห้องใดห้องหนึ่ง ซึ่งจะมีรูปหล่อปั้นเป็นศิลปะตั้งอยู่ข้างๆ ด้วย คาดว่าพระพุทธรูปองค์หล่อขึ้นมาเป็นศิลปะโชว์ให้ประชาชนได้ชมกัน ซึ่งภาพดังกล่าวถูกโพสต์อยู่ในโลกออนไลน์ บรรดาสาวกเฟซบุ๊กในพื้นที่ จ.พระนครศรีอยุธยา และทั่วประเทศ มีการแชร์ภาพด่าสาปแช่งกลุ่มที่กระทำการหล่อพระพุทธรูปย่ำยีศาสนาพุทธ ทั้งภาษาไทยและภาษาอังกฤษ —ISN 06
Tags: , , ,
xxxxxxxxxxxxxxxxxxxxxxxx
Google Translate
 Journalists also reported that during the week of Buddhism But the tragedy in Online Social Networks. Buddhists are not satisfied by taking a share of the damage inflicted curse their religion. Buddha statue with a girl. Turbines with an embrace kissing tender lap. Identified by Lord Buddha, a professor of religion, and the Internet. By the image that comes from Vietnam. I do not know if any were made. The image clearly shows a brass Buddha.The view of lotus petal pattern similar to the Buddha. With a traditional Chinese art. Upswept bun similar to modern art, but the Buddhist meditation posture U depressed and sad. The girl with the long hair, naked breasts O. show. Dwarf sitting on the lap of the legs, the waist band of the Buddha. With both arms. The face is like a kiss was tender. Overall, the authors like to convey that it was a sexual intercourse. The cast, which also meant invading his arm or hand of the statue of a young woman hugging the waist and buttocks.From the post to see the Buddha. Was on display in one of the rooms. This is an art sculpture statue stands beside the statue that it is an art show that people can watch. This image has been posted in the online world. Facebook disciples in the area. Ayutthaya. And across the country. I like to share with the group condemned the act of casting Buddha Buddhism abuse. Both Thailand and English-ISN 06.Tags: ISNHOTNEWS, Jesus, Buddha, Vietnam.



လှိုင်သာယာ အောင်ဇေယျတံတားအဆင်း၃ ထိပ်၊ ၁/၁၀-၁၁-၁၂ ရပ် ကွက် အတွင်းသို့ လူရမ်းကား အုပ်စု ၏လုပ်ရပ်

ာ


မနေ့က ၂၈.၂.၂၀၁၃ ည ၁၂ နာရီ ၀န်းကျင်တွင် လှိုင်သာယာ အောင်ဇေယျတံတားအဆင်း၃ ထိပ်၊  ၁/၁၀-၁၁-၁၂ ရပ် ကွက် အတွင်းသို့ လူရမ်းကား အုပ်စု တစ်အုပ်စု ၀င်ရောက်လာခဲ့ပြီး၂၀၁၂ ခုနှစ် ၉ လပိုင်းအတွင်းက ချိတ်ပိတ် ခံထားရသော လူနေရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်းဖွင့်လှစ်ထားသော မွတ်စ်လင်မ် ကလေးသူငယ်စာသင်ကြောင်း၏ တံခါးအား ရိုက်ချိုးပြီးအိမ်အတွင်းရှိ ထိုင်ခုံ များနှင့် ပစ္စည်း အချို့အား ရိုက်ချိုး ဖျက်ဆီးခဲ့သည်ဟု

Wednesday, February 6, 2013

နိုင်ငံတကာ လုံခြုံရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် ပြန်လည် သုံးသပ်ရန် အမေရိကန် လက်နက် ထိန်းချုပ်ရေး ထိပ်တန်း အရာရှိ မော်စကိုသို့ သွားရောက်မည်




အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်နက် ထိန်းချုပ်ရေး ထိပ်တန်း အရာရှိ ရို့စ်ဂေါ့တီ မိုလာ သည် နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံမှ လက်နက် ထိန်းချုပ် ရေး တာဝန်ခံ အရာရှိနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားရန် လာမည့် သီတင်းပတ် အတွင်း   မော်စကိုသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။
နိုင်ငံတကာ လုံခြုံရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် ၃ ရက်ကြာ ပြန်လည် သုံးသပ်ရေး အစည်း အဝေးကို ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် စတင်   ပြုလုပ် သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ ပါသည်။ ၂ဝ၁၃ ခုနှစ် ဇွန်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် ရုရှား- အမေရိကန် နှစ်နိုင်ငံ သဘောတူညီ ချက်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ စလုံးမှ ပြန်လည် သုံးသပ်မှု ပြုလုပ်လိုသည့် အတွက် အဆိုပါ အစည်း အဝေး ပြုလုပ်ရခြင်း ဖြစ်ပါသည်။ အမေရိကန် နိုင်ငံသည် အဆိုပါ လက်နက် ထိန်းချုပ်ရေး သဘောတူ ညီ ချက်နှင့် ပတ်သက်၍ ၁၉၉၉ -၂ဝဝ၆ ကာလတွင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရှိရ ပါသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိ

၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို   နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သောပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “နိုင်ငံသားများ၏ တရားဝင် ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ထိခိုက် နစ် နာနေသော ပြည်သူများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစား ပြုခဲ့သူများအား အရေး ယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သား မှုရှိပြီး ပြည်သူလူထုအား အကာ အကွယ် ပေးမည့် အထူးဥပဒေ  တရပ် ပြဋ္ဌာန်းပေးပါရန် တိုက် တွန်းကြောင်း” အဆို တင်သွင်းမှု အပေါ် ဦးထွန်းထွန်းဦးက အထက်ပါ အတိုင်း တုံ့ပြန် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ အရ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေ ရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ဖော်ပြထားပြီးပြဋ္ဌာန်းရန် ကြိုးစားမှုများသည် ယင်းဥပဒေပါ   ပြဋ္ဌာန်းချက် ကို ဆန့်ကျင်ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။

“အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ် အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ တရပ်ပြဋ္ဌာန်းမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင် မှာဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ အာဏာအလွဲသုံးစား ခဲ့သူများကိုနောက်ကြောင်းပြန် အရေး ယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်ကိစ္စ မပြောဆိုသင့်တော့ဘဲ နိုင်ငံသားများ၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း စောင့်ရှောက်နိုင်ရေးသည် အရေးကြီးကြောင်းပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကမူ ဦးသိန်းညွှန့်၏ အဆိုသည် ရှင်းလင်းမှု မရှိဘဲ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော ပြစ်မှုများ အလိုက် ပြန် လည်အရေး ယူနိုင်မည့် ဥပဒေ   ပြဋ္ဌာန်း သကဲ့သို့ ဖြစ်နေသည့်အတွက် ရှု့ပ်ထွေးမှုများ ရှိစေသည်ဟု ပြောသည်။

“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလို့ လွှတ်တော်ကို ၀င်ကတည်းက အရင် စစ် အစိုး ရ ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့ မရဘူးဆိုတာ အားလုံး နားလည်ထားတာပဲ။ တရားဝင် လည်း ပြဋ္ဌာန်းချက် ရှိထားပြီးသားပဲ။ အခုကတော့ ရှေ့နေချုပ်ကိုယ်တိုင်က ဒါကို ပေါ်ပေါ်တင်တင် ထပြော လာတာဆိုတော့ပိုပြီး ထင်သာမြင်သာရှိလာတယ်” ဟု ၎င်းက ဆိုသည်။

Credit to : ဧရာဝတီ..

ရခိုင်အရေးအတွက်အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်



RB News 
6.2.2013 
နေပြည်တော် ။ ။ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အမျိုးသား အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ဒုတိ ယ အကြိမ် အဖြစ် ဖေဖော်ဝါရီလ (၂၅) ရက်နှင့် (၂၆) ရက်နေ့များတွင် ကျင်းပမည်   ဖြစ်ကြောင်း ယနေ့ ထုတ် အစိုး ရ သတင်းစာများတွင်  ရေးသားဖော်ပြထားသည်။ 
အလုပ်ရုံ  ဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်၍ နယ်စပ်ဒေသ  ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး - ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် ဌာနေ ကိုယ်စားလှယ် Mr Ashok Nigam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ နယ်စပ်ဒေသ ရေးရာ  ၀န်ကြီးရုံး၌ တွေ့ဆုံ၍ အကျယ်တ၀န့်  ဆွေးနွေးခဲ့ကြသည်။ 
ယခု ကျင်းပမည့် အမျိုးသား အဆင့်အလုပ်ရုံ  ဆွေးနွေးပွဲတွင် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာနများ၊ ရခိုင် ပြည်နယ် အစိုးရ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များ၊ နိုင်ငံတကာ အစိုးရ အဖွဲ့ အစည်းများ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ဘာသာရေး အဖွဲ့ အစည်း များဖြင့် ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးနိုင်ရန် စီစဉ်ထားသည်ဟု အဆိုပါ သတင်း တွင်ရေး သားဖော်ပြထား သည်။ 
အလုပ်ရုံ ဆွေးနွေးပွဲတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကဏ္ဍတွင်နိုင်ငံ သား ဖြစ်မှုနှင့် စစ်တမ်း ကောက်ယူခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာများ၊ ကယ်ဆယ်ရေးနှင့်ပြန် လည် နေ ရာချထားရေး၊  ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် နေအိမ်၊ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ အစား အစာနှင့် သန့် ရှင်းသော သောက်သုံးရေ လုံလောက်ရေး၊ လူနေမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ဆိုင် ရာ များ၊ ပြန် လည် စေ့စပ်ညှိနှိုင်းရေး တို့ကို ထည့်သွင်းဆွေးနွေး မည်ဟု ရေးသားဖော်ပြ ထား သည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများပြီး သည့်နောက်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအ ဖွဲ့ အစည်းများ ကိုယ်တိုင်ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှူ စစ်ဆေး ခဲ့သော်လည်း၊ ယနေ့အချိန် ထိပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိဘဲ၊ စားဝတ်နေရေး၊ ကျန်းမာရေးချို့တဲ့မှုတို့နှင့် ရင်ဆိုင်နေ ရသည်။ လူမျိုးနှစ် မျိုးရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲလာခဲ့ပြီး၊ ယခုမှ အတူယှဉ်တွဲ မနေနိုင်ဟြု ဖစ်ပေါ်လာရခြင်း မှာလည်း မသမာသူ အချို့နှင့် အစိုးရတို့ ပူးပေါင်း၍ ကြိုတင်ကြံ စည်ခြင်း သာဖြစ်သည်။ လူမျိုးရေး ၊ဘာသာ ရေးကို  ပေါ်ပေါ်တင်တင်စော်ကားနေ သည်ကို အစိုးရ ကိုယ်တိုင် သိနေသော်လည်း အရေး ယူခြင်း တစ်စုံ တစ်ရာ မပြုလုပ်ခြင်းကို  ထောက်ရှုခြင်း အားဖြင့် အဆိုပါမသမာသူ များကိုအစိုးရ ကိုယ်တိုင် ဥပဒေ အထက် တွင်ထားနေခြင်းကြောင့်ဖြစ်ပါသည်။

ရိုဟင်ဂျာများရဲ့မူရင်းဌာနေကိုစွန့်ခွာဖို့အစိုးရကိုယ်တိုင်စနစ်တကျစီမံပေးနေပြီ


ရိုဟင်ဂျာများစီးနင်းလာသောစက်လှေနှစ်စီး ထိုင်းနိုင်ငံဖူးကတ်မြို့သို့ရောက်ရှိလာစဉ် (ဓါတ်ပုံ - YATEEM TV)
မောင်မောင် 
RB News 
7.2.2013 
ရိုဟင်ဂျာ တွေကို ဒေသခံ တိုင်းရင်းသား အဖြစ် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အုပ်ချုပ်ခဲ့ တဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ အသိအမှတ်ပြုခဲ့တယ်။ အခြားသော တိုင်းရင်းသားများ နဲ့ တန်းတူ အခွင့်အရေးပေးခဲ့လို့ ရိုဟင်ဂျာများဟာ အစိုးရနယ်ပယ် အသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း နဲ့ တိုင်းပြည်ရဲ့ အကျိုးကို အများနည်းတူ သယ်ပိုးနိုင်ခဲ့တယ်။ 
ကမ္ဘာမှာ စစ်အာဏာရှင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၆၂ ခုနှစ်မှာအာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် မြန်မာ့အသံက ရိုဟင်ဂျာ တိုင်းရင်းသား အသံကို ၁၉၆၅ ခုနှစ် မှာ စတင်ပိတ်ပင် ခဲ့တယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက်ကို ချမှတ်ပြီး ဒေသခံ ရိုဟင်ဂျာတွေ ကို မိမိတို့ရဲ့ မူရင်းဌာနေက နေမောင်းထုတ်ဖို့ကြိုးစား ခဲ့တယ်။ မတရားကြံစည်ပြီး ကြိုးစားခဲ့တာမို့ အာဏာ ရှင်ကြီးရဲ့ စီမံကိန်းက မျှော်လင့်သလြို ဖစ်မလာခဲ့ဘူး။ အဲဒီနောက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုပြဌာန်း ပြီး ရိုဟင်ဂျာတွေ ကိုနိုင်ငံမဲ့ ဘ၀ရောက်အောင် တွန်းပို့ခဲ့တယ်။ 
ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်မှာ တောင် ရိုဟင်ဂျာ အမတ်   တွေရွေး ချယ်ခံခဲ့ ရတယ်။ ၁၉၈၂ ခုနှစ်နောက်ပိုင်း မှာ တော့မဲပေးပိုင် ခွင့်၊ ရွေးချယ်ခံ ပိုင်ခွင့်တွေပါ ဆုံးရှူံးခဲ့ရတယ်။ ၁၉၈၈ ခုနှစ် န၀တ အစိုးရတက်လာပြီး တဲ့နောက်မဲပေးပိုင်ခွင့်နဲ့ရွေးချယ်ခံ ပိုင် ခွင့်တွေပြန် ရခဲ့ တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းချမှတ်ခဲ့တဲ့မူကို ၁၉၉၀ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဆက်လက် အကောင်အ ထည်ဖော်ခဲ့ပြန်တယ်။ ရခိုင်ပြည်နယ်ေ မြောက်ပိုင်းမှာ နစက တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရိုဟင်ဂျာ တွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်တဲ့ စီမံကိန်းကြီး ကို နှစ်ရှည်စီမံကိန်းနဲ့ အကောင် အထည်ဖော်လာခဲ့ တယ်။ 
အခုမြန်မာနိုင်ငံမှာပြည်သူလူထုကိုကိုယ်စားပြုပါတယ်ဆိုတဲ့ ဒီမိုကရေစီအစိုးရအုပ်ချုပ်နေပါပြီ။ ဒါပေ မယ့် အစိုးရရဲ့အကျပ် အတည်းတွေဖြေရှင်းဖို့ ရိုဟင်ဂျာ လူမျိုးတွေကဓါးစာခံဖြစ်လာခဲ့တယ်။ နှစ်ပေါင်း များစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေက ရန်သူတွေ သဖွယ်ဖြစ်နေရပြီ။ ဒါတွေ ဘာ  ကြောင့်ဖြစ် ရ သလဲဆိုရင် ရခိုင်အစွန်းရောက် တချို့နဲ့အစိုးရတို့ရဲ့ ပူးပေါင်းကြံစည်မှု  ကြောင့်ပါ။ 
အစိုးရနဲ့ ရခိုင် အစွန်းရောက်တွေ ပူးပေါင်းပြီး လက်ဝါးရိုက်ထားတဲ့ စီမံကိန်းကို မျက်ဝါး ထင်ထင်မြင်နေရပါ ပြီ။ရာစုနှစ်များစွာနေထိုင်လာတဲ့ရိုဟင်ဂျာတွေကိုနည်းလမ်းပေါင်းစုံနဲညှင်းပန်းနှိပ်စက်ပြီး နိုင်ငံတွင်းက မောင်း ထုတ်ပြီးတော့၊ ရိုဟင်ဂျာတွေရဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ၀င်တွေအစားထိုး ဖို့အခု လိုလုပ်နေတာဆိုတာကို လွန်ခဲ့တဲ့ရက်ပိုင်းမှာ အစိုးရက ဘင်္ဂါလီဗုဒ္ဓဘာသာဝင်တွေကိုခိုလှုံ ခွင့်ပေးလိုက်ပြီး၊ လာပြီး ခိုလှုံခွင့်တောင်းမယ့် သူတိုင်းကိုလယ် ၂ ဧကနဲ့နေ အိမ်စီစဉ်ပေးမယ်လို့ပေါ်ပေါ် တင်တင်ပြောတာ ကိုကြည့်မယ်ဆိုရင် ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေကို နေရာတိုင်းမှာတန်းတူ ရည် တူ  အခွင့် အရေးပေး ထားတာမို့ မြန်မာနိုင်ငံလို ဘာသာခြားတွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်း မရှိ ဘူး ဆိုတာ ကမ္ဘာကသိပါတယ်။ တစ်စုံတစ်ရာ ညှင်းပန်းနှိပ်စက် ခံရမှုမရှိဘဲ တခြားနိုင်ငံမှာ ခိုလှုံ ခွင့်   တောင်းမယ်ဆိုရင် ဘယ်နိုင်ငံကမှလက်မခံပါဘူး။ မြန်မာနိုင်ငံက ဘာလို့ အသာတကြည် လက်ခံလိုက် တာ လား? အဲဒါအပြင် နောက်ထပ်လာမယ် ဆိုရင်လာနိုင်တဲ့ အကြောင်းကို ဘာလို့ ထုတ်ဖော်ပြောရတာ လဲ? သေချာ စဉ်းစားကြည့် ရင်အဖြေကရှင်းနေပါပြီ။ 
အခုဆိုရင် ရိုဟင်ဂျာတွေဟာ ပင်လယ် ခရီးကြမ်းကိုနှင်ပြီး ထိုင်းနိုင်ငံ (သို့မဟုတ်) မလေးရှား ကိုရောက် အောင် သွားနေရပြီ။ နိုင်ငံတွင်းမှာ နေလို့ မရအောင် နည်းပေါင်းစုံနဲ့ လုပ်နေတော့ တရွာ မပြောင်း သူ ကောင်းမဖြစ် ဆိုသလို ကမ်းမမြင်လှမ်းမမြင်ရတဲ့ ပင်လယ်ပြင်မှာ တနေ့တော့ ကမ်းမြင် ရမှာပါ ဆိုတဲ့မျှော် လင့်ချက်နဲ့ အသက်ကြီးအို၊ ကလေးပါမ ကျန် နေရာကောင်းလေး ရလေ မလား ဆိုပြီး မွေးဌာနေကို စွန့် ခွာပြီး သွားနေရပြီ။ အဲဒီလို သွားဖို့ဘယ်သူတွေက စီစဉ်ပေး သလဲ? ရိုဟင်ဂျာတွေဟာ မိမိတို့ရွာ ကနေ ရွာ ပြင်ထွက်ဖို့တောင် မလွယ်တဲ့ အခြေအနေမှာ  နေနေရတယ်။ အဲဒီတော့ သွားဖို့လိုတဲ့ စက်လှေတွေ ကို အာဏာပိုင်တွေဖြစ်တဲ့ နစကတွေက စီစဉ်ပေးတယ်။ တနည်းအားဖြင့် ထိုင်းနိုင်ငံ ရဲ့လူ ကုန်ကူး မှုတွေမှာ ထိုင်းစစ်တပ် ကအရာရှိ တချို့ ပါဝင်နေ သလို၊ မြန်မာနိုင်ငံဘက် ကလည်း နစကတွေ၊ ရပ်ရွာအုပ်ချုပ်ရေး တွေ ကအဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ 
RB News ကဒေသခံ ရိုဟင်ဂျာတွေကို ဆက်သွယ်ေ မးမြန်းခဲ့ ပါတယ်။ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ ရိုဟင် ဂျာရွာသားတွေကို မင်းဘူးရခိုင်ရွာက ရခိုင် အစွန်းရောက်တွေက “မင်းတို့အတွက် ဒီမှာနေရာ မရှိဘူး၊ မင်းတို့ အားလုံးကို တတိယနိုင်ငံ ပို့ပစ်မယ်” လို့အမြဲအော် ဟစ်ပြောတယ် လို့ဆိုပါတယ်။ 
မြောက်ဦးမြို့နယ်မှာ ရှိတဲ့မြောင်ဘွယ် တိုက်နယ် ဆေးရုံကို ရခိုင်မျိုးချစ်ကွန်ယက် က ဒေါ်ခင်မာ ချိုခေါင်း ဆောင် တဲ့ အဖွဲ့လာပြီး မွတ်စလင်တွေကို ဆေးမကုပေး ဖို့ပြောသွားတယ်လို့ ဒေသခံ တစ်ယောက် က RB News ကိုပြောပါတယ်။ အဲဒါအပြင် မြောက်ဦးမြို့နယ်က ပေါင်းတုတ်ရိုဟင်ဂျာရွာကို အဲဒီရခိုင်မျိုး ချစ် ကွန်ယက်က အခုလာ မယ့် ဖေဖော်ဝါရီ လ(၈)ရက်နေ့မှာ မီးရှို့ပစ်မယ်လို့ခြိမ်းခြောက် သွားတယ်လို့ အဲဒီဒေသခံကဆိုပါတယ်။ 
မင်းပြားမြို့နယ် သရက်အုပ် ရိုဟင်ဂျာရွာက ဒေသခံ တစ်ယောက်ကတော့ “ကျွန်တော်တို့ ရွာနားမှာ ပန်းမြှောင် ဆိုတဲ့ ရခိုင်ရွာရှိတယ်။ အဲဒီရွာမှာနေ့ တိုင်း ညတိုင်း တူမီးသေနတ်တွေ ပစ်ဖောက်နေ တယ်။ ကျွန် တော်တို့ ကို တိုက်မယ်ဆိုတာ သိအောင် အချက်ပေးတဲ့ သဘောပါ” လို့ RB News ကိုပြောပါတယ်။ 
ဒီလိုလုပ်နေတာကို အစိုးရ အာဏာပိုင်တွေက မသိတာလား? အားလုံးသိပါတယ်။ အစိုးရ ကိုယ်တိုင်က အဲဒီလို လုပ်နေတာကို ဥပက္ခာပြုထားတာက အဲဒီအစွန်းရောက်တွေနဲ့ အစိုးရနဲ့ လက်ဝါးချင်းရိုက် ထားလို့ ပါ။ 
စစ်တွေမြို့၊ အုန်းတောလေး ကျေးရွာက ရိုဟင်ဂျာ တစ်ယောက် မနေ့ကဒီလိုပြောပါတယ်။ “ဒီနေ့တရက် ထဲစက်လှေ ၄ စီးထွက်တယ်။ စက်လှေ အားလုံးကို နစကက စီစဉ်တာပါ။ လူစုတာလည်း နစကက သူ့ဆိုင်ရာ လူတွေနဲ့စုတာပါ။ ဒီနေ့ထွက်တဲ့ ၄ စီးမှာလူ ၅၀၀ လောက်ပါတယ်။ မလေးရှားကို ဦးတည် သွားမယ် လို့သိရတယ်။ နစက ကိုယ်တိုင်က လူစု၊ စက်လှေရှာ၊ ပိုက်ဆံယူပြီးပို့ပေးနေတာပါ။ သူတို့ဝင် ငွေလည်း ရတယ်။ ကျွန်တော်တို့ကို လည်း မောင်းထုတ်ပြီး သားဖြစ်သွား တယ်။ တစ်ချက် ခုတ်နှစ် ချက် ပြတ်ပေါ့ဗျာ”

မောင်းတော ဒေသအာဏာပိုင်များ၏ တရားဝင် မတော်မတရား ရက်စက် အနိုင်ကျင့်မှုကြီး ။


မောင်းတော ဒေသအာဏာပိုင်များ၏ တရားဝင် မတော်မတရား ရက်စက် အနိုင်ကျင့်မှုကြီး ။

ယမန်နေ့ (၅.၂.၂၀၁၃)ရက် နံနက် ( ၉း ၀၀ ) နာရီခန့်တွင် မောင်းတောမြို့နှင့် (၁၂) မိုင်ကျော်ဝေးကွာ သော အလယ် သံကျော် အရပ် န.စ.က နယ်မြေ (ရ) နှင့် နယ်မြေ (၈) တို့မှ မွတ်စလင်(မ်) ဘာသာရေး ဆရာကြီး များ ဦးရေ (၃၀)  မာင်းတောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုး ဦးဆောင်ပြီး န.စ.က ဒုကွပ်ကဲရေးမှုး ဗိုလ်မှုးကြီး ထူးလှိုင် ၊ ခရိုင်ရဲမှုးကြီး ကောင်းစံလင်း နှင့်တကွ ဒေသဆိုင် ရာ တပ်မတော် အရာရှိများ တို့က မောင်းတော အလယ် သံကျော် အထက ကျောင်းတွင် ခေါ်ယူ၍ အစည်းအ ဝေး တရပ် ပြုလုပ်ခဲ့ပါသည် ။
          ထိုအစည်းအဝေးတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုးက ဘာသာရေးဆရာကြီး များ အား ခင်ဗျား တို့တွေဟာ ဒီဒေသကဒေသခံတွေမဟုတ်ဘူး ၊ တခြားနိုင်ငံက လာတဲ့လူတွေဖြစ်တယ် ၊ အဖြူရောင် ကဒ်ကိုင် ထားသူတွေ အားလုံးဟာ နိုင်ငံခြားသားတွေပဲ ဖြစ်တယ် ၊ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ် တဲ့ ပန်းဘဲတန်းမြို့  နယ် နှင့်   ကျောက်တံတားမြို့နယ်တို့မှာ ခင်ဗျားတို့ အစ္စလာမ် ဘာ သာ ကိုးကွယ်သူတွေဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီးနေ ရတာတွေရှိတယ် ၊ ဒီဒေသမှာရှိတဲ့ ခင်ဗျားတို့ကို နိုင်ငံတော်က စေတနာနဲ့ အဖြူရောင် ကဒ်ပြားတွေ   ပေးထားလို့ အခွန်မဆောင်ရ တာဖြစ် တယ် ။ ဒါကြောင့် ဒီကရခိုင်တိုင်းရင်းသားတွေနဲ့ ရန်မဖြစ်ဖို့လိုတယ် ၊ ပြသနာမရှာဖို့လိုတယ် ၊ အေးဆေးနေ ဖို့လည်းလိုတယ် ။
          တဖက်က ရခိုင်တိုင်းရင်းသားတွေက ရန်ဆောင်ခဲ့ရင်လည်း သူတို့တွေက အိမ်ရှင်ဖြစ်လို့ ဧည့် သည် ဖြစ်တဲ့ ခင်ဗျားတို့တွေက သည်းညည်းခံရမှာ ဖြစ်တယ် ။ ထပ်မံ၍ လက်ရှိမောင်းတော ဒေသကို ပုဒ်မ (၁၄၄) ထုတ်ပြန် ထား သည့်နေရာ ဖြစ်သည့်အတွက် ဗလီများ ၊ ဘာသာရေးစာသင်ကျောင်းများကို လုံးဝ ဖွင့် လှစ်ခွင့် ရရှိမည် မဟုတ်ဘဲ ပုဒ်မ (၁၄၄) ရုတ်သိမ်းပြီး နောက်ပိုင်းတွင်လည်း အထက် အာဏာ ပိုင် များမှ ခွင့်ပြုမိန့် ရရှိမှ သာလျှင် ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်း ၊ ဘာသာရေး စာသင်ကျောင်း များကိုလည်း သာသနာရေးဝန်ကြီး ဌာန မှ ဥပဒေ ရေးဆွဲသတ်မှတ် ပြီးမှသာလျှင် ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည် ။
{ ဆက်စပ် သတင်းအဖြစ် အရွယ်မရောက်သေးသော ကလေးသူငယ်များ ပညာသင်ကြားလျက် ရှိသော မောင်းတော တမြို့ နယ်လုံးရှိ အခြေခံ ဘာသာရေးစာသင်ကျောင်း အားလုံးကိုလည်း မောင်းတော မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှုး မှ ဇန်န၀ါရီလ (၃၀) ရက် ရက်စွဲ ဖြင့် ဖွင့်လှစ်ပညာ သင်ကြားခွင့်ကို စာဖြင့် တားမြစ် ပိတ်ပင်ထားကြောင်း သတင်း ရရှိပါသည် ။}
ထို့ပြင် န.စ.က ဒုကွပ်ကဲရေးမှုးမှ ယခုနှစ် လူဦးရေ စာရင်းကောက်ခံ ရာတွင် ယခင်နှစ်များကဲ့သို့ ပုံမှန် စာရွက်ဖြင့် စစ်ဆေးခြင်းမဟုတ်ဘဲ ယခုနှစ်တွင် ကွန်ပျူတာဖြင့် စစ်ဆေးကောက်ခံရာတွင် ကွန်ပျူတာ ထဲ တွင် လက်ဗွေနှိပ်ခတ်၍ မှတ်တမ်းတင်ခြင်း စနစ်အား ယခင်လများတွင် ဒေသခံ မွတ်စလင်များက ငြင်းဆန် ခဲ့ကြပါ သ ဖြင့် မှတ်တမ်းကောက်ခံ၍ မရခဲ့ပါကြောင်း ၊ ထိုသို့ ကွန်ပျူတာဖြင့်  မှတ်တမ်းတင်ခြင်းမှာလည်း နိုင်ငံတော်မှ ချမှတ်ထားသော စီမံကိန်းဖြစ်သည့် အားလျော်စွာ မဖြစ်မနေ အကောင်ထည်ဖော်သွားမည် ဖြစ် ကြောင်း အသိပေး ပြောကြားခဲ့ပါသည် ။
ဒေသခံများကပြောဆိုရာတွင် ယခုကဲ့သို့ လူဦးရေစာရင်း ၊ ကျွဲ ၊ နွား ၊ တိရိစ္ဆာန် စာရင်းကို ဒေသ ဆိုင်ရာ နယ်စပ်ကွပ် ကဲရေး ဌာနမှ တာဝန်ရှိသူများက နှစ်စဉ် ဇန်န၀ါရီလ လဆန်းရက်များတွင် မောင်းတော ခရိုင်တခုလုံး  ကို နှစ်စဉ်နှစ် တိုင်း ကောက်ယူ၍ စစ်ဆေးခဲ့ပါကြောင်း ၊ လူဦးရေစာရင်း ကောက်ယူရာတွင် လည်း သေဆုံး သူများ ကို လျော့ချခြင်း ၊ မွေးဖွားသူများကို မွေးတိုး စာရင်းပြုစုခြင်း ၊ အိမ်တွင်မရှိသူများကို BD ပြေး အဖြစ် သတ်မှတ်ပြီး စစ်ဆေး အတည် ပြုခဲ့ပါကြောင်း ၊ စသည့်လုပ်ငန်းစဉ်များကို နှစ်စဉ်နှစ်တိုင်း တိတိကျကျ ပြုလုပ်ခဲ့ ပါသည်။ မိမိတို့ဒေသခံ အများစုမှာ စာပေတတ်မြောက်မှုနည်းပါးသည့် အတွက် နယ်စပ်ကွပ်ကဲရေး ဌာန မှ ယခုလိုအခြေအနေမျိုးတွင် ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းအား မည်သို့မှ လက် ခံ၍ မရပါကြောင်း ။
ထို့ပြင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး၏  အထက်ပါပြောကြားချက် များသည် အမှန်တရားကို ပြောင် ပြောင် တင်းတင်း မျက် ကွယ်ပြု၍ ရရှိထားသောအာဏာဖြင့် မလျော်သြဇာ အသုံးပြုကာ  မိမိတို့အား ရက် ရက် စက်စက်အနိုင်ကျင့် ရက်စက် မှုများ ပြုလုပ်ဖန်တီး နိုင်ဖွယ်ရှိသည် အဖြစ်ခံစားခဲ့ရပါကြောင်း ၊ ထိုအကြောင်း အရာ များကို နိုင်ငံတော်  သမ္မတ နှင့် လွှတ်တော် ဥက္ကဌ များနှင့် တကွ ကာကွယ်ရေး ဦးစီး ချုပ် များ ထံသို့လည်း အသိပေး တိုင်ကြားအစီ ရင်ခံသွားမည်ဟု ၎င်း အစည်းအဝေးသို့ ကိုယ်တိုင် တက် ရောက် ခဲ့သော  ဘာသာရေး ဆရာကြီး တဦးမှ သတင်းပေး ပို့ပါသည် ။
                                                                                                မောင်သော်
                                                                             (၆) ရက် ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၃

Monday, February 4, 2013

ကျောက်တော်မြို့နယ်တောင်ပေါ်တွင်အစွန်းရောက်များတပ်ပုန်းလျက်ရှိ


ကျောက်တော်မြို့နယ်တောင်ပေါ်တွင်အစွန်းရောက်များတပ်ပုန်းလျက်ရှိ

Qutub Shah 
RB News 
4.2.2013 
မောင်တော ။ ။ ဖေဖော်ဝါရီလ (၁) ရက်နေ့ ည ၉ နာရီခန့်တွင် မောင်တောမြို့နယ် ကြိမ်ချောင်းရွာတွင် အခြေစိုက်သော နစကနယ်မြေ (၄) လက်အောက်ခံ စခန်းအမှတ် (၂၄)မှ ဗိုလ်ကြီးဝေဖြိုးသက်သည် စစ်ဦးစီး ဦးအောင်သန်းကျော်နှင့် နစကတပ်ဖွဲ့ဝင် အချို့တို့နှင့် အတူကြိမ်ချောင်းရွာမှ ဦးအဘူ တယုပ် (ဘ)ဦးယူနွစ်(အ သက်၃၄ နှစ်) ၏  နေအိမ်ကို ၀င်ရောက် စီးနင်းရှာဖွေ ခဲ့သည်။ ပြစ်မှု ဆိုင်ရာနှင့် ပတ်သက်သည် ကို ရှာဖွေရန် အကြောင်းပြ ၍  ငွေညှစ်ရန် သာဖြစ် သည်။ နေအိမ်တွင်းရှာဖွေ၍ ဦးအဘူတယုပ် အားဖမ်း ဆီးရန် စီစဉ် ခဲ့သော်လည်း ဦးအဘူတယုပ် မရှိသဖြင့် ဖမ်းဆီးနိုင် ခဲ့ခြင်း မရှိဘဲ ပြန်လည်ထွက်ခွာ သွားခဲ့ ရသည်။ ဦးအဘူတယုပ်မှ ၎င်းအား အကြောင်း မျိုးစုံပြ၍ ဖမ်း ဆီးမည်ကို သိသဖြင့် နောက်တစ်ရက် တွင် ၎င်းအား ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုရန် နစကမှ လိုချင် သည့် ငွေ ပမာဏအား  မေးမြန်း၍  နောက်ဆုံး တွင် ငွေ ၆ သိန်း ၅ သောင်းပေး၍ ၎င်းအား ထပ်မံ မနှောက် ယှက် ရန် ညှိနှိုင်း ခဲ့ကြောင်းသိရသည်။ 
မင်းပြား ။ ။ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် မင်းပြားမြို့နယ်၊ စမ်းကြီးဘောင်  ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ လူငယ် မိုဟာမတ်ကရီးမ် (ဘ) ဦးမိုဟာမတ်တာဟဲရ် သည် ရွာအနီးရှိ  တောင်ပေါ်သို့ အမဲလိုက်ရန် သွား ရာ၊ ရခိုင် အစွန်း ရောက်များနှင့်တွေ့၍၊ ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရပြီး ဦးခေါင်းတွင်ြ ပင်းထန်စွာဒဏ် ရာ ရ ရှိ ခဲ့ကြောင်းသိရပါသည်။ 
မြောက်ဦး ။ ။ အစားအစာချို့တဲ့မှု၊ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးနှင့် ညီညွတ်သည့်  နေရာတွင် မနေ ရခြင်း တို့ကြောင့် မြောက်ဦးမြို့နယ်၊ ရီဒါဖာရာမှ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးဖြစ်သည့် အဗ်ဒူဂဖာရ် (ဘ) ဦးအဗ်ဒူဂျဘာရ် (အသက် ၂၇ နှစ်) နှင့် မိုဟာမတ်ခန်း (ဘ) ဦးကာလာအလီ (အသက် ၂၀ နှစ်) တို့ ကွယ် လွန်သွားကြောင်းသတင်းရရှိပါသည်။ 
ကျောက်တော် ။ ။ ကျောက်တော်မြို့နယ်၊ နိုင်းရောင်ကျေးရွာ အုပ်စုတွင်  တောင်တန်းရှိပြီး၊ မျက်မြင် သက်သေ တစ်ဦး၏ပြောဆိုချက်အရ ရခိုင်အစွန်းရောက် အချို့သည် ထိုတောင်ပေါ်တွင် တပ်ပုန်းလျက်ရှိ သည်ဟု သိရသည်။ ထိုသို့ လျှို့ဝှက်စွာ ပုန်းနေရခြင်းမှာ ရိုဟင်ဂျာများကို အကြမ်းဖက် ရန်သာဖြစ်ပြီး၊ အာ ဏာပိုင်များမှ သတင်းအရ သိနေသော်လည်း အရေးယူခြင်း တစ်စုံတစ်ရာ မရှိကြောင်း သိရပါသည်။ ထိုသို့ အရေးယူခြင်း ကိုကြည့်ခြင်းအားဖြင့် အစိုးရ အနေနှင့် ရိုဟင်ဂျာများအား အကြမ်းဖက်နိုင်ရန် အခွင့်အလမ်း များဖွင့် ဟပေးထားသည် ကိုတွေ့ရပါသည်။ ထိုရွာအနီး ပတ်ဝန်းကျင်ရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မိမိ တို့၏ ရွာကို စွန့်ခွာ၍ ထွက်သွားရန် ကြိုးစားနေကြောင်း သိရှိရ ပါသည်။
 
 

သံတော်လီဒုက္ခသည်စခန်း၏အခြေအနေ

မောင်မောင် 
RB News 
4.2.2013 
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ ရှိရာသို့ နိုင်ငံတကာမှ လာရောက်ကြည့်ရှူ တိုင်းပြည်ထောင်စုအစိုးရ ၀န်ကြီးများနှင့် ပြည်နယ်အစိုးရမှ အခြေအနေ အသင့်အတင့်ကောင်းသည့် ဒုက္ခ သည်စခန်းများ ရှိရာကိုသာပြ သပြီး၊ ဧည့်သည်တော်များနှင့်  တွေ့ဆုံဆွေးနွေးပွဲတွင် ဒုက္ခသည်များ ကိုနိုင်ငံ တကာ အဆင့်အတန်းနှင့် အညီထောက်ပံ့လျက် ရှိကြောင်း၊ တဲများ စီစဉ်ပေးထားကြောင်းကို မြန်မာ အစိုးရ အစဉ်အဆက် သုံးစွဲနေသည့် မုသားဝါဒများဖြင့်ေ ပြောလေ့ရှိသည်။ 
စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများမှ စခန်း တစ်ခုဖြစ်သည့် သံတော်လီ စခန်း၏ အခြေအနေမှာလွန်စွာဆိုး ရွား လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့ အစည်းများမှ ရိက္ခာများထောက်ပံ့ပေးလျက် ရှိသော်လည်း လုံ လောက်စွာ မရရှိခြင်း၊ မိမိတို့၏ အစီအစဉ်ဖြင့် တဲထိုး၍  နေရခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် သည့်ရေ လောင်း အိမ်သာများ မရှိခြင်းတို့ အပြင် အဖက်ဖက်ချို့တဲ့နေခြင်း တို့ကြောင့် ကလေးငယ်များ၏ ကျန်းမာ ရေးသာမက လူကြီးများ၏ ကျန်းမာရေး အခြေအနေပါ စိုးရိမ်ရမည့် အခြေအနြေ ဖစ်နေသည်။ 
သံတော်လီ ဒုက္ခသည်စခန်း၏ ဖေဖော်ဝါရီလ (၂) ရက်နေ့မြင်ကွင်း ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့် ရှူနိုင်ပါသည်။




ရခိုင် အမျိုးသမီးထုကို ထိခိုက် ရေးသားမှုအတွက် Hot News ဂျာနယ် တောင်းပန်မည်

Share Arakan News's photo.
Myanmar Express Group 

ရခိုင် အမျိုးသမီးထုကို ထိခိုက် ရေးသားမှုအတွက် Hot News ဂျာနယ် တောင်းပန်မည်

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ် တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုးသမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တွင် ရခိုင် ကွန်မြူနစ် သောင်းကျန်းသူ များသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော် လည်း ရခိုင်မလေး များကို ခေါ်တော ကုလားများ၏ ဘေးအန္တရာယ် မှ မကာကွယ် နိုင်ခြင်းမှာ ရယ်စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများ အပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလားမယား ဖြစ်ရသော ရခိုင် အမျိုးသမီး များမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ်ရသည်ကို မသိဘဲ လက်ထပ် ခဲ့ရသည်ဟု ဖော်ပြ ခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြ သကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယားများ ဖြစ်ခဲ့ကြသည် ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေအနေ နှင့် လုံးဝ ဆန့်ကျင် နေကြောင်း ရခိုင် အမျိုးသမီးအသင်း ထံမှ သိရသည်။
“ရခိုင် အမျိုးသမီး အများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင်အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြု ခဲ့မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေသောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး ၏ မိခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင် တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်
Myanmar Express Group



ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ် တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုး သမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တွင် ရခိုင် ကွန်မြူနစ် သောင်းကျန်းသူ များသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော် လည်း ရခိုင်မလေး များကို ခေါ်တော ကုလားများ၏ ဘေးအန္တရာယ် မှ မကာကွယ် နိုင်ခြင်းမှာ ရယ် စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများ အပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလား မယား ဖြစ်ရသော ရခိုင် အမျိုးသမီး များမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ်ရသည်ကို မသိဘဲ လက်ထပ် ခဲ့ရသည်ဟု ဖော်ပြ ခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြ သကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယား များ ဖြစ် ခဲ့ကြသည် ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေအနေ နှင့် လုံးဝ ဆန့်ကျင် နေကြောင်း ရခိုင် အမျိုး သမီး အသင်း ထံမှ သိရသည်။
“ရခိုင် အမျိုးသမီး အများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင်အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြု ခဲ့မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေသောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး ၏ မိခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင် တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လမ်းပေါ် လှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအား ဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ် ဖောက်လုပ်


Monday, 04 February

ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး လမ်းပေါ်ရှိ ဘူးသီးတောင်-မောင်တောမေယုတောင်ပေါ် ကားလမ်းလှိုဏ်ခေါင်း ရှည် ရှောင် ကွင်းလမ်းအား ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူ ဖောက်လုပ်နေကြောင်းနှင့် ယခုဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ်နိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော လှိုဏ်ခေါင်းရှည်သည်နှစ်တစ်ရာနီးပါး သက်တမ်းကြာလာပြီ ဖြစ်သဖြင့် လှိုဏ်ခေါင်း ရှည်နှင့် အစားထိုးရန် ရှောင်ကွင်းလမ်းအား ဖောက်လုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတောင်ခေါင်း ရှောင်ကွင်းလမ်းကို လမ်းအရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေတွင် ကတ္တရာ ၁၈ ပေ ခင်းရန် ရှိကြောင်းနှင့် တောင်ပေါ်ကားလမ်း၏ အမြင့်ဆုံး နေရာတွင် ပေ ၃၂၀ ဖြစ်ကြောင်းလည်း သိရသည်။

တောင်ခေါင်းရှောင်ကွင်းလမ်းမှာ ပွင့်လင်းရာသီတွင်သာ ဖောက်လုပ်နိုင်ပြီး မိုးတွင်းကာလတွင် တောင်မြေပြိုခြင်းကြောင်း လမ်းများ ပျက်စီးခဲ့ရသဖြင့် လက်ရှိ ဖောက်လုပ်နေမှုကို တောင်မြေပြိုဆင်းမှုမှ ကာကွယ်ရန်တောင်ကို လှေကားထိုက်ပုံစံ အဆင့်ဆင့်   ဖောက် လုပ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ရှောင်ကွင်းလမ်းကို မိုးတွင်းက ပျက်စီးခဲ့သည့် အပိုင်းများကိုမြေတူးစက်များဖြင့် ပြန်လည် ပြုပြင်လျက်ရှိနေပြီး မတ်လ တွင် အပြီးသတ် လုပ်ငန်းအကောင်အထည် ပေါ်နိုင်ကြောင်းလည်း သိရသည်။

မေယုတောင်ပေါ် ကားလမ်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသည့် လမ်းဖြစ်သည့်အပြင် နယ်စပ်မောင်တောမြို့သို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ အဆိုပါလမ်းကို ဗြိတိသျှခေတ်က ရထားလမ်း အဖြစ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်လမ်းတွင် ၁၉၁၈ ခုနှစ်ကဖောက်လုပ်ခဲ့သော လှိုဏ်ခေါင်းနှစ်ခုမှာ လည်း နှစ်ကာလကြာ လာပြီဖြစ်သဖြင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပြီး ဖြစ်သော်လည်း တစ်နှစ်ထက်တစ်နှစ် တောင်ခေါင်းများ နိမ့်ကျလာနေသဖြင့် ရှောင် ကွင်းလမ်းအားဖောက်လုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ဓါတ်ပုံ- မေယုတောင်ပေါ် လှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအားမြေတူးစက်များဖြင့် ဖောက်လုပ်နေစဉ်

Eleven Media Group
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လမ်းပေါ် လှိုဏ်ခေါင်းရှည်
ရှောင်ကွင်းလမ်းအား ဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ် ဖောက်လုပ်  
Monday, 04 February 

ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး လမ်းပေါ်ရှိ ဘူးသီးတောင်-မောင်တော
မေယုတောင်ပေါ် ကားလမ်းလှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအား ပြည်သူ့
ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူ ဖောက်လုပ်နေကြောင်းနှင့် ယခုဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော လှိုဏ်ခေါင်းရှည်သည်
နှစ်တစ်ရာနီးပါး သက်တမ်းကြာလာပြီ ဖြစ်သဖြင့် လှိုဏ်ခေါင်းရှည်နှင့် အစားထိုးရန် ရှောင်ကွင်းလမ်းအား ဖောက်လုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတောင်ခေါင်း ရှောင်ကွင်းလမ်းကို လမ်းအရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေတွင် ကတ္တရာ ၁၈ ပေ ခင်းရန်ရှိကြောင်းနှင့် တောင်ပေါ်ကားလမ်း၏ အမြင့်ဆုံး နေရာတွင် ပေ ၃၂၀ ဖြစ်ကြောင်းလည်း သိရသည်။

တောင်ခေါင်းရှောင်ကွင်းလမ်းမှာ ပွင့်လင်းရာသီတွင်သာ ဖောက်လုပ်နိုင်ပြီး မိုးတွင်းကာလတွင် တောင်မြေပြိုခြင်းကြောင်း လမ်းများ ပျက်စီးခဲ့ရသဖြင့် လက်ရှိ ဖောက်လုပ်နေမှုကို တောင်မြေပြိုဆင်းမှုမှ ကာကွယ်ရန်
တောင်ကို လှေကားထိုက်ပုံစံ အဆင့်ဆင့် ဖောက်လုပ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ရှောင်ကွင်းလမ်းကို မိုးတွင်းက ပျက်စီးခဲ့သည့် အပိုင်းများကို
မြေတူးစက်များဖြင့် ပြန်လည် ပြုပြင်လျက်ရှိနေပြီး မတ်လတွင် အပြီးသတ် လုပ်ငန်းအကောင်အထည် ပေါ်နိုင်ကြောင်းလည်း သိရသည်။

မေယုတောင်ပေါ် ကားလမ်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်
ကုန်သွယ်ရေးအတွက် အဓိက အရေးပါသည့် လမ်းဖြစ်သည့်အပြင် နယ်စပ်မောင်တောမြို့သို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ အဆိုပါလမ်းကို ဗြိတိသျှခေတ်က ရထားလမ်းအဖြစ်
ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်လမ်းတွင် ၁၉၁၈ ခုနှစ်က
ဖောက်လုပ်ခဲ့သော လှိုဏ်ခေါင်းနှစ်ခုမှာလည်း နှစ်ကာလကြာလာပြီ
ဖြစ်သဖြင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပြီး ဖြစ်သော်လည်း တစ်နှစ်ထက်
တစ်နှစ် တောင်ခေါင်းများ နိမ့်ကျလာနေသဖြင့် ရှောင်ကွင်း
လမ်းအားဖောက်လုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။   

ဓာတ်ပုံ - ဓါတ်ပုံ- မေယုတောင်ပေါ် လှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအား
မြေတူးစက်များဖြင့် ဖောက်လုပ်နေစဉ်

Eleven Media Group

(အခတ်အခဲရှိပေမဲ့ ပြောသင့်ပြောထိုက်တာကိုတော့ လူထုဘက်ကပြောပေးပါ အမေစုရယ်)...

Ko Rohingya shared Skyheart Winko's photo.
(အခတ်အခဲရှိပေမဲ့ ပြောသင့်ပြောထိုက်တာကိုတော့ လူထုဘက်ကပြောပေးပါ အမေစုရယ်)...

လွန်ခဲ့တဲ့ ၂၅နှစ်က တောင်းဆိုခဲ့တာကို သူတို့တွေ ကတိပေးခဲ့တယ် သူတို့တွေဖျက်ခဲ့တယ် မမေ့ပါနဲ့အမေစုရယ်........ဗျူဟာဆိုတာ ပုံစုံမျိုးစုံရှိပါတယ် လူတွေကို အသိပေးလို့မရဘူးဆိုတာ နားလည်ပေမဲ့ နာမည်ကြီးပြီး အချိန်တန်ရင်ထွက်ပြေးမည့်သူတွေထက် တွေ့ရမယ့် အရင်းခံ အညတရ အာဇာနည်အဖွဲ့ကိုတော့ လက်ကမ်းပေးပါ ကြိုဆိုပေးပါ။
‎(အခတ်အခဲရှိပေမဲ့ ပြောသင့်ပြောထိုက်တာကိုတော့ လူထုဘက်ကပြောပေးပါ အမေစုရယ်)...

လွန်ခဲ့တဲ့ ၂၅နှစ်က တောင်းဆိုခဲ့တာကို သူတို့တွေ ကတိပေးခဲ့တယ် သူတို့တွေဖျက်ခဲ့တယ် မမေ့ပါနဲ့ အမေစု ရယ်........ဗျူဟာဆိုတာ ပုံစုံမျိုးစုံရှိပါတယ် လူတွေကို အသိပေးလို့မရဘူးဆိုတာ နားလည်ပေမဲ့ နာမည် ကြီးပြီး အချိန်တန်ရင်ထွက်ပြေးမည့်သူတွေထက် တွေ့ရမယ့် အရင်းခံ အညတရ အာဇာနည် အဖွဲ့ ကိုတော့ လက်ကမ်းပေးပါ ကြိုဆိုပေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆားလျှော့စားကြရန်တိုက်တွန်း


Monday, 04 February 2013
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆားလျှော့စားကြရန်တိုက်တွန်း
Monday, 04 February 2013

အရွယ်ရောက်သူများအနေ ဖြင့် အစာစားသည့်အခါ ဆားကို   လျှော့စားပြီး အစားအသောက်   များထဲတွင် ပိုတက်ဆီယမ် အနည်း ငယ်ထည့်စားရန် ကမ္ဘာ့ကျန်းမာ   ရေးအဖွဲ့ချုပ် (WHO) က ညွှန် ကြားချက် အသစ် ထုတ်ြပန်ပြီးတိုက် တွန်းလိုက်ကြောင်းသိရသည်။

ကြာသပတေးနေ့ကထုတ်ပြန်လိုက် သည့်အစီရင်ခံစာတွင်အရွယ်ရောက် လာသူများအနေဖြင့် တစ်နေ့ကို  ဆိုဒီယမ် ၂ဂရမ် သို့မဟုတ် ဆား  ၅ဂရမ်လျှော့စားသင့်သည်ဟု (WHO)ကပြောကြောင်း၊ထို့အပြင်
နေ့စဉ်စားသုံးသည့်အစားအစာများ    ထဲတွင် အနည်းဆုံးတစ်နေ့ကို ပိုတက်ဆီယမ် ၃.၅ဂရမ် ထည့်စား ရန် အကြံပြုထားပါကြောင်းသိရသည်။

ယခုကဲ့သို့ အကြံပြုခြင်းသည်  နှလုံးရောဂါနှင့်လေဖြတ်ရောဂါကို
ဖြစ်စေသည့် သွေးတိုးရောဂါမဖြစ် ရအောင် လျော့ချသည့်ကြိုးပမ်းမှု တစိတ်တပိုင်းအနေဖြင့်ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ်ကပြောပါ
ကြောင်း၊ဆိုဒီယမ်ကို များသော  အားဖြင့် နွားနို့၊ကြက်ဥနဲ့အဆီအစိမ့်    များတွင်ရပြီး၊၀က်ပေါင်ခြောက်   နှင့်သရေစာများတွင်ပိုပြီးများကြောင်း    ပိုတက်ဆီယမ်ကြွယ်ဝသည့် အစား အစာများကတော့ ပဲစိမ်း၊မြေပဲ၊ ဟင်းနုနွယ်၊ငှက်ပျောသီးကဲ့သို့ ဟင်း သီးဟင်းရွက်နှင့်သစ်သီးဝလံများတွင်
တွေ့နိုင်တယ်ဟုသိရသည်။

TWH
The Hot News

အရွယ်ရောက်သူများအနေ ဖြင့် အစာစားသည့်အခါ ဆားကို လျှော့စားပြီး အစားအသောက် များထဲတွင် ပိုတက်ဆီယမ် အနည်း ငယ်ထည့်စားရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ချုပ် (WHO) က ညွှန် ကြားချက် အသစ် ထုတ်ြပန်ပြီးတိုက် တွန်းလိုက်ကြောင်းသိရသည်။

ကြာသပတေးနေ့ကထုတ်ပြန်လိုက် သည့်အစီရင်ခံစာတွင်အရွယ်ရောက် လာသူများအနေဖြင့် တစ်နေ့ကို ဆိုဒီယမ် ၂ဂရမ် သို့မဟုတ် ဆား ၅ဂရမ်လျှော့စားသင့်သည်ဟု (WHO)ကပြောကြောင်း၊ထို့အပြင်နေ့စဉ်စားသုံးသည့်အစားအစာများ ထဲတွင် အနည်း ဆုံးတစ်နေ့ကို ပိုတက်ဆီယမ် ၃.၅ဂရမ် ထည့်စား ရန် အကြံပြုထားပါကြောင်းသိရသည်။

ယခုကဲ့သို့ အကြံပြုခြင်းသည် နှလုံးရောဂါနှင့်လေဖြတ်ရောဂါကိုဖြစ်စေသည့် သွေးတိုးရောဂါမဖြစ် ရအောင် လျော့ချသည့်ကြိုးပမ်းမှု တစိတ်တပိုင်းအနေဖြင့်ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ်ကပြောပါကြောင်း၊ဆိုဒီယမ်ကို များသော အားဖြင့် နွားနို့၊ကြက်ဥနဲ့အဆီအစိမ့် များတွင်ရပြီး၊၀က်ပေါင်ခြောက် နှင့်သရေစာများတွင်ပိုပြီးများကြောင်း ပိုတက်ဆီယမ်ကြွယ်ဝသည့် အစား အစာများကတော့ ပဲစိမ်း၊မြေပဲ၊ ဟင်းနုနွယ်၊ငှက်ပျောသီးကဲ့သို့ ဟင်း သီးဟင်းရွက်နှင့်သစ်သီးဝလံများတွင်တွေ့နိုင်တယ်ဟုသိရသည်။

TWH
The Hot News

အသစ်ရောင်းချပေးမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေး ကျပ် ၅၀၀၀ အောက်ရောက်နိုင်


Monday, 04 February 2013

လာမည့် မတ်လအတွင်းတွင်ရောင်းချပေးနိုင်မည်ဟု ယူဆထားသော မိုဘိုင်းဖုန်းဈေး များ ကျပ် ၅၀၀၀ အောက် သို့ ပင်ရောက် ရှိ သွားနိုင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ခန့်မှန်းပြောကြားခဲ့ သည်။   နိုင်ငံတော် သမ္မတကြီးက တယ်လီဖုန်းတွေကို အလကားပေးခြင်တယ်လို့တောင်ပြောခဲ့ဘူးပါတယ်။ သမ္မတကြီး ကပြည် သူ့အသံ လည်း အမြဲနားထောင်နေ တဲ့သူဆိုတော့ အခုထွက်လာမဲ့ မိုဘိုင်းဖုန်းဈေးနှုန်း ဟာ ပြည်သူများ အံ့သြလောက်အောင်ကိုအဆများစွာ လျော့ ချပေး လိမ့်မယ်လို့ယူဆပါတယ်ဟုပြောကြားခဲ့သည်။ အစိုးရမှ မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ မပြောသေးသော် လည်း ပြည် သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့ သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားခဲ့သည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးသောင်းတင်မှလည်း တယ်လီဖုန်းများအား အလ ကားပေးရုံသာမက လက်ဆောင်များပင်ထပ်ဖြည့်ပေးသင့်သည်ဟု ပြောကြားခဲ့ဘူးသည်။ နိုင်ငံတော် အစိုးရက ရောင်း ချပေးမည့် တန်ဖိုးနည်း လက်ကိုင်ဖုန်း ဈေးနှုန်း ကို မတ်လတွင် တရားဝင် ထုတ်ပြန် ကြေညာ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက (၃-၂-၂၀၁၃)ရက်နေ့တွင်ပြောကြား လိုက်သည်။

Phay Than
အသစ်ရောင်းချပေးမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေး ကျပ် ၅၀၀၀ အောက်ရောက်နိုင်
Monday, 04 February 2013

လာမည့် မတ်လအတွင်းတွင်ရောင်းချပေးနိုင်မည်ဟု ယူဆထားသော မိုဘိုင်းဖုန်းဈေး များ ကျပ် ၅၀၀၀ အောက်သို့ပင်ရောက်ရှိသွားနိုင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ခန့်မှန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီးက တယ်လီဖုန်းတွေကို အလကားပေးခြင်တယ်လို့တောင်ပြောခဲ့ဘူးပါတယ်။ သမ္မတကြီးကပြည်သူ့အသံလည်းအမြဲနားထောင်နေတဲ့သူဆိုတော့ အခုထွက်လာမဲ့ မိုဘိုင်းဖုန်းဈေးနှုန်းဟာ ပြည်သူများအံ့သြလောက်အောင်ကိုအဆများစွာ လျော့ချပေးလိမ့်မယ်လို့ယူဆပါတယ်ဟုပြောကြားခဲ့သည်။ အစိုးရမှ မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ မပြောသေးသော် လည်း ပြည်သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားခဲ့သည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးသောင်းတင်မှလည်း တယ်လီဖုန်းများအား အလကားပေးရုံသာမက လက်ဆောင်များပင်ထပ်ဖြည့်ပေးသင့်သည်ဟု ပြောကြားခဲ့ဘူးသည်။ နိုင်ငံတော် အစိုးရက ရောင်းချပေးမည့် တန်ဖိုးနည်း လက်ကိုင်ဖုန်း ဈေးနှုန်း ကို မတ်လတွင် တရားဝင် ထုတ်ပြန် ကြေညာ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက (၃-၂-၂၀၁၃)ရက်နေ့တွင်ပြောကြား လိုက်သည်။
 
Phay Than

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲ ဖြစ်စဉ်မှန်ဖော်ထုတ်ရေးနှင့် ပတ်သက်၍ ကိုဖြိုးဝေအောင် မိသားစုရှင်းလင်းတင်ပြ



ရန်ကုန်-ဖေဖော်ဝါရီ၎

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် သေဆုံးမှုမတိုင်မီ ဆန္ဒရှိ ခဲ့သော ဖြစ်စဉ်မှန်ဖော်ထုတ်ရေးနှင့် ပတ်သက်၍ မိသားစုက ရှင်းလင်းတင်ပြပွဲကို ယနေ့ ညနေ ၄ နာရီ က တော် ၀င်နှင်း ဆီခန်း မမှာပြုလုပ်သည်။

NLA
X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲ ဖြစ်စဉ်မှန်ဖော်ထုတ်ရေးနှင့် ပတ်သက်၍ ကိုဖြိုးဝေအောင် မိသားစုရှင်းလင်းတင်ပြ

ရန်ကုန်-ဖေဖော်ဝါရီ၎

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် သေဆုံးမှုမတိုင်မီ ဆန္ဒရှိခဲ့သော ဖြစ်စဉ်မှန်ဖော်ထုတ်ရေးနှင့် ပတ်သက်၍ မိသားစုက ရှင်းလင်းတင်ပြပွဲကို ယနေ့ ညနေ ၄ နာရီက တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်သည်။

NLA
Photo

ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား


Monday, February 04, 2013

ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။

သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူနေကတည်းကဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေ စီခေါင်းဆောင်  တယောက် အနေနဲ့လေးစားအားကျတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ မေးခွန်းတခုမေး ချင် လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်း က မြန်မာနိုင် ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက် ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ်တဲ့။

ဒီလိုတကယ်ပဲ ပြောခဲ့ပါသလား တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက်မိပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာမြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင် ခဲ့ လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီ တပ်မတော်ဖြစ်လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော် သုံး ကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော်သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါတဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ် ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေးအတွက် ဂျပန်-မြန်မာ အတူ တိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပုံတွေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့ တာမဟုတ် ဘဲ မြန်မာ မျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါတဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့ တပ် မတော်ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ် မနေဘူး လားလို့ သူက ပြောပါတယ်။

ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယား သ တင်း စာ ကို အခုလို ပြောခဲ့တာလားဆိုတာကို သူ့အနေနဲ့သိချင်ပါတယ် စသဖြင့်ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူ က မေးခွန်းထုတ်ထားပါတယ်။
http://www.youtube.com/watch?v=59VFDQaqJm0&feature=player_embedded


သူ့အကြောင်းကို သူ့အွန်လိုင်း http://www.yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။

irrawaddy
ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား
Monday, February 04, 2013

ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။

သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူနေကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့
လေးစားအားကျတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ မေးခွန်းတခု
မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်
အတွင်းက မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့
တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ်တဲ့။

ဒီလိုတကယ်ပဲ ပြောခဲ့ပါသလား တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက်မိပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ
မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီ တပ်မတော်ဖြစ်
လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော်
သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါတဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေး
အတွက် ဂျပန်-မြန်မာ အတူတိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်
ခဲ့ပုံတွေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ မြန်မာ
မျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါတဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့
အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်
ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။

ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို
ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယားသတင်းစာကို အခုလို ပြောခဲ့တာလားဆိုတာကို သူ့အနေနဲ့သိချင်ပါတယ် စသဖြင့်
ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။
http://www.youtube.com/watch?v=59VFDQaqJm0&feature=player_embedded


သူ့အကြောင်းကို သူ့အွန်လိုင်း http://www.yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။

irrawaddy