Monday, 04 February
ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး လမ်းပေါ်ရှိ ဘူးသီးတောင်-မောင်တောမေယုတောင်ပေါ် ကားလမ်းလှိုဏ်ခေါင်း ရှည် ရှောင် ကွင်းလမ်းအား ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူ ဖောက်လုပ်နေကြောင်းနှင့် ယခုဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ်နိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော လှိုဏ်ခေါင်းရှည်သည်နှစ်တစ်ရာနီးပါး သက်တမ်းကြာလာပြီ ဖြစ်သဖြင့် လှိုဏ်ခေါင်း ရှည်နှင့်
အစားထိုးရန် ရှောင်ကွင်းလမ်းအား ဖောက်လုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါတောင်ခေါင်း ရှောင်ကွင်းလမ်းကို လမ်းအရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေတွင်
ကတ္တရာ ၁၈ ပေ ခင်းရန် ရှိကြောင်းနှင့် တောင်ပေါ်ကားလမ်း၏ အမြင့်ဆုံး နေရာတွင်
ပေ ၃၂၀ ဖြစ်ကြောင်းလည်း သိရသည်။
တောင်ခေါင်းရှောင်ကွင်းလမ်းမှာ
ပွင့်လင်းရာသီတွင်သာ ဖောက်လုပ်နိုင်ပြီး မိုးတွင်းကာလတွင်
တောင်မြေပြိုခြင်းကြောင်း လမ်းများ ပျက်စီးခဲ့ရသဖြင့် လက်ရှိ
ဖောက်လုပ်နေမှုကို တောင်မြေပြိုဆင်းမှုမှ ကာကွယ်ရန်တောင်ကို လှေကားထိုက်ပုံစံ အဆင့်ဆင့် ဖောက် လုပ်ထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ရှောင်ကွင်းလမ်းကို မိုးတွင်းက ပျက်စီးခဲ့သည့် အပိုင်းများကိုမြေတူးစက်များဖြင့် ပြန်လည် ပြုပြင်လျက်ရှိနေပြီး မတ်လ တွင် အပြီးသတ် လုပ်ငန်းအကောင်အထည် ပေါ်နိုင်ကြောင်းလည်း သိရသည်။
မေယုတောင်ပေါ် ကားလမ်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသည့် လမ်းဖြစ်သည့်အပြင်
နယ်စပ်မောင်တောမြို့သို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည်။
အဆိုပါလမ်းကို ဗြိတိသျှခေတ်က ရထားလမ်း အဖြစ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်လမ်းတွင် ၁၉၁၈ ခုနှစ်ကဖောက်လုပ်ခဲ့သော လှိုဏ်ခေါင်းနှစ်ခုမှာ လည်း နှစ်ကာလကြာ လာပြီဖြစ်သဖြင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပြီး ဖြစ်သော်လည်း တစ်နှစ်ထက်တစ်နှစ် တောင်ခေါင်းများ နိမ့်ကျလာနေသဖြင့် ရှောင် ကွင်းလမ်းအားဖောက်လုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - ဓါတ်ပုံ- မေယုတောင်ပေါ် လှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအားမြေတူးစက်များဖြင့် ဖောက်လုပ်နေစဉ်
Eleven Media Group
Monday, 04 February
ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး လမ်းပေါ်ရှိ ဘူးသီးတောင်-မောင်တောမေယုတောင်ပေါ် ကားလမ်းလှိုဏ်ခေါင်း ရှည် ရှောင် ကွင်းလမ်းအား ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူ ဖောက်လုပ်နေကြောင်းနှင့် ယခုဘဏ္ဍာနှစ်ကုန်တွင် အပြီးသတ်နိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော လှိုဏ်ခေါင်းရှည်သည်နှစ်တစ်ရာနီးပါး သက်တမ်းကြာလာပြီ ဖြစ်သဖြင့် လှိုဏ်ခေါင်း ရှည်နှင့် အစားထိုးရန် ရှောင်ကွင်းလမ်းအား ဖောက်လုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါတောင်ခေါင်း ရှောင်ကွင်းလမ်းကို လမ်းအရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေတွင် ကတ္တရာ ၁၈ ပေ ခင်းရန် ရှိကြောင်းနှင့် တောင်ပေါ်ကားလမ်း၏ အမြင့်ဆုံး နေရာတွင် ပေ ၃၂၀ ဖြစ်ကြောင်းလည်း သိရသည်။
တောင်ခေါင်းရှောင်ကွင်းလမ်းမှာ ပွင့်လင်းရာသီတွင်သာ ဖောက်လုပ်နိုင်ပြီး မိုးတွင်းကာလတွင် တောင်မြေပြိုခြင်းကြောင်း လမ်းများ ပျက်စီးခဲ့ရသဖြင့် လက်ရှိ ဖောက်လုပ်နေမှုကို တောင်မြေပြိုဆင်းမှုမှ ကာကွယ်ရန်တောင်ကို လှေကားထိုက်ပုံစံ အဆင့်ဆင့် ဖောက် လုပ်ထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ရှောင်ကွင်းလမ်းကို မိုးတွင်းက ပျက်စီးခဲ့သည့် အပိုင်းများကိုမြေတူးစက်များဖြင့် ပြန်လည် ပြုပြင်လျက်ရှိနေပြီး မတ်လ တွင် အပြီးသတ် လုပ်ငန်းအကောင်အထည် ပေါ်နိုင်ကြောင်းလည်း သိရသည်။
မေယုတောင်ပေါ် ကားလမ်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသည့် လမ်းဖြစ်သည့်အပြင် နယ်စပ်မောင်တောမြို့သို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ အဆိုပါလမ်းကို ဗြိတိသျှခေတ်က ရထားလမ်း အဖြစ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်လမ်းတွင် ၁၉၁၈ ခုနှစ်ကဖောက်လုပ်ခဲ့သော လှိုဏ်ခေါင်းနှစ်ခုမှာ လည်း နှစ်ကာလကြာ လာပြီဖြစ်သဖြင့် အကြိမ်ကြိမ် ပြင်ဆင်ခဲ့ရပြီး ဖြစ်သော်လည်း တစ်နှစ်ထက်တစ်နှစ် တောင်ခေါင်းများ နိမ့်ကျလာနေသဖြင့် ရှောင် ကွင်းလမ်းအားဖောက်လုပ်နေခြင်းဖြစ်ကြေ
ဓာတ်ပုံ - ဓါတ်ပုံ- မေယုတောင်ပေါ် လှိုဏ်ခေါင်းရှည် ရှောင်ကွင်းလမ်းအားမြေတူးစက်များဖြင့် ဖောက်လုပ်နေစဉ်
Eleven Media Group
No comments:
Post a Comment