ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Saturday, March 2, 2013

လှိုင်သာယာ အောင်ဇေယျတံတားအဆင်း၃ ထိပ်၊ ၁/၁၀-၁၁-၁၂ ရပ် ကွက် အတွင်းသို့ လူရမ်းကား အုပ်စု ၏လုပ်ရပ်




မနေ့က ၂၈.၂.၂၀၁၃ ည ၁၂ နာရီ ၀န်းကျင်တွင် လှိုင်သာယာ အောင်ဇေယျတံတားအဆင်း၃ ထိပ်၊  ၁/၁၀-၁၁-၁၂ ရပ် ကွက် အတွင်းသို့ လူရမ်းကား အုပ်စု တစ်အုပ်စု ၀င်ရောက်လာခဲ့ပြီး၂၀၁၂ ခုနှစ် ၉ လပိုင်းအတွင်းက ချိတ်ပိတ် ခံထားရသော လူနေရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်းဖွင့်လှစ်ထားသော မွတ်စ်လင်မ် ကလေးသူငယ်စာသင်ကြောင်း၏ တံခါးအား ရိုက်ချိုးပြီးအိမ်အတွင်းရှိ ထိုင်ခုံ များနှင့် ပစ္စည်း အချို့အား ရိုက်ချိုး ဖျက်ဆီးခဲ့သည်ဟု သိရှိရသည်။

ထိုသို့ ဖျက်ဆီးနေစဉ်အတွင်း ရပ်ကွက်အတွင်းနေ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ ရောက်ရှိလာပြီးလူရမ်းကား အုပ်စု အား ယခုကဲ့သို့ မင်းမဲ့ ဖျက်ဆီးမှုများနဲ့ ပတ်သက်ပြီး တားဆီးမှုများ ပြုလုပ်ခဲ့ပြီးစာသင်ကျောင်း ဖွင့်ထားသော အိမ်မှ မိသားစုအား ကာကွယ်မှုများ ပြုလုပ်ပေးခဲ့သည်ဟုသိရှိရသည်။

ထို့နောက် နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့ဖူးသော သံဃာတစ်ပါး ရောက်ရှိလာပြီး အဆိုပါဖြစ်ရပ်အား ထပ်မံ တားဆီး ခဲ့ပြီး မိသားစုဝင်များအား ကာကွယ်မှု ပေးခဲ့သည်ဟု သိရှိရသည်။

ယခုအချိန် ၂-၃-၂၀၁၂ ည ၁၂း၁၅ မိနစ်အချိန်တွင် အခြေအနေ အားလုံး တည်တည်ငြိမ်ငြိမ်ရှိသည်ဟု သိရပြီး လုံခြုံရေး များ ပုံမှန်ကင်းလှည့်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်အတွင်းရောက်ရှိနေသူ တစ်ဦးက ပြောကြား ပါသည်။

No comments:

Post a Comment