ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Wednesday, February 6, 2013

နိုင်ငံတကာ လုံခြုံရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် ပြန်လည် သုံးသပ်ရန် အမေရိကန် လက်နက် ထိန်းချုပ်ရေး ထိပ်တန်း အရာရှိ မော်စကိုသို့ သွားရောက်မည်




အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်နက် ထိန်းချုပ်ရေး ထိပ်တန်း အရာရှိ ရို့စ်ဂေါ့တီ မိုလာ သည် နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံမှ လက်နက် ထိန်းချုပ် ရေး တာဝန်ခံ အရာရှိနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားရန် လာမည့် သီတင်းပတ် အတွင်း   မော်စကိုသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။
နိုင်ငံတကာ လုံခြုံရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် ၃ ရက်ကြာ ပြန်လည် သုံးသပ်ရေး အစည်း အဝေးကို ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် စတင်   ပြုလုပ် သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ ပါသည်။ ၂ဝ၁၃ ခုနှစ် ဇွန်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် ရုရှား- အမေရိကန် နှစ်နိုင်ငံ သဘောတူညီ ချက်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ စလုံးမှ ပြန်လည် သုံးသပ်မှု ပြုလုပ်လိုသည့် အတွက် အဆိုပါ အစည်း အဝေး ပြုလုပ်ရခြင်း ဖြစ်ပါသည်။ အမေရိကန် နိုင်ငံသည် အဆိုပါ လက်နက် ထိန်းချုပ်ရေး သဘောတူ ညီ ချက်နှင့် ပတ်သက်၍ ၁၉၉၉ -၂ဝဝ၆ ကာလတွင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment