6.2.2013
နေပြည်တော် ။ ။ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အမျိုးသား
အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ဒုတိ ယ အကြိမ် အဖြစ် ဖေဖော်ဝါရီလ (၂၅) ရက်နှင့်
(၂၆) ရက်နေ့များတွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ ထုတ် အစိုး ရ
သတင်းစာများတွင် ရေးသားဖော်ပြထားသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်၍ နယ်စပ်ဒေသ ရေးရာဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကုလသမဂ္ဂ
အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး - ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး
အစီအစဉ် ဌာနေ ကိုယ်စားလှယ် Mr Ashok Nigam ဦးဆောင်သော ကိုယ်စားလှယ်
အဖွဲ့တို့ နယ်စပ်ဒေသ ရေးရာ ၀န်ကြီးရုံး၌ တွေ့ဆုံ၍ အကျယ်တ၀န့်
ဆွေးနွေးခဲ့ကြသည်။
ယခု ကျင်းပမည့် အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု
အစိုးရ၀န်ကြီးဌာနများ၊ ရခိုင် ပြည်နယ် အစိုးရ၊ ပြည်တွင်းပြည်ပမှ
ပညာရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များ၊ နိုင်ငံတကာ အစိုးရ အဖွဲ့ အစည်းများ၊
နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ဘာသာရေး
အဖွဲ့ အစည်း များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ရန် စီစဉ်ထားသည်ဟု
အဆိုပါ သတင်း တွင်ရေး သားဖော်ပြထား သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်
လုံခြုံရေး ကဏ္ဍတွင်နိုင်ငံ သား ဖြစ်မှုနှင့် စစ်တမ်း ကောက်ယူခြင်း၊
လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာများ၊ ကယ်ဆယ်ရေးနှင့်ပြန် လည် နေ
ရာချထားရေး၊ ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် နေအိမ်၊ကျန်းမာရေးနှင့်
သန့်ရှင်းရေး၊ အစား အစာနှင့် သန့် ရှင်းသော သောက်သုံးရေ လုံလောက်ရေး၊
လူနေမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ဆိုင် ရာ များ၊ ပြန် လည်
စေ့စပ်ညှိနှိုင်းရေး တို့ကို ထည့်သွင်းဆွေးနွေး မည်ဟု ရေးသားဖော်ပြ ထား
သည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများပြီး သည့်နောက်တွင်
နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအ ဖွဲ့ အစည်းများ ကိုယ်တိုင်ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှူ စစ်ဆေး ခဲ့သော်လည်း၊ ယနေ့အချိန်
ထိပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိဘဲ၊ စားဝတ်နေရေး၊
ကျန်းမာရေးချို့တဲ့မှုတို့နှင့် ရင်ဆိုင်နေ ရသည်။ လူမျိုးနှစ်
မျိုးရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲလာခဲ့ပြီး၊ ယခုမှ အတူယှဉ်တွဲ
မနေနိုင်ဟြု ဖစ်ပေါ်လာရခြင်း မှာလည်း မသမာသူ အချို့နှင့် အစိုးရတို့
ပူးပေါင်း၍ ကြိုတင်ကြံ စည်ခြင်း သာဖြစ်သည်။ လူမျိုးရေး ၊ဘာသာ ရေးကို
ပေါ်ပေါ်တင်တင်စော်ကားနေ သည်ကို အစိုးရ ကိုယ်တိုင် သိနေသော်လည်း အရေး ယူခြင်း
တစ်စုံ တစ်ရာ မပြုလုပ်ခြင်းကို ထောက်ရှုခြင်း အားဖြင့် အဆိုပါမသမာသူ
များကိုအစိုးရ ကိုယ်တိုင် ဥပဒေ အထက် တွင်ထားနေခြင်းကြောင့်ဖြစ်ပါသည်။
No comments:
Post a Comment