ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Wednesday, February 6, 2013

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိ

၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို   နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သောပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “နိုင်ငံသားများ၏ တရားဝင် ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ထိခိုက် နစ် နာနေသော ပြည်သူများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစား ပြုခဲ့သူများအား အရေး ယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သား မှုရှိပြီး ပြည်သူလူထုအား အကာ အကွယ် ပေးမည့် အထူးဥပဒေ  တရပ် ပြဋ္ဌာန်းပေးပါရန် တိုက် တွန်းကြောင်း” အဆို တင်သွင်းမှု အပေါ် ဦးထွန်းထွန်းဦးက အထက်ပါ အတိုင်း တုံ့ပြန် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ အရ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေ ရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ဖော်ပြထားပြီးပြဋ္ဌာန်းရန် ကြိုးစားမှုများသည် ယင်းဥပဒေပါ   ပြဋ္ဌာန်းချက် ကို ဆန့်ကျင်ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။

“အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ် အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ တရပ်ပြဋ္ဌာန်းမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင် မှာဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ အာဏာအလွဲသုံးစား ခဲ့သူများကိုနောက်ကြောင်းပြန် အရေး ယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်ကိစ္စ မပြောဆိုသင့်တော့ဘဲ နိုင်ငံသားများ၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း စောင့်ရှောက်နိုင်ရေးသည် အရေးကြီးကြောင်းပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကမူ ဦးသိန်းညွှန့်၏ အဆိုသည် ရှင်းလင်းမှု မရှိဘဲ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော ပြစ်မှုများ အလိုက် ပြန် လည်အရေး ယူနိုင်မည့် ဥပဒေ   ပြဋ္ဌာန်း သကဲ့သို့ ဖြစ်နေသည့်အတွက် ရှု့ပ်ထွေးမှုများ ရှိစေသည်ဟု ပြောသည်။

“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလို့ လွှတ်တော်ကို ၀င်ကတည်းက အရင် စစ် အစိုး ရ ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့ မရဘူးဆိုတာ အားလုံး နားလည်ထားတာပဲ။ တရားဝင် လည်း ပြဋ္ဌာန်းချက် ရှိထားပြီးသားပဲ။ အခုကတော့ ရှေ့နေချုပ်ကိုယ်တိုင်က ဒါကို ပေါ်ပေါ်တင်တင် ထပြော လာတာဆိုတော့ပိုပြီး ထင်သာမြင်သာရှိလာတယ်” ဟု ၎င်းက ဆိုသည်။

Credit to : ဧရာဝတီ..

No comments:

Post a Comment