ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Wednesday, March 6, 2013

ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာ့လူ့အဖွဲ့အစည်း အပိုင်း (၈-ခ)

by Ye Yint Thitsar on Saturday, March 2, 2013 
 
 
ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာ့လူ့အဖွဲ့အစည်း အပိုင်း (၈-ခ)

၅။ ရုမ်ပါသျှားသံအမတ်သုံးဦးရဲ့ အစ္စလာမ်သာသနာပြုမှုကြောင့် ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်များ
ထဲကအစ္စလာမ်ဘာသာ ကူးပြောင်းသွားတဲ့ လူဦးရေအမြောက်အမြား ရှိနိုင်/မရှိနိုင်။

၆။မြောက်ဦးခေတ် ဘင်္ဂလီကျွန်များအကြောင်း

ရုမ်ပါသျှားသံအမတ်သုံးဦး ရခိုင်မြောက်ဦး ကို လာရောက်ပြီး သာသနာပြုတဲ့ အကြောင်းအရာကို ကျွန်တော်   က ရခိုင်လူမျိုးပညာရှင်တွေ ရေးသားတဲ့ ရခိုင်ရာဇဝင် နဲ့ စာအုပ်တို့ထဲက အထောက် အထားပေး ခဲ့တာပါ။ ကျွန်တော့် ဘက် က ကွန့်ပြီးတီထွင်ရေးသားခဲ့တာ လုံးဝမရှိပါ။
သာသနာပြုမှုကြောင့် ရခိုင်လူမျိုး အများအပြား အစ္စလာမ် ဘာသာ ထဲဝင်ရောက်ခြင်း ရှိခဲ့တယ်လို့ ကျွန်တော်မရေးသားခဲ့ပါ။ ကျွန်တော်ရေးသားခဲ့သမျှ ဟာ ရခိုင်လူမျိုးပညာရှင် တွေ (ဆရာဦးလှထွန်းဖြူ၊ ဆရာထွန်းရွှေခိုင် စသည်) ရေးသားထားတာ ကို တစ်ဆင့်ပြန်လည် ဖောက်သည် ချပေးခဲ့ခြင်း သာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ရခိုင်ရာဇဝင် တွေ ကို ပါးစပ်ရာဇဝင် တွေအဖြစ် သတ် မှတ်ခံယူထား တဲ့ ကိုမြတ်သိန်းထွန်း အတွက် ဆရာဦးလှထွန်းဖြူ၊ဆရာထွန်းရွှေခိုင်တို့ ရဲ့ သမိုင်း အရေး အသား တင်ပြချက်တွေ ဟာ ဘယ်လိုမှ တန်ဖိုးရှိမှာမဟုတ်ကြောင်း

Saturday, March 2, 2013

ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာ့လူ့အဖွဲ့အစည်း အပိုင်း (၉-ခ)



သမိုင်းကို လေ့လာရာမှာ ရာဇဝင်ကျမ်းတွေ၊ နောက်ပိုင်း သမိုင်းပညာရှင်တွေ ပြုစုတဲ့ သမိုင်း
ကျမ်းတွေ လောက်ကိုပဲ ကိုးကားလို့မရပါဘူး။ အမိန့်တော်ပြန်တမ်းတွေ၊ စစ်တမ်းတွေ၊
ကျောက်စာတွေ၊ အဆောက်အအုံလက်ရာတွေ၊ သက်ရှိလူတွေ အားလုံးကို လေ့လာပြီး မှ
တစ်စုံတစ်ရာ ကောက်ချက်ကို ချရပါတယ်။ ဗိုလ်မှူး ဘရှင် ရဲ့ မြန်မာနိုင်ငံတော် သမိုင်း စာအုပ်
ဟာ အခြေခံအဆင့်ကျောင်းသားတွေ အတွက်ဘဲ ရည်ရွယ်ကြောင်း၊ အဲဒီစာအုပ်လေး တစ်
အုပ် က မြန်မာ့သမိုင်းအကျဉ်းမျှသာ ဖော်ပြတဲ့ စာအုပ်ဖြစ်ကြောင်း စာအုပ်ပြုစုသူ ဗိုလ်မှူး
ဘရှင် ကိုယ်တိုင် က စာမျက်နှာ (၃) နဲ့ (၄) မှာရေးသားထားပါတယ်။ ဆရာကြီး ဦးဘသန်း
ရဲ့ကျောင်းသုံးမြန်မာရာဇဝင် စာအုပ်ဟာလည်း အထက်တန်းအဆင့်ကျောင်းသားတွေ အတွက်
ရည်ရွယ်ပြုစုထားတာ ဖြစ်ကြောင်း ဆရာကြီးကိုယ်တိုင် က စာအုပ် နိဒါန်း စာမျက်နှာ (၂) မှာ
ရေးသားထားပါတယ်။ ဆရာကြီးဒေါက်တာထင်အောင် ရဲ့ A History of Burma စာအုပ်မှာတော့
စနေမင်း အကြောင်းက တစ်ကြောင်းဘဲပါပါတယ်။ အဲဒါကြောင့် စနေမင်းလက်ထက်သမိုင်း

Wednesday, February 6, 2013

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ


ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Credit - မသိပါ


ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင် ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ် ထိန်းနိုင် စွမ်း အားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိ

၂၀၀၈-ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများ ကို   နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သောပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “နိုင်ငံသားများ၏ တရားဝင် ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ထိခိုက် နစ် နာနေသော ပြည်သူများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစား ပြုခဲ့သူများအား အရေး ယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သား မှုရှိပြီး ပြည်သူလူထုအား အကာ အကွယ် ပေးမည့် အထူးဥပဒေ  တရပ် ပြဋ္ဌာန်းပေးပါရန် တိုက် တွန်းကြောင်း” အဆို တင်သွင်းမှု အပေါ် ဦးထွန်းထွန်းဦးက အထက်ပါ အတိုင်း တုံ့ပြန် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ အရ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေ ရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ဖော်ပြထားပြီးပြဋ္ဌာန်းရန် ကြိုးစားမှုများသည် ယင်းဥပဒေပါ   ပြဋ္ဌာန်းချက် ကို ဆန့်ကျင်ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။

“အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ် အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ တရပ်ပြဋ္ဌာန်းမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင် မှာဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ အာဏာအလွဲသုံးစား ခဲ့သူများကိုနောက်ကြောင်းပြန် အရေး ယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်ကိစ္စ မပြောဆိုသင့်တော့ဘဲ နိုင်ငံသားများ၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း စောင့်ရှောက်နိုင်ရေးသည် အရေးကြီးကြောင်းပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကမူ ဦးသိန်းညွှန့်၏ အဆိုသည် ရှင်းလင်းမှု မရှိဘဲ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော ပြစ်မှုများ အလိုက် ပြန် လည်အရေး ယူနိုင်မည့် ဥပဒေ   ပြဋ္ဌာန်း သကဲ့သို့ ဖြစ်နေသည့်အတွက် ရှု့ပ်ထွေးမှုများ ရှိစေသည်ဟု ပြောသည်။

“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလို့ လွှတ်တော်ကို ၀င်ကတည်းက အရင် စစ် အစိုး ရ ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့ မရဘူးဆိုတာ အားလုံး နားလည်ထားတာပဲ။ တရားဝင် လည်း ပြဋ္ဌာန်းချက် ရှိထားပြီးသားပဲ။ အခုကတော့ ရှေ့နေချုပ်ကိုယ်တိုင်က ဒါကို ပေါ်ပေါ်တင်တင် ထပြော လာတာဆိုတော့ပိုပြီး ထင်သာမြင်သာရှိလာတယ်” ဟု ၎င်းက ဆိုသည်။

Credit to : ဧရာဝတီ..

ရိုဟင်ဂျာများရဲ့မူရင်းဌာနေကိုစွန့်ခွာဖို့အစိုးရကိုယ်တိုင်စနစ်တကျစီမံပေးနေပြီ


ရိုဟင်ဂျာများစီးနင်းလာသောစက်လှေနှစ်စီး ထိုင်းနိုင်ငံဖူးကတ်မြို့သို့ရောက်ရှိလာစဉ် (ဓါတ်ပုံ - YATEEM TV)
မောင်မောင် 
RB News 
7.2.2013 
ရိုဟင်ဂျာ တွေကို ဒေသခံ တိုင်းရင်းသား အဖြစ် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အုပ်ချုပ်ခဲ့ တဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ အသိအမှတ်ပြုခဲ့တယ်။ အခြားသော တိုင်းရင်းသားများ နဲ့ တန်းတူ အခွင့်အရေးပေးခဲ့လို့ ရိုဟင်ဂျာများဟာ အစိုးရနယ်ပယ် အသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း နဲ့ တိုင်းပြည်ရဲ့ အကျိုးကို အများနည်းတူ သယ်ပိုးနိုင်ခဲ့တယ်။ 
ကမ္ဘာမှာ စစ်အာဏာရှင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၆၂ ခုနှစ်မှာအာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် မြန်မာ့အသံက ရိုဟင်ဂျာ တိုင်းရင်းသား အသံကို ၁၉၆၅ ခုနှစ် မှာ စတင်ပိတ်ပင် ခဲ့တယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက်ကို ချမှတ်ပြီး ဒေသခံ ရိုဟင်ဂျာတွေ ကို မိမိတို့ရဲ့ မူရင်းဌာနေက နေမောင်းထုတ်ဖို့ကြိုးစား ခဲ့တယ်။ မတရားကြံစည်ပြီး ကြိုးစားခဲ့တာမို့ အာဏာ ရှင်ကြီးရဲ့ စီမံကိန်းက မျှော်လင့်သလြို ဖစ်မလာခဲ့ဘူး။ အဲဒီနောက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုပြဌာန်း ပြီး ရိုဟင်ဂျာတွေ ကိုနိုင်ငံမဲ့ ဘ၀ရောက်အောင် တွန်းပို့ခဲ့တယ်။ 
ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်မှာ တောင် ရိုဟင်ဂျာ အမတ်   တွေရွေး ချယ်ခံခဲ့ ရတယ်။ ၁၉၈၂ ခုနှစ်နောက်ပိုင်း မှာ တော့မဲပေးပိုင် ခွင့်၊ ရွေးချယ်ခံ ပိုင်ခွင့်တွေပါ ဆုံးရှူံးခဲ့ရတယ်။ ၁၉၈၈ ခုနှစ် န၀တ အစိုးရတက်လာပြီး တဲ့နောက်မဲပေးပိုင်ခွင့်နဲ့ရွေးချယ်ခံ ပိုင် ခွင့်တွေပြန် ရခဲ့ တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းချမှတ်ခဲ့တဲ့မူကို ၁၉၉၀ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဆက်လက် အကောင်အ ထည်ဖော်ခဲ့ပြန်တယ်။ ရခိုင်ပြည်နယ်ေ မြောက်ပိုင်းမှာ နစက တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရိုဟင်ဂျာ တွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်တဲ့ စီမံကိန်းကြီး ကို နှစ်ရှည်စီမံကိန်းနဲ့ အကောင် အထည်ဖော်လာခဲ့ တယ်။ 
အခုမြန်မာနိုင်ငံမှာပြည်သူလူထုကိုကိုယ်စားပြုပါတယ်ဆိုတဲ့ ဒီမိုကရေစီအစိုးရအုပ်ချုပ်နေပါပြီ။ ဒါပေ မယ့် အစိုးရရဲ့အကျပ် အတည်းတွေဖြေရှင်းဖို့ ရိုဟင်ဂျာ လူမျိုးတွေကဓါးစာခံဖြစ်လာခဲ့တယ်။ နှစ်ပေါင်း များစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေက ရန်သူတွေ သဖွယ်ဖြစ်နေရပြီ။ ဒါတွေ ဘာ  ကြောင့်ဖြစ် ရ သလဲဆိုရင် ရခိုင်အစွန်းရောက် တချို့နဲ့အစိုးရတို့ရဲ့ ပူးပေါင်းကြံစည်မှု  ကြောင့်ပါ။ 
အစိုးရနဲ့ ရခိုင် အစွန်းရောက်တွေ ပူးပေါင်းပြီး လက်ဝါးရိုက်ထားတဲ့ စီမံကိန်းကို မျက်ဝါး ထင်ထင်မြင်နေရပါ ပြီ။ရာစုနှစ်များစွာနေထိုင်လာတဲ့ရိုဟင်ဂျာတွေကိုနည်းလမ်းပေါင်းစုံနဲညှင်းပန်းနှိပ်စက်ပြီး နိုင်ငံတွင်းက မောင်း ထုတ်ပြီးတော့၊ ရိုဟင်ဂျာတွေရဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ၀င်တွေအစားထိုး ဖို့အခု လိုလုပ်နေတာဆိုတာကို လွန်ခဲ့တဲ့ရက်ပိုင်းမှာ အစိုးရက ဘင်္ဂါလီဗုဒ္ဓဘာသာဝင်တွေကိုခိုလှုံ ခွင့်ပေးလိုက်ပြီး၊ လာပြီး ခိုလှုံခွင့်တောင်းမယ့် သူတိုင်းကိုလယ် ၂ ဧကနဲ့နေ အိမ်စီစဉ်ပေးမယ်လို့ပေါ်ပေါ် တင်တင်ပြောတာ ကိုကြည့်မယ်ဆိုရင် ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေကို နေရာတိုင်းမှာတန်းတူ ရည် တူ  အခွင့် အရေးပေး ထားတာမို့ မြန်မာနိုင်ငံလို ဘာသာခြားတွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်း မရှိ ဘူး ဆိုတာ ကမ္ဘာကသိပါတယ်။ တစ်စုံတစ်ရာ ညှင်းပန်းနှိပ်စက် ခံရမှုမရှိဘဲ တခြားနိုင်ငံမှာ ခိုလှုံ ခွင့်   တောင်းမယ်ဆိုရင် ဘယ်နိုင်ငံကမှလက်မခံပါဘူး။ မြန်မာနိုင်ငံက ဘာလို့ အသာတကြည် လက်ခံလိုက် တာ လား? အဲဒါအပြင် နောက်ထပ်လာမယ် ဆိုရင်လာနိုင်တဲ့ အကြောင်းကို ဘာလို့ ထုတ်ဖော်ပြောရတာ လဲ? သေချာ စဉ်းစားကြည့် ရင်အဖြေကရှင်းနေပါပြီ။ 
အခုဆိုရင် ရိုဟင်ဂျာတွေဟာ ပင်လယ် ခရီးကြမ်းကိုနှင်ပြီး ထိုင်းနိုင်ငံ (သို့မဟုတ်) မလေးရှား ကိုရောက် အောင် သွားနေရပြီ။ နိုင်ငံတွင်းမှာ နေလို့ မရအောင် နည်းပေါင်းစုံနဲ့ လုပ်နေတော့ တရွာ မပြောင်း သူ ကောင်းမဖြစ် ဆိုသလို ကမ်းမမြင်လှမ်းမမြင်ရတဲ့ ပင်လယ်ပြင်မှာ တနေ့တော့ ကမ်းမြင် ရမှာပါ ဆိုတဲ့မျှော် လင့်ချက်နဲ့ အသက်ကြီးအို၊ ကလေးပါမ ကျန် နေရာကောင်းလေး ရလေ မလား ဆိုပြီး မွေးဌာနေကို စွန့် ခွာပြီး သွားနေရပြီ။ အဲဒီလို သွားဖို့ဘယ်သူတွေက စီစဉ်ပေး သလဲ? ရိုဟင်ဂျာတွေဟာ မိမိတို့ရွာ ကနေ ရွာ ပြင်ထွက်ဖို့တောင် မလွယ်တဲ့ အခြေအနေမှာ  နေနေရတယ်။ အဲဒီတော့ သွားဖို့လိုတဲ့ စက်လှေတွေ ကို အာဏာပိုင်တွေဖြစ်တဲ့ နစကတွေက စီစဉ်ပေးတယ်။ တနည်းအားဖြင့် ထိုင်းနိုင်ငံ ရဲ့လူ ကုန်ကူး မှုတွေမှာ ထိုင်းစစ်တပ် ကအရာရှိ တချို့ ပါဝင်နေ သလို၊ မြန်မာနိုင်ငံဘက် ကလည်း နစကတွေ၊ ရပ်ရွာအုပ်ချုပ်ရေး တွေ ကအဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ 
RB News ကဒေသခံ ရိုဟင်ဂျာတွေကို ဆက်သွယ်ေ မးမြန်းခဲ့ ပါတယ်။ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ ရိုဟင် ဂျာရွာသားတွေကို မင်းဘူးရခိုင်ရွာက ရခိုင် အစွန်းရောက်တွေက “မင်းတို့အတွက် ဒီမှာနေရာ မရှိဘူး၊ မင်းတို့ အားလုံးကို တတိယနိုင်ငံ ပို့ပစ်မယ်” လို့အမြဲအော် ဟစ်ပြောတယ် လို့ဆိုပါတယ်။ 
မြောက်ဦးမြို့နယ်မှာ ရှိတဲ့မြောင်ဘွယ် တိုက်နယ် ဆေးရုံကို ရခိုင်မျိုးချစ်ကွန်ယက် က ဒေါ်ခင်မာ ချိုခေါင်း ဆောင် တဲ့ အဖွဲ့လာပြီး မွတ်စလင်တွေကို ဆေးမကုပေး ဖို့ပြောသွားတယ်လို့ ဒေသခံ တစ်ယောက် က RB News ကိုပြောပါတယ်။ အဲဒါအပြင် မြောက်ဦးမြို့နယ်က ပေါင်းတုတ်ရိုဟင်ဂျာရွာကို အဲဒီရခိုင်မျိုး ချစ် ကွန်ယက်က အခုလာ မယ့် ဖေဖော်ဝါရီ လ(၈)ရက်နေ့မှာ မီးရှို့ပစ်မယ်လို့ခြိမ်းခြောက် သွားတယ်လို့ အဲဒီဒေသခံကဆိုပါတယ်။ 
မင်းပြားမြို့နယ် သရက်အုပ် ရိုဟင်ဂျာရွာက ဒေသခံ တစ်ယောက်ကတော့ “ကျွန်တော်တို့ ရွာနားမှာ ပန်းမြှောင် ဆိုတဲ့ ရခိုင်ရွာရှိတယ်။ အဲဒီရွာမှာနေ့ တိုင်း ညတိုင်း တူမီးသေနတ်တွေ ပစ်ဖောက်နေ တယ်။ ကျွန် တော်တို့ ကို တိုက်မယ်ဆိုတာ သိအောင် အချက်ပေးတဲ့ သဘောပါ” လို့ RB News ကိုပြောပါတယ်။ 
ဒီလိုလုပ်နေတာကို အစိုးရ အာဏာပိုင်တွေက မသိတာလား? အားလုံးသိပါတယ်။ အစိုးရ ကိုယ်တိုင်က အဲဒီလို လုပ်နေတာကို ဥပက္ခာပြုထားတာက အဲဒီအစွန်းရောက်တွေနဲ့ အစိုးရနဲ့ လက်ဝါးချင်းရိုက် ထားလို့ ပါ။ 
စစ်တွေမြို့၊ အုန်းတောလေး ကျေးရွာက ရိုဟင်ဂျာ တစ်ယောက် မနေ့ကဒီလိုပြောပါတယ်။ “ဒီနေ့တရက် ထဲစက်လှေ ၄ စီးထွက်တယ်။ စက်လှေ အားလုံးကို နစကက စီစဉ်တာပါ။ လူစုတာလည်း နစကက သူ့ဆိုင်ရာ လူတွေနဲ့စုတာပါ။ ဒီနေ့ထွက်တဲ့ ၄ စီးမှာလူ ၅၀၀ လောက်ပါတယ်။ မလေးရှားကို ဦးတည် သွားမယ် လို့သိရတယ်။ နစက ကိုယ်တိုင်က လူစု၊ စက်လှေရှာ၊ ပိုက်ဆံယူပြီးပို့ပေးနေတာပါ။ သူတို့ဝင် ငွေလည်း ရတယ်။ ကျွန်တော်တို့ကို လည်း မောင်းထုတ်ပြီး သားဖြစ်သွား တယ်။ တစ်ချက် ခုတ်နှစ် ချက် ပြတ်ပေါ့ဗျာ”

Monday, February 4, 2013

အချုပ်အခြာကို ကာကွယ်ပါ

အချုပ်အခြာကို ကာကွယ်ပါ

ဌေးလွင်ဦး
RB News
4.2.2013
လက်ရှိ မြန်မာအစိုးရဟာ- ၂၁ ရာစု ဒီမိုကရေစီ ပြည်ထောင်စု ဆိုတာကို ထူထောင်ဘို့ အသံကောင်း ဟစ်နေ ပေမယ့်-၊ ရခိုင်နယ်ထဲမှာ ဘင်္ဂလီ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မော့ဂ် (ရခိုင်)နဲ့ ချာ့က်မာ (မာရ်မာကီး) လူမျိုး တွေကို တရားဝင် ကမ္ဘာသိ ကြေငြာ သွပ်သင်းနေပြီး- ရခိုင်နယ်ထဲက မူလဘူတ လူမျိုး ရိုဟင်ဂျာများကိုတော့ ကျူးကျော်သူ ဘင်္ဂလီများ ဖြစ်တယ်လို့ စွပ်စွဲကာ နည်းမျိုးစုံနဲ့ မောင်းထုတ်နေဆဲပါ။ 
ကမ္ဘာ့မျက်လုံးအောက်၊ မီဒီယာများအောက်ကို ရောက်နေပြီ ဖြစ်တဲ့ အခုခေတ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဇန်န၀ါရီ လထဲ မှာတောင်-၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ရင် ဘင်္ဂလီဖြစ်စေ၊ သီရိလင်္ကာဖြစ်၊ တရုတ်ဖြစ်စေ၊ အိန္ဒိယ ဖြစ်စေ မြန်မာ နိုင်ငံရဲ့ အမွေခံစားထိုက်သူ အဖြစ် စိတ်နှလုံးမှာ ကပ်ငြိနေပြီး-၊ မြန်မာနိုင်ငံဆိုတဲ့ ဧရိယာထဲမှာ နှစ်ပေါင်း ထောင် ချီ နေထိုင်ခဲ့တဲ့ မူလဘူတ လူမျိုးများကိုတော့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာ တစ်ခုခုကို ကိုးကွယ်ယုံ ကြည်လိုက်တာနဲ့- အဲ့ဒီလူ၊ လူမျိုးနွယ်ဟာ သူ့မြေသူ့ရေ ဖြစ်တဲ့ ဇာတိမြန်မာနိုင်ငံထဲမှာ အမွေလက်လွတ် ဆုံးရှုံး ရတဲ့အပြင် တိုင်းပြည်ကပါ မောင်းထုတ်ခံရတဲ့ အဆင့်၊ တိုင်းပြည်တွင်းမှာ နေထိုင်လျှက် အစာဖြတ်၊ ရေဖြတ် ငရဲစခန်းထဲမှာ ထည့်သွင်းခံထားရတဲ့ အဆင့် မျိုး ဖြစ်နေပါတော့တယ်။ 
ကျွန်တော်ဟာ ရခိုင်မြေက ဇာတိပါ။ ရခိုင်ပြည်မွေး- ရခိုင်လူမျိုးလို့ ခေါ်ဆိုနေတဲ့ ဗမာမျိုးနွယ် တစ်ဦးပါ။ ရခိုင်က မူလအခြေချနေခဲ့တဲ့ ဒေသခံ ရခိုင် (ဗမာ)လူမျိုးတွေဟာ အနောက်သား (ဘင်္ဂလားပြည်က ဗုဒ္ဓဘာသာများ)ကို သမိုင်းတစ်လျှောက် ကြည်ဖြူခဲ့ခြင်း မရှိဘူး ဆိုတာကို အသိဆုံးပါ။ အနောက် သားတွေဟာ- ကျွန်တော်တို့ ရခိုင် လို့ခေါ်ခံနေရတဲ့ ဗမာ လူမျိုးများနဲ့ လူမျိုးနွယ် နီးစပ်ကောင်း နီးစပ် ပါမယ်-၊ ဒါပေမယ့် သူတို့ဟာ ဘင်္ဂလီစိတ်ဓါတ် အပြည့်အ၀ ရှိနေပြီး- ရခိုင်ဗုဒ္ဓဘာသာများ အပေါ် လိမ်ညာကောက်ကျစ်မှု၊ အာဏာပိုင်များနဲ့ ပေါင်းပြီး အနိုင် ယူ ဗိုလ်ကျမှုများကို ဦးနေ၀င်းလက်အောက် အုပ်ချုပ်မှု တစ်လျှောက်လုံးနဲ့ စစ်အစိုးရလက်ထက် တစ်လျှောက် လုံးမှာ ကျင့်သုံးခဲ့ပါတယ်။ ရခိုင်နယ်က ရိုဟင်ဂျာ လူမျိုးများသာ သူတို့ရဲ့ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရခြင်း မဟုတ်ဘဲ- ကျွန်တော်တို့ ရခိုင်ချင်းလည်း သူတို့ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်၊ ခံနေရပါတယ်။ (ဒါတွေ ဟာ လူမျိုးရေး အမုန်းပေါ် မူတည်ပြီး ပြောဆိုခြင်း မဟုတ်ပါ၊ သမိုင်းဆိုတာ လိမ်ညာလို့ပါ၊ ဘယ်ခေတ်မှာ ဘယ် အာဏာ ပိုင်တွေက ဘယ်လို မူကို ကျင့်သုံးခဲ့တယ်၊ ဘယ်လို လူမျိုးတွေက ခံစားခဲ့ရတယ် ဆိုတာ တစ်ချိန်မှာ အမှန် အတိုင်း ပေါ်လာ ပါလိမ့်မယ်။) 
ဒီခေတ်ဒီကာလမှာတောင် ဘင်္ဂလီမော့ဂ် တွေကို အစုလိုက်အပြုံလိုက် သွင်းပြီး ရခိုင်နယ်ထဲမှာ နေရာချနေ တယ်၊ ရခိုင်နယ်ထဲက အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို ပြည်ပကို မောင်းထုတ်နေတယ်ဆိုရင်- အခု လို ကမ္ဘာက စောင့်မကြည့်နိုင်မှီ၊ မီဒီယာများ မပွင့်လင်းမှီကာလက ဒီလိုစီမံချက်မျိုး ဘယ်လောက်ထိ လုပ်ခဲ့ပြီလဲ- ပညာတတ်သူတိုင်း သိနေနိုင်ပါတယ်။ ရခိုင်နယ်မှာ မိဘလုက်ငုတ်နေထိုင်တဲ့ ရခိုင်ဗုဒ္ဓ ဘာသာများဟာ ကိုယ့် အိုးနဲ့ ကိုယ့်အိမ်နဲ့၊ ကိုယ့်ယာနဲ့ ကိုယ့်ချောင်းနဲ့- ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာ သည်ဖြစ်စေ အနေတကျ လုပ်ကိုင် စားသောက်နေသူများ ဖြစ်ပါတယ်။ ဘာသာမတူတဲ့ အကြောင်းပြ ချက်နဲ့ အတူနေထိုင်ခဲ့တဲ့ လူများရဲ့ အိမ်များ ယာများကို လုယက်ယူစရာ မလိုပါ၊ အဲ့သလို အလုပ်ကိုလည်း မလုပ်ခဲ့ပါ။ တစ်ယောက်တစ်ယောက် မျက်နှာသိ တွေ ဖြစ်ပြီး မျက်နှာပျက်ရမယ့် အလုပ်ကိုလည်း မလုပ်ဆောင်ပါ။ အိုးမဲ့ အိမ်မဲ့ လယ်မဲ့ယာမဲ့များ ကို အစိုးရ ကိုယ်တိုင်က အောက်လမ်း အထက်လမ်း လမ်းပေါင်းစုံနဲ့ သွင်းခဲ့တော့-၊ စက်ရုံအလုပ်ရုံတွေ မရှိတဲ့ ဒေသမှာ အဲ့ ဒီ အိုးမဲ့ အိမ်မဲ့များက သူတစ်ပါးရဲ့ အိုးအိမ်တွေကို အတင်းဝင်လု၊ လယ်ယာတွေကို အတင်းဝင်လုခဲ့ကြပါတော့ တယ်။ နောက်ဆုံးတော့ ကမ္ဘာ အလယ်မှာ တစ်ကယ် မျက်နှာပျက်ရတာက- “ရခိုင်လူမျိုး ဗုဒ္ဓဘာသာ” ဆိုတဲ့ ခေါင်းစီး နဲ့ ဖြစ်ရ ပါတယ်။ ဒါတွေကို ဒေသခံ ရခိုင် လူမျိုးတွေက မတတ်သာလို့ ငုံ့ခံနေရပေမယ့်-၊ ဒီလို အနိုင်ကျင့် ပြုမူခဲ့တဲ့ ရာဇ၀တ်ကောင် များကို ဒေသခံ ရခိုင် လူမျိုးများရဲ့ ရင်ထဲမှာ မှတ်တမ်း ရှိနေတယ် ဆိုတာကိုတော့ သတိ ပြု မိ စေလိုပါတယ်။ 
အမှန်တစ်ကယ် သမိုင်းအရ စစ်တကောင်း ဆိုတာဟာ ရခိုင်ပိုင်နယ် ဖြစ်ပါတယ်။ စစ်တကောင်းဒေ သခံ အား လုံးက ရခိုင်နယ်က လူသားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အတိတ်က သမိုင်းဖြစ်ခဲ့ပါပြီ။ ဒါကို သမိုင်း စာမျက်နှာသစ် ပြန်ရေးလိုရင်- မြန်မာနိုင်ငံ ရခိုင်နယ် ထဲကို စစ်တကောင်းနယ်က ဘယ်သူ ၀င်လာ လာ လက်ခံ ပေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ် စစ်တကောင်း နယ်ကို မြန်မာပြည် ထဲ ပြန် လည် ရအောင် ယူဘို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ယူစဉ်က ကိုယ့်နယ်ကိုယ် ရအောင် ယူလိုက်ရင် ရနိုင်ပါလျှက်-၊ အစ္စလာမ် မုန်းတဲ့ စိတ်နဲ့ အရှေ့ပါကစ္စတန် ထဲ အသာတကြည် ထည့်ပေးခဲ့တယ်-၊ အခုမှ ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေ ပြန်လာခဲ့ပါ၊ ဒီက မွတ် ဆလင်တွေကိုလည်း မောင်းထုတ်ပစ်မယ် ဆိုတဲ့ စီမံချက်ကို ချနေကြတာ-၊ အတော့ကို ပညာမဲ့လွန်းနေပါ တယ်။ 
ဒီစကားတွေဟာ- ဘင်္ဂလားက ခိုလှုံလာတဲ့ လူသားတွေအပေါ်- လူသားချင်း မစာနာ လို့ ပြောခြင်း မဟုတ်ပါ။ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ တည်မြဲမှုနဲ့ ဂုဏ်သိက္ခာ အတွက် ပြော ဆိုခြင်း သာ ဖြစ်ပါ တယ်။ ဘေးဒုက္ခရောက် နေသူတွေ၊ ခိုလှုံစရာမဲ့နေသူတွေကို လူသားချင်းစာနာပြီး ခိုလှုံခွင့်ပေး ရမှာ လူသားနှလုံးသား ရှိသူတိုင်းရဲ့ လူ့ တာဝန် တစ်ရပ် ဖြစ်ပါတယ်။ မိမိမြေမှာ ရှိနေတဲ့ မိမိနိုင်ငံက လူမျိုး ကို မောင်းထုတ်ပြီး သူတစ်ပါးတိုင်းပြည်က နိုင်ငံခြားသားကို အဲ့ဒီမြေမှာ အစားထိုးနေရာချပေးခြင်းက လူသား နှလုံးသား ရှိသူတို့ရဲ့ လုပ်ရပ်ရယ်လို့ သတ် မှတ်လို့ မဖြစ်ပါ။ ခိုလှုံလာသူတွေကို ကိုယ်တိုင်က သူတို့ဟာ “သူတို့ရဲ့ နိုင်ငံထဲမှာ သူတို့ရဲ့ ဘင်္ဂလီ အစိုးရက မောင်းထုတ်ခဲ့လို့ လာခဲ့ရခြင်း မဟုတ်၊ လူမျိုးမတူသူများရဲ့ ရွာကိုသွားရင် ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေကြောင့်သာ ဖြစ်တယ်”လို့ တရားဝင် ထုတ်ပြော ခဲ့ပါတယ်။ အဲ့လို လူနည်းစုကြောင့် ဖိနှိပ်ချုပ်ချယ် ခံရတာ ဆိုရင်- သူတို့ဟာ သက်ဆိုင်ရာ အစိုးရဆီမှာ တိုင်တန်းရမယ်၊ သူတို့ လူနည်းစု အခွင့်အရေးတွေ အကာအကွယ်တွေ အတွက် သူတို့ လှုပ်ရှားရ မယ်၊ ကမ္ဘာက သိအောင် ပြောဆိုရမယ်-။ အခုတော့ အဲ့လို မဟုတ်ဘဲ- လူများက ဖိနှိပ်တယ် ဆိုတာ ဘယ်သူ ကမှ သက်သေမပြနိုင်တဲ့ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဖိနှိပ်တဲ့ အကျင့်ရှိသူ ရွာများကို မသွားဘဲ မိမိအရပ်ဒေသမှာ မိမိ လုပ်ကိုင်စားသောက်နေရင်လည်း ရတာပါပဲ။ 
အကြောင်းပြချက်က မယ်မယ်ရရ မရှိတဲ့ လူတစ်စုကို ဘယ်လိုသဘောနဲ့ လက်ခံပါသလဲ။ အကယ်၍ သူတို့ဟာ ခွဲထွက်ရေး သောင်းကျန်းသူတွေ ဖြစ်နေခဲ့ရင်၊ အကယ်၍ သူတို့ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ရာဇ ၀တ်ကောင်တွေ ဖြစ်နေခဲ့ရင်၊- ဆိုတာတွေကိုကော လက်ခံတဲ့ အာဏာပိုင်များက ထည့်စဉ်းစား ခဲ့ပါသလား။ 
ဘယ်လို ဖြစ်ဖြစ် သူတို့ကို လက်ခံမယ် ဆိုရင် ယာယီ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးရပါမယ်။ ကမ္ဘာ့ဥပဒေနဲ့ အညီ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးရပါမယ်။ ကိုယ့်နိုင်ငံ ဇာတိ မွတ်ဆ လင်များရဲ့ လယ်ယာမြေများကို မတရားသိမ်းပိုက်ပြီး သူတို့ကို လုပ်စားကိုင်စား ပေးတယ် ဆိုတာကော- နိုင်ငံ တစ်နိုင်ငံမှာ ရှိတဲ့ အစိုးရတစ်ရပ်ရဲ့ ကျင့်ဝတ်သိက္ခာများ ဖြစ်ပါသလား- ဆို တဲ့ မေး ခွန်းတွေက အများကြီး ဖြစ်နေပါတယ်။ တစ်ကယ်တော့ ဒါတွေအားလုံးက ၁၉၇၂ ခုနှစ်မှာ ဦးနေ၀င်း စိတ်ကူး ယဉ်ခဲ့တဲ့ အလုပ်တွေပါ။ ဦးနေ၀င်ဟာ ၁၉၇၂-၇၃ လောက်မှာ အိန္ဒိယ၊ နီပေါလ်၊ ဘင်္ဂလား ဘက်က မြန်မာ မျိုးနွယ်တွေကို မြန်မာနိုင်ငံထဲကို ပြန်ခေါ်ပြီး စကိုင်းတိုင်းမြောက်ပိုင်း မှာ နေရချပေးဘို့ စီစဉ်ခဲ့ပါ တယ်။ သူ့ရဲ့ မဆလ ပါတီတွင်းက တစ်ချို့သော ဗဟိုကော် မတီများကိုယ်တိုင် သဘောမတူလို့ ပျက်သွားခဲ့ရတဲ့ အစီအစဉ်ပါ။ အာဏာရှင် ဦးနေ၀င်းဟာ သူလုပ်ချင်တိုင်း လုပ်တဲ့ စိတ်ရှိပေမယ့်-၊ နိုင်ငံနဲ့ အချုပ်အခြာကို ထိခိုက်မယ့် လုပ်ရပ်ကို လက်မခံတဲ့ သတ္တိရှင် တစ်ချို့နဲ့ ခေတ် ကာလရဲ့ မဖြစ်နိုင်မှုများက သူ့အစီအစဉ်ကို ရပ်တန့်စေခဲ့ နိုင်ပါတယ်။ 
ခေတ်ကာလကိုလည်း မသိ၊ ကမ္ဘာ့ ဥပဒေ စည်းကမ်းများကိုလည်း မသိ၊ ကမ္ဘာ့လူ့ကျင့်ဝတ်များကိုလည်း မသိ၊ ပြည်ထောင်စု ဆိုတာ ဘယ်လို ဖွဲ့စည်းရမလဲ မသိ၊ ဘာဆိုဘာမှ မသိဘဲ-၊ ဗုဒ္ဓဘာသာ အယူသည်း စိတ်တစ်ခု နဲ့ ၂၁ ရာစုမှာ ဒီမိုကရေစီ ထအော်နေတဲ့ နိုင်ငံ ဦးဆောင်များကြောင့် နိုင်ငံတော်ဟာ ပျက်စီးခြင်းဆီသို့ ဦးတည် နေပြီ ဆိုတာတော့ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ နားလည်သင့်ပါပြီ။ ပျက်စီးမယ့် လမ်းကြောင်းကို စတက်နေချိန် မှာ မကာကွယ်ရင် ပျက်စီးခြင်းဟာ အရှိန်အဟုန်ကောင်းလာနိုင်ပါတယ်။ အဲ့တော့မှ အကွဲကွဲ အပြဲပြဲဖြစ် တား မနိုင်ဆီးမရ - နောက်တ နောက်ကျတဲ့ အဖြစ်မျိုး ဘ၀ကို မြန်မာနိုင် ငံသားတိုင်း ကာကွယ်သင့်ပါတော့တယ်။ 
ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

သွေးစကား - ဂျပန်နိုင်ငံ ရှိ(သွေး) ရုပ်ရှင် ရိုက်ကူးရေးအဖွဲ

သွေးစကား

မြန်မာ့ရုပ်ရှင် သမိုင်းတွင် ဦးနေဝင်း လက်ထက် (၁၉၆၂)ခုနှစ် မှစ၍ ပြည်ပနိုင်ငံများ မှ မြန်မာပြည် တွင်းသို့ လာရောက်၍ ရုပ်ရှင်ရိုက်ကူးခြင်းကို ပထမဦးဆုံး လာရောက်ရိုက်ကူးသော အဖွဲ့သည် ဂျပန်နိုင်ငံ ရှိ(သွေး) ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ ဖြစ်သည်။ ၂၀၀၀ ခုနှစ်ခန့်က ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး မစ္စတာ ကိုဂျိချီနို(Koji Chino)နှင့်အဖွဲ့သည် မြန်မာပြည်ရှိ ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်စိုး တို့နှင့် ပူးပေါင်း၍ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးသားထားသော ဂျပန်ခေတ် ဖြစ်ရပ်မှန် ဇာတ်လမ်းအား ရိုက်ကူးရန်အတွက် မြန်မာပြည်တွင် ပြည်တွင်းရှိ မြန်မာ့ရုပ်ရှင် အနုပညာ ရှင်များအား ယင်း ဇာတ် ကား အတွက် အလိုက်ဖက်ဆုံး သရုပ်ဆောင်များအား လာရောက် လေ့လာမှုကို ပြုခဲ့ကြသည်။ ထိုသို့ ရုပ်ရှင် သရုပ်ဆောင် များအား လာရောက် ရွေးချယ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ မြန်မာ့ရုပ်ရှင်လောကမှ သရုပ်ဆောင် များဖြစ်ကြသော မင်းမော်ကွန်း၊ ဦးအောင်လွင်၊ မျိုးသန္တာထွန်းနှင့် ကျော်သူတို့အား ရွေးချယ်ခဲ့ကာ ၂၀၀၁ ခုနှစ်တွင် မြန်မာပြည်တွင်းရှိ မန္တလေးမြို့ တွင် စတင် ရိုက်ကူးမှုကို ပြုလုပ်ခဲ့သည်။ ထိုသို့ ရိုက်ကူးမှုပြုရာတွင် မြန်မာပြည်တွင် ပြည်ပမှ ပထမဦးဆုံး လာရောက် ရိုက်ကူးသော ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သည့်အတွက် အိမ်ရှင်မြန်မာပြည်သူ/သားများမှ အထူးဝမ်းသာအားရ ကြိုဆို၊ ပံ့ပိုး ကူညီမှုများ ပြုလုပ် ခဲ့သော် လည်း အချို့သော ရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဌာနဆိုင်ရာများ၏ အားနည်းချက်များ ကြုံတွေ့ ခဲ့ရသည်။ ထို့အပြင် ထိုစဉ် အခါက မြန်မာကျပ်ငွေဖြင့် ကုန်ကျစရိတ်အား ရှင်းပေးသင့်သော်လည်း အချို့သော ကိစ္စရပ်များတွင် အမေရိကန် ဒေါ်လာဖြင့်သာ ရှင်းလင်း ပေးရမှုများအား မလိုလားအပ်ဘဲ ကုန်ကျစရိတ်များ များပြားခဲ့ရမှုကို ဂျပန်နိုင်ငံ (သွေး) ရုပ်ရှင် ဒါရိုက်တာကြီး ကိုဂျိချီနို နှင့် အဖွဲ့သားများ ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့သော ဂျပန်-မြန်မာ ချစ်ကြည်ရေးအား ပျက်ပြယ်မှု ဖြစ်စေမည့် မလိုလား အပ်သော အဟန့်အတားများ၊ အခက်အခဲများ၊ တောင်းဆိုမှုများ၊ ငွေကြေးပြဿနာ များကြောင့် ‘သွေး’ ရုပ်ရှင်ဇာတ်ကားသည် ရိုက်ကူးမှု အဆုံးမသတ်နိုင်မီ ဂျပန် ဒါရိုက်တာကြီး ချီနို နှင့် ဂျပန်ရုပ်ရှင်အဖွဲ့သားများ စိတ်မကောင်းခြင်း များ စွာဖြင့် ဂျပန်နိုင် ငံသို့ ပြန်လည်ထွက်ခွာ သွားရတော့သည်။ သို့ရာတွင် ဂျပန်လူမျိုးတို့၏ မလျော့သော ဇွဲလုံ့လတို့ဖြင့် ဒုတိယ အကြိမ် သွေးကြွေးဆပ်ရန် မြန်မာနိုင်ငံတွင်းသို့ ၂၀၀၃ ခုနှစ်တွင် ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။ ဌာနဆိုင်ရာများနှင့် ညှို့နှိုင်းမှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကာ ‘သွေး’ ရုပ်ရှင်ဇာတ်ကားကြီးအား အဆုံးသတ် ရိုက်ကူးမှုကို ပြု လုပ် နိုင်ခဲ့တော့သည်။ ၂ နှစ်တာ ကာလ ကြာမြင့် သွားမှုကြောင့် သရုပ်ဆောင်များ၏ ကိုယ်ခန္ဓာအနေအထား၊ ဆံပင် အနေအထားများနှင့် ရိုက်လက်စ ဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများအား စနစ်တကျ တိကျမှန်ကန်မှုရှိရန် ဂျပန်ပညာရှင်များ အထောက်အကူဖြင့် အကောင်းဆုံး ဖန်တီး ရိုက်ကူးနိုင်ခဲ့သည်။ ထို ‘သွေး’ ရုပ်ရှင် ဇာတ်ကားကြီးအား ဂျပန်နိုင်ငံနှင့် နိုင်ငံ တကာရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ရာ အထူး အားပေး အောင်မြင်မှုကို ခံယူခဲ့ရသော်လည်း မြန်မာပြည်တွင်း တွင်ပြသရန်အတွက် ယခုတိုင် ပြသခွင့် မရသေးချေ။ ထို့ကြောင့် ယခု ၂၀၁၃ခုနှစ်တွင် (၁၀)နှစ်ကျော် နိုင်ငံတကာတွင် အားပေးချီးကျူးခြင်း ခံခဲ့ရသော သွေး ရုပ်ရှင်ဇာတ် ကားကြီး အား   မြန်မာပြည်တွင် ပြသခွင့် ရရှိရန်အတွက် ဒါရိုက်တာ ချီနိုနှင့်အဖွဲ့သည် ဂျပန်-မြန်မာ ချစ်ကြည်ရေး ဥက္ကဌဖြစ်သူ ဦးခင်မောင်စိုး အကူ အညီဖြင့် အစိုးရရုံးဆိုက်ရာ နေပြည်တော်မြို့ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်တွင် လွှတ်တော် အမတ်များနှင့် အစိုးရ အဖွဲ့ဝင်များအား လာရောက်ကာ ၃၀.၁.၂၀၁၃ ရက်နေ့၌ ပြသခဲ့သည်။ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၏ အားပေးမှုကို ခံယူခဲ့ရသည်။ အချို့သော လူကြီးများ၏ မျက်ရည်စက်များ ကျဆင်းမှုကို တွေ့မြင်ခဲ့ရသည်ဟု ပြောကြားသံကိုလည်း ကြားသိခဲ့ရသည်။ ကျွန်တော်သည် ၂၉.၁.၂၀၁၃ ရက်နေ့၌ မလေးရှားနိုင်ငံတွင် လူမှုရေးလုပ်ငန်းရပ်များနှင့် ပတ်သက်၍ သွားရောက်ကာ မြန်မာလူမှုရေးအဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား လူငယ်များ၊ မလေးရှားနိုင်ငံရောက် ဆရာတော်/သံဃာတော်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေး စကားဝိုင်းများ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ သို့ ပြန် လည်ရောက်ရှိခဲ့ကာ ပင်ပန်းနွမ်းနယ်မှုနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ရမည့် လူမှုရေးလုပ်ငန်း များအား ခရီးမှပြန် လည်ရောက်ရောက်ချင်း လုပ်ကိုင်နေရ၍ နေပြည်တော်မြို့ ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင် တွင် ပြသ ခဲ့သော သွေး ဇာတ်ကားအား သွားရောက်အားပေးခြင်းကို မပြုလုပ်နိုင်ခဲ့ချေ။ ‘သွေး’ ဇာတ်ကား ရိုက်ကူးရာ တွင် မြန်မာ့ ရုပ် ရှင်လောက အတွက် ရိုက်ကူးမှု၊ စီမံခန့်ခွဲ့မှု၊ စက်မှုပိုင်း၊ မိတ်ကပ်ပညာရပ်ပိုင်း စသည့် လက်တွေ့လုပ်ဆောင်ရသော ကမ္ဘာ့အဆင့်မှီ ရုပ်ရှင် ပညာရပ်များအား အသိဥာဏ်ပွင့်လင်း စေခဲ့သည်။ ကျွန်တော်သည် ‘သွေး’ ရုပ်ရှင် ရိုက်ကူးမှု မစမှီ ကာလများမှ ရုပ်ရှင် ဒါရိုက်တာအဖြစ် မြန်မာ့ရုပ်ရှင်များအား ရိုက်ကူးခဲ့ပါသော်ငြားလည်း ဒါရိုက်တာ အကယ်ဒမီဆုကို မရရှိခဲ့ပါ။ ဂျပန်ဒါရိုက်တာ ချီနို ရိုက်ကူးခဲ့သော ‘သွေး’ ဇာတ်ကား၏ အတွေ့အကြုံ ဗဟုသုတများအား မှတ်ယူလေ့လာ ခဲ့ကာ ၂၀၀၄ ခုနှစ်ခန့်က ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ အကယ်ဒမီဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သလို အမေ့နို့ဖိုး ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သော အဓိက အမျိုးသမီးဇာတ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ညွှန်း၊ ကုမ္ပဏီ၊ ကင်မရာ စသည့် ထူးချွန်ဆုပေါင်း (၇)ဆု အား ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်ဒါရိုက်တာကြီး ချီနို ၏ကျေးဇူး၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးထားသော ‘သွေး’ ရုပ်ရှင်အဖွဲ့၏ ကျေးဇူး၊ ‘သွေး’ ရုပ်ရှင်ဇာတ် ကားကြီး၏ ကျေးဇူး တရားများသည် ကျွန်တော့်အတွက် များစွာ တန်ဖိုးရှိခဲ့သည်။ ယခုကဲ့သို့ ကျွန်တော်၏ကျေးဇူးရှင် တစ်ဦးဖြစ်သူ ဂျပန်ဒါရိုက်တာကြီး ချီနိုနှင့် တတိယအကြိမ် တွေ့ဆုံခွင့် မရရှိခဲ့သည်ကို ကျွန်တော်များစွာ စိတ်မကောင်း ဖြစ်ခဲ့ရသော်လည်း ၂.၂.၂၀၁၃ ရက်နေ့ နံနက်(၉း၃၀) အချိန်တွင် သွေး ရုပ်ရှင် ဒါရိုက်တာကြီးချီနိုနှင့် အဖွဲ့အား ဦးခင်မောင်စိုးဦးဆောင်၍ နာရေးကူညီမှု အသင်း (ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့သည်။ သွေးမှ စကားပြော၍ ကျွန်တော့်ထံ သို့ ရောက်ရှိလာသော ဒါရိုက်တာကြီး ချီနိုမှ ကျွန်တော့်အား ဝမ်းသာအားရ နှုတ်ခွန်းဆက်ခဲ့ကာ ကျွန်တော်မှလည်း ဖက်လှဲ တကင်းဖြင့် ကျွန်တော်တို့၏ လူမှုရေး လုပ်ဆောင်ချက်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသမှုများအား လိုက်လံရှင်း လင်းပြသခဲ့ကာ ကျွန်တော်သည် ဧည့်သည်များနှင့် ဒါရိုက်တာကြီး ချီနိုအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု DVD အချပ်၊ ရက်စွဲမှတ်တမ်းစာအုပ်၊ လက်ကမ်းစာစောင်များနှင့် Kyaw Thu 2013 First Break Out Calendar တို့အား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ဒါရိုက်တာကြီး ချီနိုမှ ကျွန်တော့်အား ယခုကဲ့သို့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင် ပေးမှု များအား အထူးဝမ်းသာဂုဏ်ယူပါကြောင်းနှင့် အပူသောကများ၏ ဖိစီးမှုများအား အနုပညာလုပ် ငန်းလုပ်ခြင်းဖြင့် ပြန် လည်အစားထိုးစေလိုကြောင်း ကျွန်တော် မမျှော်လင့်ထားသော စကားအား ပြောကြားခဲ့သည်။ ကျွန်တော်သည် ဒါရိုက်တာကြီး ချီနို ၏ ပုံပန်း ရုပ်သဏ္ဍန်အား ပြန်လည်၍ သတိပြုမိသောအခါ လွန်ခဲ့သော (၁၀)နှစ်ကျော် ခန့်က အသက်(၇၀) အရွယ်တွင် စတင်တွေ့ ရှိခဲ့သော ပုံသဏ္ဍာန်နှင့် ယခုပြန်လည် တွေ့ရှိသော အသက် (၈၀)ကျော် အရွယ်၏ ပုံသဏ္ဍာန်သည် ကွာခြားမှု မရှိဘဲ ပိုမို၍နုပျိုသော သဏ္ဍာန်ကို တွေ့မြင် လိုက်ရသည်။ ထို့ကြောင့် ကျွန်တော်၏ မနောစိတ်ထဲတွင် လွန်ဆွဲမှုတစ်ရပ် တဒင်္ဂလေး အတွင်း   ဖြစ်ပေါ်ခဲ့ရသည်။ ယင်းမှာ “အနုပညာသမားများသည် အများသူငှာတို့ထက် ပိုမို၍ ရုပ်ဆင်းသဏ္ဍာန် နုပျိုစေပါသလား”နှင့် “အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ရင်းဖြင့် မိမိ၏ ရုပ်ဆင်းသဏ္ဍာန် အိုမင်း စေပါသလား” ဟူသော လွန်ဆွဲမှု တစ်ရပ်ပင် ဖြစ်တော့သည်။ ဒါရိုက်တာ ချီနို ၏ ဂရုဏာ တရားဖြင့် ပြောကြား လိုက်သော စကားအား တဒင်္ဂအတွင်း မိမိ၏ ဝဇီနှုတ်မှ “အများအတွက် ပေးဆပ်မှုများ ဖြစ်တဲ့ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး စတဲ့ အပူမီးများကြောင့် ကျွန်တော် အနိစ္စတရားကို ကောင်းကောင်းကြီး သိသွားပြီ၊ ဒါ့ကြောင့် ပြင်ပ ရုပ်သဏ္ဍာန်ထက် အတွင်းနှလုံးသား လှဖို့ အရေးကြီး ပါတယ်”ဟူ၍ ပြန်လည်၍ မေတ္တာစကားဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမှု ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် အဓိကရိုက် ကူးခဲ့သော “သွေး”ရုပ်ရှင် ဇာတ်ကားကြီး၏ အဓိပတိဖြစ်သူ ဂျပန်ဒါရိုက်တာကြီး ချီနို ၏ ဇွဲလုံ့လ မလျော့သော “သွေး” နှင့် ကျွန်တော် ကျော်သူ၏ ဗြဟ္မစိုရ် “သွေး” တို့သည် သွေးချင်း နှော၍ “ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးပြယုဂ်သွေး”အဖြစ် ရပ်တည် သွားနိုင်မည်ဟု ကျွန်တော်ကျော်သူ နှင့် ချီနို တို့ နှစ်ဦး အသိဆုံးပင် ဖြစ်တော့မည်။

ကျော်သူ

http://tunwai-states.blogspot.jp/2013/02/blog-post_2266.html