ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Wednesday, March 6, 2013

ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာ့လူ့အဖွဲ့အစည်း အပိုင်း (၈-ခ)

by Ye Yint Thitsar on Saturday, March 2, 2013 
 
 
ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာ့လူ့အဖွဲ့အစည်း အပိုင်း (၈-ခ)

၅။ ရုမ်ပါသျှားသံအမတ်သုံးဦးရဲ့ အစ္စလာမ်သာသနာပြုမှုကြောင့် ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်များ
ထဲကအစ္စလာမ်ဘာသာ ကူးပြောင်းသွားတဲ့ လူဦးရေအမြောက်အမြား ရှိနိုင်/မရှိနိုင်။

၆။မြောက်ဦးခေတ် ဘင်္ဂလီကျွန်များအကြောင်း

ရုမ်ပါသျှားသံအမတ်သုံးဦး ရခိုင်မြောက်ဦး ကို လာရောက်ပြီး သာသနာပြုတဲ့ အကြောင်းအရာကို ကျွန်တော်   က ရခိုင်လူမျိုးပညာရှင်တွေ ရေးသားတဲ့ ရခိုင်ရာဇဝင် နဲ့ စာအုပ်တို့ထဲက အထောက် အထားပေး ခဲ့တာပါ။ ကျွန်တော့် ဘက် က ကွန့်ပြီးတီထွင်ရေးသားခဲ့တာ လုံးဝမရှိပါ။
သာသနာပြုမှုကြောင့် ရခိုင်လူမျိုး အများအပြား အစ္စလာမ် ဘာသာ ထဲဝင်ရောက်ခြင်း ရှိခဲ့တယ်လို့ ကျွန်တော်မရေးသားခဲ့ပါ။ ကျွန်တော်ရေးသားခဲ့သမျှ ဟာ ရခိုင်လူမျိုးပညာရှင် တွေ (ဆရာဦးလှထွန်းဖြူ၊ ဆရာထွန်းရွှေခိုင် စသည်) ရေးသားထားတာ ကို တစ်ဆင့်ပြန်လည် ဖောက်သည် ချပေးခဲ့ခြင်း သာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ရခိုင်ရာဇဝင် တွေ ကို ပါးစပ်ရာဇဝင် တွေအဖြစ် သတ် မှတ်ခံယူထား တဲ့ ကိုမြတ်သိန်းထွန်း အတွက် ဆရာဦးလှထွန်းဖြူ၊ဆရာထွန်းရွှေခိုင်တို့ ရဲ့ သမိုင်း အရေး အသား တင်ပြချက်တွေ ဟာ ဘယ်လိုမှ တန်ဖိုးရှိမှာမဟုတ်ကြောင်း
ကျွန်တော်နား လည် လိုက်ပါတယ်။


ရခိုင်မဟာရာဇဝင်တော်ကြီးပါ ဖော်ပြချက် (၁)


ရခိုင်မဟာရာဇဝင်တော်ကြီးပါ ဖော်ပြချက် (၂)

ရခိုင်မှာ ရုမ်ပါသျှား သာသနာပြုတွေ လာရောက်ခဲ့ခြင်း သမိုင်းဟာ မခိုင်လုံဘူး၊ မမှန်ကန်ဘူးဆိုရင် အဲဒီ သမိုင်းနဲ့ဆက်စပ်နေတဲ့ ဆရာရှင်မရဝါ (အဘိုး သျှင်မြဝါ) ရဲ့ ရွှေမျည်းဓမ္မသတ်သမိုင်းလည်း မခိုင်လုံ၊ မမှန်ကန်ကြောင်း သုံးသပ်နိုင်ပါလိမ့်မယ်။ တစ်ကယ်လို့ ရုမ်ပါသျှားသာသနာပြုတွေ လာရောက်ခဲ့တဲ့ သမိုင်း ကို မှန်ကန်တယ်လို့ ယူဆပြီး၊ အစ္စလာမ်သာသနာကို ကူးပြောင်းသွားတဲ့ ရခိုင်လူမျိုးတွေတော့ တစ်ယောက်မှ မရှိဘူးလို့ ယူဆရင်လည်းပဲ၊ဆရာရှင်မရဝါ (အဘိုး သျှင်မြဝါ) ရဲ့ ရွှေမျည်းဓမ္မသတ် ဟာ မမှန်ကန်တဲ့ သမိုင်းကြီးဖြစ်သွားမှာပါပဲ။ ကိုမြတ်သိန်းထွန်း နဲ့ ပရိသတ်တို့သာ စဉ်းစားပါ၊ ဘယ် အချက်ကို လက်ခံရွေးချယ်မလဲ ဆိုတာကို။ ကျွန်တော့် အနေနဲ့တော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးလိုပါ။

ရခိုင်လူမျိုးတွေ ထဲမှာ အစ္စလာမ် ဘာသာဝင် တွေ မရှိကြောင်း ကိုမြတ်သိန်းထွန်း ကအခိုင်အမာ ဆိုထား ပါတယ်။ ကျွန်တော့် ဘဝ ရဲ့ မနေ့ကတွေမှာ ရော ဒီနေ့တွေမှာပါရခိုင်လူမျိုးစစ်စစ် အစ္စလာမ် ဘာသာ ဝင်တွေ မြင်ဖူးပါတယ်။ သို့သော် ရခိုင်လူမျိုးတွေကြားထဲမှာ အများညီလို့ ဤကိုကျွဲဖတ်တဲ့ ဓလေ့ ဟာ အရိုးစွဲနေလို့လားတော့မသိပါ။ကုလားရုပ်မပေါက်ဘဲ၊ မွန်ဂိုလွိုဒ်ရုပ်ရည်ရှိပြီး အစ္စလာမ်ဘာသာကို ကိုး ကွယ် သူတွေ့တာနဲ့အဲဒီလူဟာ ရခိုင်မဟုတ်ဘူး၊ ကုလားပါလို့ ရခိုင်လူမျိုးတွေ က ပြောတတ်ကြပါတယ်။
ကုလားလို့ သမုတ်လို့ဘယ်လိုမှ မရတော့ဘူး ဆိုရင်၊ အဲဒီလူ ကို ကမန် အဖြစ် သတ် မှတ်ခေါ်ဝေါ်ကြပါတယ်။

ကမန်လူမျိုးတွေ ထဲမှာ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိနိုင်ကြောင်း ကျွန်တော် ယူဆပါတယ်။ကိုမြတ်သိန်းထွန်း က တော့ ကမန်လူမျိုးတွေထဲမှာ ဗုဒ္ဓဘာသာဝင် မရှိကြောင်းဆိုထားပါတယ်။ Difference of opinion ဖြစ်တဲ့အတွက် ဒါက အထွေအထူးငြင်းနေစရာ မလိုအပ်ကြောင်းကျွန်တော်ယူဆပါတယ်။ သို့သော်   ကမန် ဆိုတာ မင်းစောမွန်ခေတ်မတိုင်ခင်ကတည်းကို က ရခိုင်ဘုရင့်စစ်တပ်ထဲမှာ ရှိနေ သူတွေ   ဖြစ်ကြောင်း အထောက်အထားတစ်ခုကိုတော့ တင်ပြလိုပါသေးတယ်။ ရခိုင်ဘုရင် ငနှလုံးလှမင်း (၁၂၃၄-၁၂၃၇) လက်ထက်မှာလေးကိုင်ကမံတွေ ရှိခဲ့ကြောင်း အရှင်စန္ဒမာလာလင်္ကာရ ရဲ့ ရခိုင်ရာဇဝင် သစ်ကျမ်းပထမတွဲမှာ ပါရှိပါတယ်။ စာမျက်နှာ အထောက်အထားလေးပါ။


ရခိုင်ရာဇဝင်သစ်ကျမ်းပါ ဖော်ပြချက်

ဆရာမောင်ဆန္ဒ (လယ်ဝေး) က ကမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တရားဝင်စာအုပ်စာပေ ရေး သားဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ကိုမြတ်သိန်းထွန်း အနေနဲ့ ဆရာမောင်ဆန္ဒ စာအုပ်ပါ အချက်အလက်တွေ လွဲမှားနေတယ်ထင်ရင် တရားဝင်စာအုပ်ထုတ်ဝေပြီးတုန့်ပြန်ချေပသင့်ကြောင်း အကြံပေးလိုပါတယ်။



မောင်ဆန္ဒ (လယ်ဝေး) ၏ ကမန်မျိုးနွယ်စုသမိုင်းပါ ဖော်ပြချက်

ရှေးကရခိုင်လူမျိုးတွေ အမျိုး ဘာသာကိုစောင့်ရှောက်တဲ့ အကြောင်း ကိုမြတ်သိန်းထွန်းပြောပြလို့ ကျွန်တော် သိရပါတယ်။ ဒီလို မျိုးစောင့်စိတ်ဓာတ်ရှိတာစိတ်ဝင်စားစရာပါ။ သို့သော် လူမျိုးခြား (သို့) ဘာ သာခြား ကို လက်ထပ်လိုက်တာနဲ့ ရခိုင်လူမျိုး အဖြစ်မသတ်မှတ်တော့ဘူးဆိုတာ က တော့ အစွန်းရောက် တဲ့စိတ်ဓာတ်လို့ကျွန်တော် မြင်မိပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားအမျိုးမျိုးရှိပါတယ်။ ဘယ်လူမျိုး က ဘယ်ဘာသာတရားကို ကိုးကွယ်သည်ဖြစ်စေ၊ သူ့ရဲ့လူမျိုး က တော့ ပြောင်းလဲမသွားပါ။ အာရပ်လူမျိုး တစ်ယောက် က ခရစ်ယာန်ဘာသာကိုကိုးကွယ်လိုက်တာနဲ့ အာရပ် လူမျိုး အဖြစ်ကနေ တစ်ခြားလူမျိုး အဖြစ်ပြောင်းလဲမသွားပါ။
ဒီ သဘောတရား ကို ကမ္ဘာ့လူမျိုး၊ ဘာသာ အသီးသီး က လက်ခံထားပါတယ်။ ကိုမြတ်သိန်း ထွန်းပြောပြသလိုဆို၊ ရခိုင်လူမျိုးတွေ ရဲ့ အမျိုး ဘာသာချစ်စိတ်မျိုး၊ အမျိုးဘာသာစောင့်ထိန်းပုံမျိုးနဲ့ ဆိုရင် ရခိုင်လူမျိုး နဲ့ ဗုဒ္ဓသာသနာ ဟာ ကမ္ဘာတည်သရွေ့တည်တံ့နေမှာဖြစ်ကြောင်းကျွန်တော်မြင်မိပါတယ်။ အဲဒီလို စောင့်ထိန်းရဲ့သားနဲ့ ဘာလို့များ တစ်ဖက်မှာ အမျိုး ဘာသာပျောက်မှာ ကို စိုးရိမ်နေကြသလဲ ဆိုတာ ပဟေဠှိဖြစ်နေပြန်ပါတယ်။ ကျွန်တော်မရှင်းတဲ့ အချက်တစ်ချက် က ရခိုင်လူမျိုးအချို့ ဟာ ဘာကြောင့် "ဘင်္ဂါလီ ကုလား" ရုပ်ရည်တွေ ဖြစ်နေသလဲဆိုတာပါ။ ဘင်္ဂါလီ တွေ နဲ့သွေးမနှောဘဲ ဘင်္ဂါလီကုလားရုပ်ရည်ထွက်နေခြင်း ဟာ လည်းပဟေဠှိ တစ်ခုဖြစ်နေပြန်ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘင်္ဂါလီ ကုလား ရုပ်ရည်ထွက်နေတဲ့ လူ ကို နမူနာကြည့်ချင်ရင်၊  မြန်မာနိုင်ငံ က ရခိုင်အမျိုးသားအချို့ကို ကြည့်နိုင်ပါတယ်။

ကက်သလစ်ဘာသာဝင် ရခိုင်မင်းသား ဒေါင်မာတင် အကြောင်းကို ကျွန်တော်မလေ့ လာမိတာ အမှန် ပါ။ နောက်ပိုင်း မှ Maurie Collis နဲ့ U San Shwe Bu တို့ရဲ့ Dom Martin The First Burman to visit Europe ကို  လေ့လာမိပါတယ်။ ထပ်မံရှင်းပြပေးတဲ့ အတွက်လည်းကိုမြတ်သိန်းထွန်း ကို ကျေးဇူးတင် ရှိပါတယ်။

မြောက်ဦးခေတ်မှာ ဘင်္ဂါလီကျွန်တွေ ရှိခဲ့တယ် ဆိုတာငြင်းစရာ အကြောင်းမရှိပါ။ သို့သော်ကျွန်လို့ ဆိုရာမှာ အဲဒီ အဖမ်းခံခဲ့ရတဲ့ လူတွေ ဟာ နဂို ကသူ့နေရာသူ့ဒေသမှာ သူ့အနေအထားနဲ့သူ ရပ် တည်နေခဲ့ကြတဲ့၊ ဥာဏလုပ်သား၊ ကာယ လုပ်သားတွေပါ။ မိမိနိုင်ငံတော်တိုးတက်ရေးအတွက် အသုံး တည့်မဲ့ ပညာရှင်တွေ ကို ရွေးချယ်ပြီး ရာထူးဌာနန္တရတွေပေးခဲ့တာတွေရှိကြောင်း ကိုမြတ်သိန်းထွန်း လည်း လက်ခံထားပါတယ်။ အဲဒီခေတ် က ရခိုင်လူမျိုးတွေဟာ ဘင်္ဂလားဘက်ကို သွားပြီး၊ တွေ့ ရင်တွေ့ တဲ့လူကို စည်းမဲ့ ကမ်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် ဖမ်းမိသူတွေ ရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်း က တော့ ရခိုင်နိုင် ငံတော် အတွက်အသုံးဝင်မဲ့ အသိပညာ အတတ်ပညာရှင်တွေ ဖြစ်မှာပါ။ နောက်ပြီးတော့ မင်းဗာကြီး လက်ထက်မှာ ဘင်္ဂလားစစ်တကောင်းကို တိုက်ခိုက်အောင်ပွဲရတုန်း က လည်း စစ်ပညာ၊ လက်နက် ထုတ်လုပ်မှု ပညာ၊ ကျွမ်းကျင်တဲ့ စစ်သည်တွေကို သုံ့ပန်းအဖြစ်ဖမ်းဆီးလာမှာ သေချာပါတယ်။

မင်းဗာကြီးလို လက်ရုံးရည်၊ နှလုံးရည် နဲ့ ပြည့်စုံလှတဲ့ မင်းတစ်ပါးဟာ ပညာရှင်တွေ ကိုကျွန်အဆင့် အတန်းနဲ့ထားပြီး သောက်ရေနဲ့ခြေဆေး တဲ့အလုပ်မျိုး လုပ်မယ်လို့ကျွန်တော်မထင်ပါ။ ဒါကြောင့် ၁၅ ရာစု၊ ၁၆ ရာစု၊ ၁၇ ရာစု ရခိုင်နိုင်ငံတော် အတွင်းမှာ အလုံးအရင်းနဲ့ အခြေချနေထိုင်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ရခိုင်လူမျိုးတွေရော ဘင်္ဂါလီ လူမျိုးတွေ ရော မျိုးရိုးကိုစောင့်ရှောက်တဲ့ နေရာမှာ နာမည်ကြီးကြောင်း ကျွန်တော်ရေး သားခဲ့ပါတယ်။ သို့သော် ခြွင်းချက်ဆိုတာ နေရာတကာမှာရှိတယ် ဆိုတာ ထည့်စဉ်းစား ရမှာပါ။ လူမျိုးခြားတွေ နဲ့ အိမ်ထောင်ပြုတဲ့ ဘင်္ဂါလီတွေ ရှိသလို၊ဗမာတွေ၊ တရုတ်တွေ၊ ကုလားတွေ နဲ့ အိမ်ထောင်ပြုတဲ့ ရခိုင်တွေလည်း ရန်ကုန်မှာအများကြီးရှိနေပါတယ်။ ရန်ကုန်မြို့ က တရုတ်တန်းမှာ သွားလေ့လာကြည့်ပါ။ တရုတ်လူမျိုးနဲ့အိမ်ထောင်ပြု ပြီး တရုတ်လိုနေနေတဲ့ ရခိုင်လူမျိုးတွေ ရှိပါတယ်။ မရှိဘူးထင်တဲ့လူသွားလေ့လာနိုင်ပါတယ်။ စင်ကာပူအသိုင်းအဝိုင်းကိုလည်း စုံစမ်းကြည့်စေချင်ပါတယ်။ နီးနီးနားနားသိချင်ရင် Facebook က ကို July Yeyint ကို မေးကြည့်ပါ။

ပြန်ကြားချက်-ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း (၉-က)

No comments:

Post a Comment