ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Wednesday, February 6, 2013

မောင်းတော ဒေသအာဏာပိုင်များ၏ တရားဝင် မတော်မတရား ရက်စက် အနိုင်ကျင့်မှုကြီး ။


မောင်းတော ဒေသအာဏာပိုင်များ၏ တရားဝင် မတော်မတရား ရက်စက် အနိုင်ကျင့်မှုကြီး ။

ယမန်နေ့ (၅.၂.၂၀၁၃)ရက် နံနက် ( ၉း ၀၀ ) နာရီခန့်တွင် မောင်းတောမြို့နှင့် (၁၂) မိုင်ကျော်ဝေးကွာ သော အလယ် သံကျော် အရပ် န.စ.က နယ်မြေ (ရ) နှင့် နယ်မြေ (၈) တို့မှ မွတ်စလင်(မ်) ဘာသာရေး ဆရာကြီး များ ဦးရေ (၃၀)  မာင်းတောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုး ဦးဆောင်ပြီး န.စ.က ဒုကွပ်ကဲရေးမှုး ဗိုလ်မှုးကြီး ထူးလှိုင် ၊ ခရိုင်ရဲမှုးကြီး ကောင်းစံလင်း နှင့်တကွ ဒေသဆိုင် ရာ တပ်မတော် အရာရှိများ တို့က မောင်းတော အလယ် သံကျော် အထက ကျောင်းတွင် ခေါ်ယူ၍ အစည်းအ ဝေး တရပ် ပြုလုပ်ခဲ့ပါသည် ။
          ထိုအစည်းအဝေးတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုးက ဘာသာရေးဆရာကြီး များ အား ခင်ဗျား တို့တွေဟာ ဒီဒေသကဒေသခံတွေမဟုတ်ဘူး ၊ တခြားနိုင်ငံက လာတဲ့လူတွေဖြစ်တယ် ၊ အဖြူရောင် ကဒ်ကိုင် ထားသူတွေ အားလုံးဟာ နိုင်ငံခြားသားတွေပဲ ဖြစ်တယ် ၊ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ် တဲ့ ပန်းဘဲတန်းမြို့  နယ် နှင့်   ကျောက်တံတားမြို့နယ်တို့မှာ ခင်ဗျားတို့ အစ္စလာမ် ဘာ သာ ကိုးကွယ်သူတွေဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီးနေ ရတာတွေရှိတယ် ၊ ဒီဒေသမှာရှိတဲ့ ခင်ဗျားတို့ကို နိုင်ငံတော်က စေတနာနဲ့ အဖြူရောင် ကဒ်ပြားတွေ   ပေးထားလို့ အခွန်မဆောင်ရ တာဖြစ် တယ် ။ ဒါကြောင့် ဒီကရခိုင်တိုင်းရင်းသားတွေနဲ့ ရန်မဖြစ်ဖို့လိုတယ် ၊ ပြသနာမရှာဖို့လိုတယ် ၊ အေးဆေးနေ ဖို့လည်းလိုတယ် ။
          တဖက်က ရခိုင်တိုင်းရင်းသားတွေက ရန်ဆောင်ခဲ့ရင်လည်း သူတို့တွေက အိမ်ရှင်ဖြစ်လို့ ဧည့် သည် ဖြစ်တဲ့ ခင်ဗျားတို့တွေက သည်းညည်းခံရမှာ ဖြစ်တယ် ။ ထပ်မံ၍ လက်ရှိမောင်းတော ဒေသကို ပုဒ်မ (၁၄၄) ထုတ်ပြန် ထား သည့်နေရာ ဖြစ်သည့်အတွက် ဗလီများ ၊ ဘာသာရေးစာသင်ကျောင်းများကို လုံးဝ ဖွင့် လှစ်ခွင့် ရရှိမည် မဟုတ်ဘဲ ပုဒ်မ (၁၄၄) ရုတ်သိမ်းပြီး နောက်ပိုင်းတွင်လည်း အထက် အာဏာ ပိုင် များမှ ခွင့်ပြုမိန့် ရရှိမှ သာလျှင် ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်း ၊ ဘာသာရေး စာသင်ကျောင်း များကိုလည်း သာသနာရေးဝန်ကြီး ဌာန မှ ဥပဒေ ရေးဆွဲသတ်မှတ် ပြီးမှသာလျှင် ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည် ။
{ ဆက်စပ် သတင်းအဖြစ် အရွယ်မရောက်သေးသော ကလေးသူငယ်များ ပညာသင်ကြားလျက် ရှိသော မောင်းတော တမြို့ နယ်လုံးရှိ အခြေခံ ဘာသာရေးစာသင်ကျောင်း အားလုံးကိုလည်း မောင်းတော မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှုး မှ ဇန်န၀ါရီလ (၃၀) ရက် ရက်စွဲ ဖြင့် ဖွင့်လှစ်ပညာ သင်ကြားခွင့်ကို စာဖြင့် တားမြစ် ပိတ်ပင်ထားကြောင်း သတင်း ရရှိပါသည် ။}
ထို့ပြင် န.စ.က ဒုကွပ်ကဲရေးမှုးမှ ယခုနှစ် လူဦးရေ စာရင်းကောက်ခံ ရာတွင် ယခင်နှစ်များကဲ့သို့ ပုံမှန် စာရွက်ဖြင့် စစ်ဆေးခြင်းမဟုတ်ဘဲ ယခုနှစ်တွင် ကွန်ပျူတာဖြင့် စစ်ဆေးကောက်ခံရာတွင် ကွန်ပျူတာ ထဲ တွင် လက်ဗွေနှိပ်ခတ်၍ မှတ်တမ်းတင်ခြင်း စနစ်အား ယခင်လများတွင် ဒေသခံ မွတ်စလင်များက ငြင်းဆန် ခဲ့ကြပါ သ ဖြင့် မှတ်တမ်းကောက်ခံ၍ မရခဲ့ပါကြောင်း ၊ ထိုသို့ ကွန်ပျူတာဖြင့်  မှတ်တမ်းတင်ခြင်းမှာလည်း နိုင်ငံတော်မှ ချမှတ်ထားသော စီမံကိန်းဖြစ်သည့် အားလျော်စွာ မဖြစ်မနေ အကောင်ထည်ဖော်သွားမည် ဖြစ် ကြောင်း အသိပေး ပြောကြားခဲ့ပါသည် ။
ဒေသခံများကပြောဆိုရာတွင် ယခုကဲ့သို့ လူဦးရေစာရင်း ၊ ကျွဲ ၊ နွား ၊ တိရိစ္ဆာန် စာရင်းကို ဒေသ ဆိုင်ရာ နယ်စပ်ကွပ် ကဲရေး ဌာနမှ တာဝန်ရှိသူများက နှစ်စဉ် ဇန်န၀ါရီလ လဆန်းရက်များတွင် မောင်းတော ခရိုင်တခုလုံး  ကို နှစ်စဉ်နှစ် တိုင်း ကောက်ယူ၍ စစ်ဆေးခဲ့ပါကြောင်း ၊ လူဦးရေစာရင်း ကောက်ယူရာတွင် လည်း သေဆုံး သူများ ကို လျော့ချခြင်း ၊ မွေးဖွားသူများကို မွေးတိုး စာရင်းပြုစုခြင်း ၊ အိမ်တွင်မရှိသူများကို BD ပြေး အဖြစ် သတ်မှတ်ပြီး စစ်ဆေး အတည် ပြုခဲ့ပါကြောင်း ၊ စသည့်လုပ်ငန်းစဉ်များကို နှစ်စဉ်နှစ်တိုင်း တိတိကျကျ ပြုလုပ်ခဲ့ ပါသည်။ မိမိတို့ဒေသခံ အများစုမှာ စာပေတတ်မြောက်မှုနည်းပါးသည့် အတွက် နယ်စပ်ကွပ်ကဲရေး ဌာန မှ ယခုလိုအခြေအနေမျိုးတွင် ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းအား မည်သို့မှ လက် ခံ၍ မရပါကြောင်း ။
ထို့ပြင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး၏  အထက်ပါပြောကြားချက် များသည် အမှန်တရားကို ပြောင် ပြောင် တင်းတင်း မျက် ကွယ်ပြု၍ ရရှိထားသောအာဏာဖြင့် မလျော်သြဇာ အသုံးပြုကာ  မိမိတို့အား ရက် ရက် စက်စက်အနိုင်ကျင့် ရက်စက် မှုများ ပြုလုပ်ဖန်တီး နိုင်ဖွယ်ရှိသည် အဖြစ်ခံစားခဲ့ရပါကြောင်း ၊ ထိုအကြောင်း အရာ များကို နိုင်ငံတော်  သမ္မတ နှင့် လွှတ်တော် ဥက္ကဌ များနှင့် တကွ ကာကွယ်ရေး ဦးစီး ချုပ် များ ထံသို့လည်း အသိပေး တိုင်ကြားအစီ ရင်ခံသွားမည်ဟု ၎င်း အစည်းအဝေးသို့ ကိုယ်တိုင် တက် ရောက် ခဲ့သော  ဘာသာရေး ဆရာကြီး တဦးမှ သတင်းပေး ပို့ပါသည် ။
                                                                                                မောင်သော်
                                                                             (၆) ရက် ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၃

No comments:

Post a Comment