ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, March 4, 2013

တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ခြင်းတွင်တွက်ခြေမကိုက်သဖြင့် ပြန်အပ်မည့်သူများရှိလာ



တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ခြင်းတွင် လက်တွေ့ဆောက် လုပ်သူများ တွက်ခြေ မကိုက် သဖြင့် ဆောက်လုပ်မှုကို ဆက်လက်မလုပ်ဘဲ ပြန်အပ်မည့်သူများရှိလာ

"အိမ်တစ်ဆောင်ကို ၆သိန်းခွဲ ပေးမယ်ဆိုပြီး နောက်ပိုင်းကျတော့ ငါးသိန်း ခွဲ ဘဲရတယ်။ ဆောက်လုပ်တဲ့ အချိန်နဲ့ မကိုက်ဘူး။ ပြီးတော့ ထပ်ဆင့် ပွဲ စား တွေများနေတော့ တွက်ခြေအကိုက်တဲ့အတွက် ကျွန်တော် တို့ဆက် ပြီး အဆောက်တော့ဘူး။ ပြန်အပ်တော့ အိမ်ငါးလုံးဆောက်လုပ်ဖို့ တာဝန်ယူ ထားတာ သုံး လုံးဆောက် ပြီးရင် ပြန်အပ်တော့မယ်။ ပစ္စည်းတွေထိန်း သူ တွေကိုလည်း အိမ်တစ်ဆောင်က ငါးသောင်းပေး   ရတယ်။ ဒီလိုဘဲ ဟို ပေး ဒီပေး ပေးနေရတော့ ကျွန်တော်တို့ တကယ့်ဆောက်တဲ့လက်သ များက နည်းနည်းပဲကျန်တော့တယ်" ဟုလက်သမား
တစ်ချို့ကပြောပါသည်။
တိုင်းရင်းသားများအတွက် နေအိမ် ၅၀၀ ခန့်ဆောက်လုပ်ခြင်းတွင် အဆင့် ဆင့် ပွဲစားများ၊ကွန်ထရိုက် များယူပြီးနောက် လက်သမားများလက်ထဲသို့ နောက်ဆုံးရောက်လာသည်မှာ မပြောစလောက် သာ ကျန်တော့ကြောင်းသိရသည်။ သို့သော်လည်း လက် သမားများအား တိုက်ရိုက်ပေးအပ်ခံရသော အဖွဲ့ များ အနေဖြင့် အဆင် ပြေ ကြောင်း၊ ထိုသို့ ဆောက်လုပ်ရန်အတွက် ကွန်ထရိုက်ပေါင်း ၃၆ ခုမှ လုပ်ငန်း ရှင်များ က တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း လည်းသိရှိရပါသည်။
"ဒီအိတ်တစ်ဆောင်ကို ဆောက်တာ အနည်းဆုံးတော့ ၃၀ လောက်ကုန် မယ်ထင်တယ်။ ဒါပေမယ့် တစ်ချို့ အိမ်တွေက ၁ နှစ်လောက်ဘဲ ခံမယ် ထင်တယ်။ ကျွန်တော်တို့က ဆောက်နေကျဆိုတော့သိတယ်။ ကာလ ပေါက်ဈေးဟာ သိန်း ၃၀ လောက်ဘဲကုန်မယ်လို့ထင်တယ်"ဟုလည်း လက်သမားတစ်ဖွဲ့မှ ပြော ပါသည်။
စစ်တွေမြို့နှင့် ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းတွင် ဆောက်လုပ်လျက်ရှိသော နေအိမ်များသည် တိုင်း ရင်း သား ဒုက္ခသည်များအတွက်သီးသန့့် ဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်းတာရှည် မခံ ဘဲ တစ်နှစ်အတွင်းပျက်စီးသွားနိုင်သောအိမ်များဖြစ်ဖြင့် အထူးသတိထားရန်အိုအပ်ကြောင်းလည်းသိ ရ သည်။ စေတနာထားပြီးလုပ်ကိုင်ပေးသော ကုမ္ပဏီများရှိသကဲ့သို့ စေတနာမထားဘဲ လုပ်ဆောင်နေသော ကုမ္ပဏီများရှိကြောင်းလည်း လက်သမားအသိုင်းအ၀ိုင်းမှ သိရသည်။



1 comment:

  1. Planet Win 365 Casino Review 2021 - A Real Casino Bonus
    Planet Win 365 is vua nhà cái one of the casinos that planet win 365 have been around since 1998. They have over 5000 games, including slots and table ボンズ カジノ games.

    ReplyDelete