ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Saturday, February 2, 2013

ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သောကုလသမဂ္ဂအဖွဲ့ကြီး၏ပဋိဉာဉ်။(၁)။ .

ကုလသမဂ္ဂအဖွဲ့ကြီး၏ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သော ပဋိဉာဉ်အား ခေတ်သစ် အခြေအနေနှင့် အညီ  ပြုပြင်ပြောင်း လဲဆောင်ရွက်နိုင်မှသာနိုင်ငံတကာရှိကြီးနိုင်ငယ်ညှင်းမတရားမှုများပျောက် ပျက်အောင် ဆောင် ရွက်နိုင် ပါမည်။  အာဏာရှင်များ၏ပြည်တွင်းရေးမှာ ကမ္ဘာ့ကြီးအတွက် လူ့အခွင့်အရေး ဆိုင်ရာ သေရေး ရှင်ရေးပြ သနာ များဖြစ်ပါသည်။ လူသားမျိုးနွယ်စုများအပေါ်ကျူးလွန်သည့်ရာဇဝတ်များ လူမျိုးတုန်း သတ်ဖျက်မှုများ လူ့ဂုဏ် သိက္ခာ လူ့တန်ဘိုးနှင့်မွေးရာပါရပိုင်ခွင့်များကို နှင်းချေ ဖျက်ဆီးမှု များမှာနှစ်ကာလရှည်ကြာ စွာတည် တံလျှက် ရှိနေပါသည်။ လွတ်လပ်စွာ ယုံကြည်ဖန်တီး လုပ်ကိုင်ခွင့်များ အပါအဝင် ဘာသာရေး ကိုးကွယ် ယုံကြည်ခွင့် ကျင့် သုံးဆောင် ရွက်ခွင့် ဖြန့်ချိဟောပြောခွင့်များနှင့် ရိုးထုံးဓလေ့များ ဆိုင်ရာ ထိန်းသိမ်းခွင့် သင်ကြားခွင့် ဆန်းသစ်တီးထွင် ဖန်တီးခွင့်များအပါအဝင် လက်တွေ့အသုံးချခွင့် နှီနော်ဖလှယ်ခွင့် များ အားလုံးတို့ကို ကန့်သတ်ခြင်း ပိတ်ပင်တားမြစ်ခြင်းများပြုလုပ်ကြပါသည်။ ကန့်သတ်ပိတ်ပင်တားမြစ်မှုများကိုစံနစ်တစ်ကျစီမံကိန်း များချမှတ်အကောင် အထည်ဖေါ်ဆောင်ရွက်ကြသောငြားလည်းကျိုးကြောင်းဆီလျှော်စွာ ပြုလုပ် သည်မဟုတ်ပါ။ တစ်ကျောင်း တစ်ဂါတာ သဘောမျိုး နေရာနှင့် ပုဂ္ဂိုလ်ကွဲပြားမှု အလိုက်လုပ်ချင်သလိုပင်လုပ်ကြပါသည်။ ထိုဖိနှိပ်မှု အလုံး စုံတို့အတွက် အာဏာရှင်ပတ်ချုပ်ကြီး၏အစိုးရအဖွဲ့က လူထုအားလှည့်စားချွေး သိပ်ပုံကား “အမျိုး - ဘာသာ - သာသနာ ကိုထိန်သိမ်းကာကွယ်စောင့်ရှောက်ရေး" ၊ “ပြည်ထောင်စုမပြိုကွဲရေး" ၊ “တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေး" တို့ဖြစ်ပြီး လူထုမှာ ဟန်ဆောင်ဝါဒ ဖြန့်ချိမှုဖြစ်သည်ကိုလည်းကောင်း ၊ လက်တွေ့ မျက်တွေ့ တွင်အကျိုး မခံစား ရ ယုံမက ဆန့်ကျင်ဘက် ဆိုးကျိုးရလာဒ်များသာ ရရှိခံစားနေ ရသည်ကို လည်းကောင်း ၊ သိလျှက် နှင့် မလူးသာ မလိမ့်သာပိတ်မိနေကြရှာသည်။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး T M T
Jade Land

ကချင်ပြည်နယ်မှာတော့ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေက ဆက်ပြီ်း ပြင်းထန်နေဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခ သည်တွေ ကို ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ဒုက္ခသည်တွေ ဆီ သွားရောက်ကူညီခွင့်ကိုလည်း မြန်မာအစိုးရဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း HRW လူ့အခွင့်အရေး   စောင့်ကြည့်လေ့ လာရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ရှိသူ John Fifton က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အပေါ် တုံပြန်ဖြေရှင်းတာ၊ ကချင်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေဆီကို ကြက်ခြေနီအဖွဲ့တွေ နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုဖို့ အကူအညီပေးမယ် ဆိုတဲ့ကိစ္စတွေက လက်တွေ့ဖြစ် မလာသေးပါဘူး....

No comments:

Post a Comment