ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Saturday, February 2, 2013

"The Message Of Islam အပိုင်း ၂"

Mohammed Naeem's photo.
"The Message Of Islam အပိုင်း ၂" 

အဗီစီးနီးယားနိုင်ငံ (ယခု အီသီယိုပီးယားနိုင်ငံ) ဘုရင်ကြီး နဂျာရှီ (Negus) ဟာ သာဝကကြီး ဂျာအ်ဖရ် (May Allah be pleased with him) ရဲ့ ဖြေကြားရှင်းပြတာတွေကို နားဆင်ပြီးတဲ့နောက် သာဝကကြီးကို ကုရ်အာန်ကျမ်းမြတ်မှာ ပါဝင်တဲ့ ကျမ်းစာအချို့ကို ဖတ်ကြားပြဖို့ တောင်းဆိုပါတယ်။ ဘုရင်ကြီးအပါအဝင် အပါးတော်မြဲများ၊ တိုင်းသူပြည်သားများဟာ တမန်တော် အီစာ (Jesus) (Peace be upon him) ယူဆောင်လာတဲ့ သာသနာအပေါ် သက်ဝင်ယုံကြည်ကြပါတယ်။ ဘုရင်ကြီးရဲ့ အမိန့်ပေး တောင်းဆိုမှုကြောင့် သာဝကကြီး ဂျာအ်ဖရ် (May Allah be pleased with him) က ကုရ်အာန်ကျမ်းမြတ်မှ မရ်ယမ် ကဏ္ဌတော် (တမန်တော် အီစာ "Jesus" ရဲ့ မယ်တော် မာရီယာ အကြောင်းအရာ ကဏ္ဌ) (Peace be upon them) ကို ဖတ်ကြားပြပါတယ်။ သာဝကကြီးရဲ့ ဖတ်ရွတ်ပြမှု အပြီးမှာတော့ ဘုရင်ကြီးအပါအဝင် နန်းတော်အတွင်းမှာရှိနေတဲ့ သူများဟာ ငိုကြွေးနေကြပါတယ်။

အဲဒီနောက် ဘုရင်ကြီးက "အရှင်မြတ်ကို တိုင်တည် ကျိန်ဆိုပါတယ်။ အခု အသင်ဖတ်ရွတ်ပြခဲ့တဲ့ ကျမ်းစာတော်နဲ့ Jesus Christ (Peace be upon him) ယူဆောင်တော်မူလာတဲ့ ကျမ်းစာတော်များဟာ တစ်ပါးတည်းသော အရှင်မြတ် အထံတော်မှသာ ဖြစ်တယ်" လို့ ဝန်ခံလိုက်ပါတယ်။ မက္ကာမြို့ကနေ မွတ်စ်လင်မ်တွေကို ပြန်ခေါ်သွားဖို့ ရောက်လာတဲ့ ရန်သူတွေကိုလည်း မိမိအရိပ်ကို လာရောက်ခိုလှုံနေတဲ့ မွတ်စ်လင်မ်တွေကို လွှဲပြောင်းပေးမှာ မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းဆိုလိုက်ပါတယ်။ ဒါကြောင့် မက္ကာမြို့သား ရန်သူများဟာ သူတို့တောင်းဆိုချက်တွေကို ဘုရင်ကြီးရဲ့ ငြင်းပယ်မှုကြောင့် အရှက်တကွဲဖြစ်ပြီး သိက္ခာကျရပါတော့တယ်။

မက္ကာမြို့သား ရန်သူများဟာ ဘုရင်ကြီးရှေ့မှာ မွတ်စ်လင်မ်တွေကြောင့် သူတို့အရှက်ရတာကို ကလဲ့စားချေဖို့ ဥာဏ်နီ ဥာဏ်နက်ဆင်ပြီး စောဒကတက်ကြရန် စီစဉ်ကြပြန်ပါတယ်။ တစ်ဦးက ဘုရင်ကြီး အမျက်ထွက်ပြီး မွတ်စ်လင်မ်တွေကို သတ်ပစ်စေမဲ့ နည်းလမ်းကို သုံးရန် အကြံပြုပါတယ်။ တစ်ချို့က မိမိတို့ နှင့် သွေးသားရင်းချာတွေ ဖြစ်တဲ့အတွက် အဲဒီလောက်အထိ မရက်စက်သင့်ကြောင်း တားမြစ်ကြပါတယ်။ ဒါပေမဲ့ အများစုက အစ္စလာမ်ဘာသာကို မုန်းတီးစိတ်က ပြင်းထန်နေလေတော့ မွတ်စ်လင်မ်တွေကို အဆုံးစီရင်လိုက်မှသာ အစ္စလာမ်ဘာသာ ပြန့်ပွားနေတာ ရပ်တန့်သွားမယ်ဆိုပြီး ဆွေမျိုးတော်စပ်မှုကိုတောင် မထောက်ထားတော့ဘဲ လက်တစ်ဆုပ်စာသာရှိသေးတဲ့ မွတ်စ်လင်မ်တွေကို အပြတ်ရှင်းနိုင်ရေးသာ အဓိက ထားနေကြပါတယ်။

နောက်တစ်နေ့မှာ မက္ကာမြို့သား ရန်သူများဟာ ဘုရင်ကြီးထံ အခစားဝင်ပြီး "အို ဘုရင်မင်းမြတ်၊ အရှင်မင်းကြီးကသာ အဲဒီ မွတ်စ်လင်မ်တွေကို အကာအကွယ်ပေးနေပေမဲ့ သူတို့ဟာ တမန်တော် အီစာ "Jesus Christ" (Peace be upon him) ကို တစ်ပါးတည်းသောအရှင်ရဲ့ သားတော်ဖြစ်ကြောင်း လက်မခံငြင်းဆန်ပြီး မလေးမခန့် ပြုကြပါတယ်" လို့ လျှောက်ထားကြပြန်ပါတယ်။

သူတို့ရဲ့ လျှောက်ထားမှုကြောင့် ဘုရင်ကြီးက မွတ်စ်လင်မ်တွေကို အခစားဝင်ရန် အမိန့်ထုတ် ဆင့်ခေါ်လိုက်ပါတယ်။ ဒီတစ်ကြိမ်လည်း မွတ်စ်လင်မ်တွေ စိုးရိမ်သောကတွေ ဖြစ်ကြရပြန်ပါတယ်။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ အမှန်တရားကို လက်ခံတတ်တဲ့ အကြောင်းသိရှိထားကြတဲ့အတွက် ဘာပဲမေးပါစေ အမှန်အတိုင်းသာ ပြောပြကြရန် ဆုံးဖြတ်ပြီး ဘုရင်ကြီးထံပါး အခစား ဝင်လိုက်ပါတယ်။ 

မွတ်စ်လင်မ်တို့ကို တွေ့တာနဲ့ ဘုရင်ကြီးက တမန်တော် အီစာ "Jesus Christ" (Peace be upon him) နှင့် ပတ်သက်ပြီး ဘယ်လိုသဘောထားကြောင်း မေးမြန်းပါတော့တယ်။

မွတ်စ်လင်မ်တို့က "အို အရှင်မင်းကြီး၊ ကျွန်တော်တို့ကို အစ္စလာမ်ဘာသာအကြောင်း သင်ကြားပေးတော်မူသော ကျေးဇူးရှင် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) က တမန်တော် အီစာ "Jesus Christ" (Peace be upon him) နဲ့ ပတ်သက်ပြီး ကုရ်အာန်ကျမ်းမြတ်တွင် ပါရှိတဲ့အတိုင်း လက်ခံရန် သင်ကြားပေးတော်မူပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ တမန်တော် အီစာ "Jesus Christ" (Peace be upon him) ကို အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော် တစ်ပါး အဖြင့် အပျိုစင် မယ်တော် မရ်ယမ် (မာရီယာ) (Peace be upon her) ရဲ့ ဝမ်းကြာတိုက်မှာ သန္ဓေတည်ပြီး ဖွားမြင်ခဲ့ကြောင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တစ်ဦး ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ပေးသနားတော်မူသည့် "ရူးဟ်" သန့်ရှင်းသော ဝိညာဉ်တော် ဆိုတဲ့ ဘွဲ့ထူးရရှိသော အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော မဟာလူသား တမန်တော် တစ်ပါးဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်" လို့ လျှောက်ထားလိုက်ပါတယ်။ 

မွတ်စ်လင်မ်တို့ရဲ့ ရှင်းပြချက်တွေ နားထောင်နေတဲ့ ဘုရင်ကြီးက "ဟုတ်မှန်လှပါတယ်။ "Jesus Christ" (Peace be upon him) ကိုယ်တော်လည်း ဒီအတိုင်းသာ အမိန့်ရှိတော်မူခဲ့ပေတယ်" လို့ ဝန်ခံလိုက်ပါတယ်။ ဒီအခါမှာတော့ နန်းတော်တွင်းမှာ ခစားနေတဲ့ ပုရောဟိတ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အပါးတော်မြဲတွေ အားလုံး ဘုရင်ကြီးရဲ့ ဝန်ခံချက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတယ်။ ဘုရင်ကြီးက ဆက်လက်ပြီး မက္ကာမြို့သား ရန်သူများ ဆက်သလာတဲ့ လက်ဆောင်ပဏ္ဌာတွေကို သူတို့ကိုပြန်ပေးစေပြီး မွတ်စ်လင်မ်တို့ကို "အသင်တို့ စိတ်ချကြည်သာစွာ နေထိုင်ကြလော့။ အသင်တို့အား ညှင်းပမ်းနှိပ်စက်သူတွေကို လျော်ကြေးပေးဆပ်စေသည့် ဒဏ်ခတ်မယ်" လို့ အာမခံချက်ပေးပြီး ချက်ချင်းပဲ လျော်ကြေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီ ဥပဒေကြောင့် မွတ်စ်လင်မ်တို့ဟာ ပုန်းလျှိုး ကွယ်လျှိုး နေရတဲ့ ဘဝကနေ အစ္စလာမ်ဘာသာကို တင့်တယ်စွာ ကျင့်သုံးခွင့်ရသွားပါတယ်။ ဘုရင်ကြီးနှင့် လူအများရှေ့မှာ နှစ်ကြိမ် နှစ်ခါ အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ မက္ကာမြို့သား ရန်သူများဟာ စိတ်မသာမယာနဲ့ လက်မဲ့ဖြစ်ပြီး မက္ကာမြို့ကို ပြန်သွားခဲ့ရပါတယ်။

အဲဒီအချိန်မှာ နောင်အခါ မွတ်စ်လင်မ်တို့ရဲ့ ခေါင်းဆောင်ကြီး (အစ္စလာမ့်သမိုင်းရဲ့ ဒုတိယမြောက် ခလီဖာ "Caliph") ဖြစ်လာမဲ့ သာဝကကြီး အွမ္မာရ် (May Allah be pleased with him) ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရန်သူကြီး အဖြင့်ကနေ အစ္စလာမ်ဘာသာကို လက်ခံလိုက်ပြီး မွတ်စ်လင်မ်တွေကို ညှင်းပန်းနေသူများကို တန်ပြန် ရင်ဆိုင်ပြီး အောင်ပွဲဆင်နေတာကြောင့် မက္ကာမြို့သား ရန်သူများဟာ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) နှင့် သာဝကကြီးများကို အဆုံးစီရင်ရေးနဲ့ ထွန်းတောက်နေပြီ ဖြစ်တဲ့ အစ္စလာမ့်ရောင်ခြည်ကို ငြိမ်းသတ်ရေးအတွက် ဥာဏ်နီ ဥာဏ်နက်ဆင်ပြီး အကြံဆိုးများ ထုတ်နေကြပြန်ပါတယ်။ 

Ref: Hayatus Swahaba

"The Message Of Islam အပိုင်း ၃" ဆက်ရန် ------

 "The Message Of Islam အပိုင်း ၁" ဖတ်ရန် Link ကို သွားပါ။

http://www.facebook.com/photo.php?fbid=4170093092145&set=a.3301657221791.2130172.1278756611&type=1&theater 

Mohammed Naeem
‎"The Message Of Islam အပိုင်း ၂"

အဗီစီးနီးယားနိုင်ငံ (ယခု အီသီယိုပီးယားနိုင်ငံ) ဘုရင်ကြီး နဂျာရှီ (Negus) ဟာ သာဝကကြီး ဂျာအ်ဖရ် (May Allah be pleased with him) ရဲ့ ဖြေကြားရှင်းပြတာတွေကို နားဆင်ပြီးတဲ့နောက် သာဝကကြီးကို ကုရ်အာန် ကျမ်းမြတ်မှာ ပါဝင်တဲ့ ကျမ်းစာအချို့ကို ဖတ်ကြားပြဖို့ တောင်းဆိုပါတယ်။ ဘုရင်ကြီးအပါအဝင် အပါးတော်မြဲ များ၊ တိုင်းသူပြည်သားများဟာ တမန်တော် အီစာ (Jesus) (Peace be upon him) ယူဆောင် လာတဲ့ သာသနာအပေါ် သက်ဝင်ယုံကြည်ကြပါတယ်။ ဘုရင်ကြီးရဲ့ အမိန့်ပေး တောင်း ဆိုမှုကြောင့် သာဝကကြီး ဂျာအ်ဖရ် (May Allah be pleased with him) က ကုရ်အာန်ကျမ်းမြတ်မှ မရ်ယမ် ကဏ္ဌတော် (တမန်တော် အီစာ "Jesus" ရဲ့ မယ်တော် မာရီယာ အကြောင်းအရာ ကဏ္ဌ) (Peace be upon them) ကို ဖတ်ကြားပြ ပါတယ်။ သာဝကကြီးရဲ့ ဖတ်ရွတ်ပြမှု အပြီးမှာတော့ ဘုရင်ကြီးအပါအဝင် နန်းတော် အတွင်း မှာရှိနေတဲ့ သူများဟာ ငိုကြွေးနေကြပါတယ်။

အဲဒီနောက် ဘုရင်ကြီးက "အရှင်မြတ်ကို တိုင်တည် ကျိန်ဆိုပါတယ်။ အခု အသင်ဖတ်ရွတ်ပြခဲ့တဲ့ ကျမ်းစာတော်နဲ့ Jesus Christ (Peace be upon him) ယူဆောင်တော်မူလာတဲ့ ကျမ်းစာတော်များဟာ တစ်ပါးတည်းသော အရှင်မြတ် အထံတော်မှသာ ဖြစ်တယ်" လို့ ဝန်ခံလိုက်ပါတယ်။ မက္ကာမြို့ကနေ မွတ်စ်လင်မ်တွေကို ပြန်ခေါ်သွားဖို့ ရောက်လာတဲ့ ရန်သူတွေကိုလည်း မိမိအရိပ်ကို လာရောက်ခိုလှုံနေတဲ့ မွတ်စ်လင်မ်တွေကို လွှဲပြောင်းပေးမှာ မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းဆိုလိုက်ပါတယ်။ ဒါကြောင့် မက္ကာမြို့သား ရန်သူများဟာ သူတို့တောင်းဆိုချက်တွေကို ဘုရင်ကြီးရဲ့ ငြင်းပယ်မှုကြောင့် အရှက် တကွဲဖြစ်ပြီး သိက္ခာကျရပါတော့တယ်။

မက္ကာမြို့သား ရန်သူများဟာ ဘုရင်ကြီးရှေ့မှာ မွတ်စ်လင်မ်တွေကြောင့် သူတို့အရှက်ရတာကို ကလဲ့စားချေ ဖို့ ဥာဏ်နီ ဥာဏ်နက်ဆင်ပြီး စောဒကတက်ကြရန် စီစဉ်ကြပြန်ပါတယ်။ တစ်ဦးက ဘုရင်ကြီး အမျက် ထွက်ပြီး မွတ်စ်လင်မ်တွေကို သတ်ပစ်စေမဲ့ နည်းလမ်းကို သုံးရန် အကြံပြုပါတယ်။ တစ်ချို့က မိမိတို့ နှင့် သွေးသားရင်းချာတွေ ဖြစ်တဲ့အတွက် အဲဒီလောက်အထိ မရက်စက်သင့်ကြောင်း တားမြစ်ကြပါ တယ်။ ဒါပေမဲ့ အများစုက အစ္စလာမ်ဘာသာကို မုန်းတီးစိတ်က ပြင်းထန်နေလေတော့ မွတ်စ်လင်မ်တွေကို အဆုံးစီရင်လိုက်မှသာ အစ္စလာမ်ဘာသာ ပြန့်ပွားနေတာ ရပ်တန့်သွားမယ် ဆိုပြီး ဆွေမျိုးတော်စပ် မှုကိုတောင် မထောက်ထားတော့ဘဲ လက်တစ်ဆုပ်စာသာရှိသေးတဲ့ မွတ်စ်လင်မ်တွေကို အပြတ်ရှင်းနိုင်ရေး သာ အဓိက ထားနေကြပါတယ်။

နောက်တစ်နေ့မှာ မက္ကာမြို့သား ရန်သူများဟာ ဘုရင်ကြီးထံ အခစားဝင်ပြီး "အို ဘုရင်မင်းမြတ်၊ အရှင် မင်းကြီး ကသာ အဲဒီ မွတ်စ်လင်မ်တွေကို အကာအကွယ်ပေးနေပေမဲ့ သူတို့ဟာ တမန်တော် အီစာ "Jesus Christ" (Peace be upon him) ကို တစ်ပါးတည်းသောအရှင်ရဲ့ သားတော်ဖြစ်ကြောင်း လက်မခံငြင်းဆန်ပြီး မလေးမခန့် ပြုကြပါတယ်" လို့ လျှောက်ထားကြပြန်ပါတယ်။

သူတို့ရဲ့ လျှောက်ထားမှုကြောင့် ဘုရင်ကြီးက မွတ်စ်လင်မ်တွေကို အခစားဝင်ရန် အမိန့်ထုတ် ဆင့်ခေါ် လိုက်ပါတယ်။ ဒီတစ်ကြိမ်လည်း မွတ်စ်လင်မ်တွေ စိုးရိမ်သောကတွေ ဖြစ်ကြရပြန်ပါတယ်။ ဒါပေမဲ့ ဘုရင်ကြီး ရဲ့ အမှန်တရားကို လက်ခံတတ်တဲ့ အကြောင်းသိရှိထားကြတဲ့အတွက် ဘာပဲမေးပါစေ အမှန်အတိုင်း သာ ပြောပြကြရန် ဆုံးဖြတ်ပြီး ဘုရင်ကြီးထံပါး အခစား ဝင်လိုက်ပါတယ်။

မွတ်စ်လင်မ်တို့ကို တွေ့တာနဲ့ ဘုရင်ကြီးက တမန်တော် အီစာ "Jesus Christ" (Peace be upon him) နှင့် ပတ်သက်ပြီး ဘယ်လိုသဘောထားကြောင်း မေးမြန်းပါတော့တယ်။

မွတ်စ်လင်မ်တို့က "အို အရှင်မင်းကြီး၊ ကျွန်တော်တို့ကို အစ္စလာမ်ဘာသာအကြောင်း သင်ကြားပေးတော် မူသော ကျေးဇူးရှင် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) က တမန်တော် အီစာ "Jesus Christ" (Peace be upon him) နဲ့ ပတ်သက်ပြီး ကုရ်အာန်ကျမ်းမြတ်တွင် ပါရှိတဲ့အတိုင်း လက်ခံရန် သင်ကြားပေးတော် မူပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ တမန်တော် အီစာ "Jesus Christ" (Peace be upon him) ကို အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော် တစ်ပါး အဖြင့် အပျိုစင် မယ်တော် မရ်ယမ် (မာရီယာ) (Peace be upon her) ရဲ့ ဝမ်းကြာတိုက်မှာ သန္ဓေတည်ပြီး ဖွားမြင်ခဲ့ကြောင်း၊ အလ္လာဟ် အရှင်မြတ် ၏ ကျေးကျွန်တစ်ဦး ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ပေးသနားတော်မူသည့် "ရူးဟ်" သန့်ရှင်းသော ဝိညာဉ်တော် ဆိုတဲ့ ဘွဲ့ထူးရရှိသော အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော မဟာလူ သား တမန်တော် တစ်ပါးဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်" လို့ လျှောက်ထားလိုက်ပါတယ်။

မွတ်စ်လင်မ်တို့ရဲ့ ရှင်းပြချက်တွေ နားထောင်နေတဲ့ ဘုရင်ကြီးက "ဟုတ်မှန်လှပါတယ်။ "Jesus Christ" (Peace be upon him) ကိုယ်တော်လည်း ဒီအတိုင်းသာ အမိန့်ရှိတော်မူခဲ့ပေတယ်" လို့ ဝန်ခံလိုက်ပါတယ်။ ဒီအခါမှာတော့ နန်းတော်တွင်းမှာ ခစားနေတဲ့ ပုရောဟိတ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အပါးတော်မြဲတွေ အားလုံး ဘုရင်ကြီးရဲ့ ဝန်ခံချက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတယ်။ ဘုရင်ကြီးက ဆက်လက်ပြီး မက္ကာမြို့သား ရန်သူများ ဆက်သလာတဲ့ လက်ဆောင်ပဏ္ဌာတွေကို သူတို့ကိုပြန်ပေးစေပြီး မွတ်စ်လင်မ်တို့ကို "အသင်တို့ စိတ်ချကြည်သာစွာ နေထိုင်ကြလော့။ အသင်တို့အား ညှင်းပမ်းနှိပ်စက် သူတွေကို လျော်ကြေးပေးဆပ်စေသည့် ဒဏ်ခတ်မယ်" လို့ အာမခံချက်ပေးပြီး ချက်ချင်းပဲ လျော်ကြေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီ ဥပဒေကြောင့် မွတ်စ်လင်မ်တို့ဟာ ပုန်းလျှိုး ကွယ်လျှိုး နေရတဲ့ ဘဝကနေ အစ္စလာမ်ဘာသာကို တင့်တယ်စွာ ကျင့်သုံးခွင့်ရသွားပါတယ်။ ဘုရင်ကြီးနှင့် လူအများရှေ့မှာ နှစ်ကြိမ် နှစ်ခါ အရှက် တကွဲ ဖြစ်ခဲ့ရတဲ့ မက္ကာမြို့သား ရန်သူများဟာ စိတ်မသာမယာနဲ့ လက်မဲ့ဖြစ်ပြီး မက္ကာမြို့ကို ပြန် သွားခဲ့ရပါတယ်။

အဲဒီအချိန်မှာ နောင်အခါ မွတ်စ်လင်မ်တို့ရဲ့ ခေါင်းဆောင်ကြီး (အစ္စလာမ့်သမိုင်းရဲ့ ဒုတိယမြောက် ခလီဖာ "Caliph") ဖြစ်လာမဲ့ သာဝကကြီး အွမ္မာရ် (May Allah be pleased with him) ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရန်သူကြီး အဖြင့်ကနေ အစ္စလာမ်ဘာသာကို လက်ခံလိုက်ပြီး မွတ်စ်လင်မ်တွေကို ညှင်းပန်းနေသူများကို တန်ပြန် ရင်ဆိုင်ပြီး အောင်ပွဲဆင်နေတာကြောင့် မက္ကာမြို့သား ရန်သူများဟာ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) နှင့် သာဝကကြီးများကို အဆုံးစီရင်ရေးနဲ့ ထွန်းတောက်နေပြီ ဖြစ်တဲ့ အစ္စ လာမ့်ရောင်ခြည် ကို ငြိမ်းသတ်ရေးအတွက် ဥာဏ်နီ ဥာဏ်နက်ဆင်ပြီး အကြံဆိုးများ ထုတ်နေကြပြန် ပါတယ်။

Ref: Hayatus Swahaba

"The Message Of Islam အပိုင်း ၃" ဆက်ရန် ------

"The Message Of Islam အပိုင်း ၁" ဖတ်ရန် Link ကို သွားပါ။

http://www.facebook.com/photo.php?fbid=4170093092145&set=a.3301657221791.2130172.1278756611&type=1&theater

Mohammed Naeem

No comments:

Post a Comment