ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Saturday, February 2, 2013

အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဖိလစ်ပိုင် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိမည်

Aye Chan Mon's photo.
အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဖိလစ်ပိုင် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိမည်

အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ပုံမှန် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

USS Cheyenne (SSN 773) သည် ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်း Zambales ပြည်နယ် Subic ပင်လယ်အော်ရှိ အမေရိကန် ရေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြ ခဲ့ပါသည်။ Los Angeles အတန်းအစား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ရိက္ခာများ ဖြည့်တင်းရန်နှင့် တပ်ဖွဲ့ဝင် များအား အနားပေးရန် အတွက် အဆိုပါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

USS Cheyenne (SSN 773) သင်္ဘောသည် အလျား ၃၆ဝ ပေ အရှည်ရှိပြီး ရေအောက်၌ ငုပ်လျှိုး နေချိန်၌ အလေးချိန် ၆,၉ဝဝ တန် ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5968-2013-02-02-09-15-34#.UQykwfJafro

Credit to : မြ၀တီ
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

No comments:

Post a Comment