ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Sunday, February 3, 2013

ရခိုင်မှတ်တမ်းက ပြောတဲ့ ရိုဟင်ဂျာတိုင်းရင်းသား


ရိုဟင်ဂျာလူမျိုးဟာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ခါးခါးသီးသီး ငြင်းပယ်နေတဲ့သူတွေ၊ စစ်အာဏာ ရှင်တွေ နဲ့ ပေါင်းပြီး ရခိုင်ပြည်နယ်နဲ့ ယင်းပြည်နယ်အတွင်း မှီတင်းနေထိုင်နေ ခဲ့ကြတဲ့ ပြည်သူတွေကို ရက်ရက် စက်စက် သတ်ဖြတ်၊ နှိပ်စက်၊ မုဒိမ်းကျင့်စတဲ့ လူမဆန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုကြီး (Genocide)ကို ကျူးလွန်နေကြတဲ့ RNDP, ALD စတဲ့ပါတီက ရခိုင်ခေါင်းဆောင်တွေနဲ့ ၎င်းတို့ရဲ့ နောက် လိုက် အလိုတော်ရိတွေရယ်၊ ရခိုင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ၊ ရခိုင်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ကျုပ်တို့ရဲ့ အမိ မြန်မာနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနေကြတဲ့သူတွေရယ်၊ သမိုင်းစစ်၊ သမိုင်းမှန်ကို သွေ ဖည်ငြင်းဆန် လက်မခံပဲ လိမ်လည်လုပ်ကြံဖန်တီးထားတဲ့ သမိုင်းတွေကို ရေးသားနေတဲ့သူတွေရယ်၊ ယင်း သမိုင်းလိမ် ဆရာကြီးများကို ဦးထိပ်ပန်ဆင်ပြီးဆည်းကပ်နေကြတဲ့သူတွေရယ် ဖတ်ဖို့အတွက် ဒီမှတ်တမ်း ကို ပြန်လည် စာစီပြီးတင်ပေးလိုက်ပါတယ်။


ဒီမှတ်တမ်းဟာ နှစ်ပေါင်း (၂၄) နှစ် ရှိခဲ့ပါပြီ။ ရခိုင်ပြည်နယ်အား ‘ကိုယ့်ကျွန်ဘ၀’က လွတ်မြောက်ဖို့ လက်နက်စွဲ ကိုင် တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားတွေရဲ့ မှတ်တမ်း ဖြစ်တယ်။ ပါတီသုံးခုမှာ ၂ ခုက ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပါတီများဖြစ်ပြီး၊ တစ်ပါတီကတော့ ရိုဟင်ဂျာလူမျိုး၊ အစ္စလာမ်ဘာသာ ၀င်တွေရဲ့ပါတီဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၄) နှစ်နီးပါးက မှတ်တမ်းဟာ ယခုမျက်မှောက်ခေတ်ရဲ့ သမိုင်းမှတ်တမ်းဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အဖြစ်အပျက်ဟာ မနက်ဖြန်ရဲ့ သမိုင်း မို့ပါ။ နှစ်ပေါင်း (၂၄) နှစ်နီးပါးဆိုတဲ့ အချိန်ကာလဟာ နည်းသော ကာလမဟုတ်ပါ။ အကယ်၍ ၁၉၈၉ ခုနှစ် မွေးခဲ့တဲ့ လူသားတစ်ဦးဟာ အချိန်နဲ့အခါနဲ့ ပညာသင်ယူခဲ့မယ်ဆိုရင်၊ အခု မြန်မာပြည်ရဲ့ မအောင် မရှိ ငါ့တပည့်ဆိုတဲ့ ပညာရေးစနစ်နဲ့ဆိုရင် ဘွဲ့တစ်ခုကို ရပြီးဖြစ်နေပါပြီ။ ဘွဲ့ရယုံမျှမက တစ်ချို့ဆိုလျှင် အိမ်ထောင်ပြု၍ သားသမီးငယ်များပင် ရနေလောက်ပါပြီ။

သမိုင်းစစ်၊ သမိုင်းမှန်ဟူသည် ဖျောက်ဖြက်ပစ်၍ ရကောင်းသောအရာ မဟုတ်ပါ။ ရှေ့ကဖုန်း လျှင် နောက် က ပေါ်ပေလိမ့်မည်။ ဒါကြောင့် ရခိုင်လူမျိုးများအပါအ၀င် မြန်မာပြည်သူလူထုကြီးအနေနဲ့ စစ်အာဏာရှင် များနဲ့ ပေါင်းပြီး၊ တိုင်းပြည်နဲ့ ပြည်သူကို ပက်ပက်စက်စက် ရစရာမရှိအောင် ဖျက်စီးနေကြသော RNDP ပါတီနဲ့ ALP ပါတီမှ မျက်ကန်းမျိုးချစ် ဒေါက်တာအေးမောင်အပါအ၀င် တိုင်းဖျက်၊ ပြည်ဖျက်၊ မျိုးပျက်၊ သာသနာပျက်များရဲ့ မိုးလုံးပြည့်မုသားဝါဒကို လက်ခံယုံကြည်ခြင်း မရှိပဲ ထိုတိုင်းဖျက်၊ ပြည်ဖျက်၊ မျိုးပျက်၊ သာသနာပျက်များကို ခုခံတော်လှန် သုတ်သင်ချေမှုန်းကြရမှာ ဖြစ်ပါတယ်။ အကယ်၍ စာရှုသူဟာ လူသားဆန်တဲ့ လူရည်မွန်တစ်ဦးဖြစ်ပြီး၊ အမှန်တရားနဲ့ တရားမျှတမှုကို စစ်စစ်မှန်မှန် ချစ်မြတ်နိုးတယ် ဆိုရင်ပေါ့။

မြန်မာပြည်သူလူထုတစ်ရပ်လုံး လူဝတ်ကြောင် စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့ အလိုတော်ရိ လူ ယုတ်မာ များရဲ့ လှည့်စားခြင်း၊ ယုတ်မာခြင်း၊ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်း၊ နှိပ်စက်ခြင်း အမျိုးမျိုးမှ ကင်းဝေးကြပါစေ။ အာမီးန်။

ချမ်းမြေ့
12-01-2013


မှတ်တမ်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။




ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ တော်လှန်သော အမျိုးသားကောင်စီ (RNP)၊ အာရ်ကာန် ရိုဟင်ဂျာ အစ္စလာမစ်တပ်ဦး (ARIF)တို့၏ (၃) ပါတီ ပမာဏ ဆွေးနွေးပွဲမှ သဘောထားတူညီချက်။
===========================================================

၁၉၈၉ ခု၊ ဇွန်လ (၁၁) ရက်နေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ တော်လှန်သော အမျိုး သားကောင် စီ (RNP)နှင့် အာရ်ကာန် ရိုဟင်ဂျာအစ္စလာမစ်တပ်ဦး (ARIF)တို့မှ ကိုယ်စား လှယ်များသည် ARIF ဌာနချုပ်တွင် ချစ်ခင်ရင်းနှီးမှု၊ ပွင့်လင်းမှု အပြည့်အ၀ဖြင့် ညှိနှိုင်းဆွေးနွေး ကြပါသည်။ ဤဆွေးနွေး ပွဲတွင် ALP မှ ကိုယ်စားလှယ်အဖြစ် ခိုင်ရဲနိုင် (ဗဟိုကော်မတီဝင်)၊ ခိုင် ရောင်နီထွန်း (ပါတီကေဒါ)၊ RNP မှ ကိုယ်စားလှယ်အဖြစ် ဦးစိန်ညွှန့်သာ (ဥက္ကဌ)တို့ ပါဝင်ပြီး၊ ARIF ကိုယ်စားလှယ်အဖြစ် ဦးအဒူဂေါ်နီ (ဒု-ဥက္ကဌ)နှင့် ဦးအာမာန်အုလ္လာ (ဗဟိုကော်မတီဝင်)တို့ ပါဝင်ကြသည်။

ဤဆွေးနွေးပွဲတွင် (၃) ပါတီ ကိုယ်စားလှယ်များသည် အောက်ဖော်ပြပါ တူညီသော သဘောထားအမြင် များကို ရရှိကြပါသည်။

(က) ရခိုင်ပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍၊

၁။ ရခိုင်ပြည်သည် ရခိုင်၊ ရိုဟင်ဂျာ၊ ချင်း၊ ခမီး၊ မြူ၊ ဒိုက်နက်၊ သက် အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ ပိုင် ဆိုင်သော နိုင်ငံဖြစ်ပြီး၊ အချုပ်အချာအာဏာပိုင်ဆိုင်ခဲ့ သော၊ လွတ်လပ်ခဲ့သော ကိုယ်မင်းကိုယ်ချင်းနိုင် ငံ ဖြစ်ခဲ့သည်။

၂။ အေဒီ ၁၇၈၄ ခုနှစ် ဗမာဘုရင် မောင်ဝိုင်း ကျူးကျော်သိမ်းပိုက်သည်မှ ရခိုင်ပြည် သည် ဗမာနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၄၀ ကျော် ကိုလိုနီအဖြစ်ကိုလည်း ကောင်း၊ ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီအဖြစ်ကိုလည်းကောင်း၊ ခံခဲ့ရပါသည်။ ၁၉၄၈ ခု၊ ဇန်နိုဝါရီလ (၄) ရက်နေ့တွင် ဗမာနိုင်ငံ လွတ်လပ်ရေးရရှိသော်လည်း၊ ရခိုင်ပြည်သည် လွတ်လပ်ရေး၏ အရသာကို ခံစားနိုင်ခြင်း မရှိပဲ၊ ဗမာနယ်ချဲ့တို့၏ စိုးမိုးမှုအောက်တွင် ကိုလိုနီဘ၀နှင့်သာ တည်ရှိလျှက်ပင် ရှိနေသည်။

၃။ ဤသို့ ရခိုင်ပြည် ကျွန်သက်ရှည်ရခြင်းသည် ဗမာနယ်ချဲ့တို့၏ လှည့်စားမှုနှင့် တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု မရှိမှု၊ တိုင်းရင်းသားအသီးသီးအား ကိုယ်စားပြု သော ခေါင်းဆောင်တို့၏ အမြင်ကြည် လင်ပြတ် သားမှု မရှိမှုတို့ကြောင်း ဖြစ်သည်။

၎။ ဤသို့ ကျွန်သက်ရှည်မှုကြောင်းပင်လျှင် လက်ရှိ ရခိုင်ပြည်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေး မှုစသည့် နယ်ပယ်များတွင် ခောတ်နောက်ကျနေရပါသည်။

၅။ ရခိုင်ပြည်လွတ်လပ်ရေး မရရှိသရွေ့ကာလပတ်လုံး ရခိုင်ပြည်၏ စီးပွားရေး၊ နိုင်ငံ ရေး၊ လူမှုရေး၊ ယဉ်ကျေး မှုဘ၀တို့ မြှင့်တင်လာနိုင်မည် မဟုတ်ပေ။

၆။ ရခိုင်ပြည် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးမှလွဲ၍ အခြား နည်းလမ်း မရှိပေ။

၇။ ရခိုင်ပြည်လွတ်မြောက် တည်တံ့ရေးအတွက်လည်း တိုင်းရင်းသားအားလုံး ညီညွတ် မှုဖြင့် လူမျိုးပေါင်းစုံ ချစ်ကြည်ရေးတရားအပေါ် အခြေခံသော တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ တန်းတူမှု၊ မျှတမှုရှိသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် လိုအပ်ပါ သည်။

၈။ ဤသို့သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ရေးအတွက် ရခိုင်၊ ရိုဟင်ဂျာ၊ ချင်း၊ ခမီး၊ မြူ၊ သက်၊ ဒိုင်နက်အစရှိသော ရခိုင်ပြည်၏ တိုင်းရင်းသားအသီးသီးတို့ကို ကိုယ်စားပြုသော တော်လှန်ရေး အင်အားစု များပါဝင်သည့်တပ်ပေါင်းစုတရပ်ကို မဖြစ် မနေ ဖွဲ့စည်းရမည်။

(ခ) ၃ - ပါတီ ဆက်ဆံရေးနှင့်ပတ်သက်၍၊
၁။ ပါတီအချင်းချင်း အပြန်အလှန် လေးစားရန်။
၂။ ပါတီအချင်းချင်း လူမျိုးမခွဲခြားပဲ အပြန်အလှန် ကူညီရန်။
၃။ ပူးတွဲသတင်းပြန်ကြားရေး၊ ပူးတွဲ စုံစမ်းထောက်လှန်းရေး၊ ပူးတွဲ စစ်ဆင်ရေးများကို တတ်နိုင်သည့်အဆင့် ထိ ပြုလုပ်ဆောင်ရွ(က်)ရန် သဘောတူခံယူပါသည်။

နေ့စွဲ - ၁၉၈၉ ခု၊ ဇွန်လ (၁၁) ရက်။

လက်မှတ်များ

(၁) ခိုင်ရဲနိုင် (ALP)

(၂) ဦးစိန်ညွှန့်သာ (RNP)

(၃) အဒူဂေါ်နီ (ARIF)

PDF ဖိုင်ဖြင့် ဒေါင်း၍ သိမ်းဆည်းထားလိုသူများအတွက် လင့်ခ်များ-


http://www.scribd.com/doc/120025637/Rohingya-In-Rakhine-Record-pdf


http://www.mediafire.com/view/?9kkf087l3ah9k22


https://docs.google.com/file/d/0B4fThqDxAlBUUmJmQ1U3TW9QbW8

No comments:

Post a Comment