ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Sunday, February 3, 2013

အစိုးရ၏ ဦးစားပေးနယ်ပယ် ၁၀ ရပ်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက်ရန်ပါဝင်


Sunday, 03 February 2013

အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ဦးစားပေး နယ်ပယ် ၁၀ ရပ် ပါဝင်ပြီးအဆိုပါ ဦးစားပေး နယ်ပယ်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက် ဖြစ်ပေါ်ရေး ဆောင်ရွက် ရန်များဟူ၍ အချက်တစ်ချက် ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် အချက် ၁၀ ချက်ကို ထုက်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၁၀ ချက်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်များ တိုးတက် ဖြစ်ပေါ်လာရန် ဆောင်ရွက်ရန်ဟု ပါရှိခဲ့ခြင်းဖြစ်သည်။

“မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ရေး ဆိုတာက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။ အိုင်စီတီဆိုတာ ကလည်း ခက်တဲ့ အရာ တစ်ခုတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး ဥပဒေ အနေနဲ့က လွယ်လွယ် ကူကူ Pass ဖြစ်ဖို့ပဲ လိုတာပါ။ ထုတ်ခဲ့တဲ့ အကြမ်းက ပြင်ဖို့တွေ များနေတယ်။ အိုင်စီတီနယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေနဲ့တင် လုံလောက်ချင်မှ လုံလောက်မယ်။ ပြည်ပ က တရားဝင် ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိလာမှ နှစ်ဖက်စလုံး ပိုအဆင်ပြေ လာမယ်။ အစိုးရရဲ့ Good Government နဲ့ Clean Government ကို အကောင်အထည် ဖော်ဖို့ ဆိုရင်လည်း အိုင်စီတီ က သေချာစွာ အသုံးချနိုင်မှ ဖြစ်မှာပါ” ဟု Intelligent Solution မှ MD ဦးသိန်းထွဋ် က ပြောသည်။

ယခုအခါ၌ မိုဘိုင်း ဖုန်းလိုင်းများကို ဈေးနှုန်းလျှော့၍ ချထားပေးရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေ ချိန် ဖြစ်ပြီး အင်တာနက်စနစ် တိုးတက်လာရန်အတွက်လည်း SE ME WE 5 ဆက်ကြောင်းကို ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံ လျက် ရှိကြောင်း ဆက်သွယ်ရေး သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိ သည်။ ထို့အပြင် ၂၀၁၄-၂၀၁၅ ခုနှစ်၌ တယ်လီဖုန်း သိပ်သည်းဆသည် နိုင်ငံလူဦးရေ တစ်ဝက်ဖြစ်သည့် ၅၀ ရာခိုင်နှုန်းဆီသို့ ရောက်ရှိလာ မည်ဟုလည်း ခန့်မှန်းထားရှိကြသည်။

“နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်တွေမှာ ပြန့်နေကြတာ။ မိုဘိုင်းဖုန်းတွေ ချတယ်ဆိုရင် တစ်အချက် ကျေး လက်ဒေ သတွေအထိ ဝယ်ယူနိုင်တဲ့ ဈေးဖြစ်မလား ဆိုတာ စဉ်စားရဦး မယ်။ နှစ် အချက်က ဆက်သွယ်ရေး တိုင်တွေကို ကျေးလက်အထိ ရောက်အောင် အစိုးရက စိုက်ထူးပေးနိုင်ဦးမလား ဆိုတာ စဉ်းစားရဦးမယ်။ ဒီလို မစဉ်းစား ဘဲ စာရွက်တွေပေါ်မှာပဲ နံပါတ်တွေ တပ်သွားလို့တော့ မပြီးသေးဘူး။ဖြစ်နိုင်တဲ့အထိ စဉ်းစားဖို့တော့ လိုအပ်တယ်။ အမည်ခံပြီး တိုးချဲ့သွားလို့ကလည်း မဖြစ်သေးဘူး။ အင်တာနက်ပိုင်း ဆိုင်ရာမှာလည်း Speed ကောင်းနေဦးမှ အဆင်ပြေမှာ” ဟု မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယကဖြစ်သူ ဦးရဲမြတ်သူက ဆိုသည်။

ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိရေ ရှည်စီမံကိန်းကို ရေးဆွဲလျက်ရှိပြီး ၅ နှစ်တာကလ စီမံကိန်းများကိုလည်း ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ၌ နိုင်ငံတော်၏ တတိယ အဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက် လျက်ရှိကြောင်း အထက်ပါ ဖိုရမ်၌ သမ္မတ ပြောကြားခဲ့သည့် အဖွင့်အမှာစကားအရ သိရသည်။

မြင့်ကျော်လှိုင်

From : Yatanarpon
မြဝတီ
အစိုးရ၏ ဦးစားပေးနယ်ပယ် ၁၀ ရပ်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက်ရန်ပါဝင် 
Sunday, 03 February 2013

အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ဦးစားပေး နယ်ပယ် ၁၀ ရပ် ပါဝင်ပြီး
အဆိုပါ ဦးစားပေး နယ်ပယ်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက် ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များဟူ၍ အချက်တစ်ချက် ပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် အချက် ၁၀ ချက်ကို ထုက်ဖော် ပြောကြား
ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ၁၀ ချက်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်များ တိုးတက် ဖြစ်ပေါ်လာရန် ဆောင်ရွက်ရန်ဟု ပါရှိခဲ့ခြင်းဖြစ်သည်။  

“မိုဘိုင်းဖုန်းနဲ့  ဆက်သွယ်ရေး ဆိုတာက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။ အိုင်စီတီဆိုတာ ကလည်း ခက်တဲ့ အရာ တစ်ခုတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး ဥပဒေ အနေနဲ့က လွယ်လွယ် ကူကူ Pass ဖြစ်ဖို့ပဲ လိုတာပါ။ ထုတ်ခဲ့တဲ့ အကြမ်းက ပြင်ဖို့တွေ များနေတယ်။ အိုင်စီတီနယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေနဲ့တင် လုံလောက်ချင်မှ လုံလောက်မယ်။ ပြည်ပ က တရားဝင် ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိလာမှ နှစ်ဖက်စလုံး ပိုအဆင်ပြေလာမယ်။ အစိုးရရဲ့ Good Government နဲ့ Clean Government ကို အကောင်အထည် ဖော်ဖို့ဆိုရင်လည်း အိုင်စီတီ က သေချာစွာ အသုံးချနိုင်မှ ဖြစ်မှာပါ” ဟု Intelligent Solution မှ MD ဦးသိန်းထွဋ်က ပြောသည်။ 

ယခုအခါ၌ မိုဘိုင်း ဖုန်းလိုင်းများကို ဈေးနှုန်းလျှော့၍ ချထားပေးရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်နေချိန် ဖြစ်ပြီး အင်တာနက်စနစ် တိုးတက်လာရန်အတွက်လည်း SE ME WE 5 ဆက်ကြောင်းကို  ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း ဆက်သွယ်ရေး သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည်။ ထို့အပြင် ၂၀၁၄-၂၀၁၅ ခုနှစ်၌  တယ်လီဖုန်း သိပ်သည်းဆသည် နိုင်ငံလူဦးရေ တစ်ဝက်ဖြစ်သည့် ၅၀ ရာခိုင်နှုန်းဆီသို့ ရောက်ရှိလာ မည်ဟုလည်း ခန့်မှန်းထားရှိကြသည်။

“နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်တွေမှာ ပြန့်နေကြတာ။ မိုဘိုင်းဖုန်းတွေ ချတယ်ဆိုရင် တစ်အချက် ကျေးလက်ဒေသတွေအထိ ဝယ်ယူနိုင်တဲ့ ဈေးဖြစ်မလား ဆိုတာ စဉ်စားရဦး မယ်။ နှစ် အချက်က ဆက်သွယ်ရေး တိုင်တွေကို ကျေးလက်အထိ ရောက်အောင် အစိုးရက စိုက်ထူးပေးနိုင်ဦးမလား ဆိုတာ စဉ်းစားရဦးမယ်။ ဒီလိုမစဉ်းစားဘဲ စာရွက်တွေပေါ်မှာပဲ နံပါတ်တွေ တပ်သွားလို့တော့ မပြီးသေးဘူး။
ဖြစ်နိုင်တဲ့အထိ စဉ်းစားဖို့တော့ လိုအပ်တယ်။ အမည်ခံပြီး တိုးချဲ့
သွားလို့ကလည်း မဖြစ်သေးဘူး။ အင်တာနက်ပိုင်း ဆိုင်ရာမှာလည်း Speed ကောင်းနေဦးမှ အဆင်ပြေမှာ” ဟု မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းနာယကဖြစ်သူ ဦးရဲမြတ်သူက ဆိုသည်။ 

ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ
ရေ ရှည်စီမံကိန်းကို ရေးဆွဲလျက်ရှိပြီး ၅ နှစ်တာကလ စီမံကိန်းများ
ကိုလည်း ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ၌ နိုင်ငံတော်၏ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ ဖိုရမ်၌ သမ္မတ ပြောကြားခဲ့သည့်  အဖွင့်အမှာစကားအရ သိရသည်။

မြင့်ကျော်လှိုင်

From : Yatanarpon
မြဝတီ

No comments:

Post a Comment