အဘူဒါဘီ မြို့တွင် မကြုံစဖူး အံ့သြ မှင်တက်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခုကို
၎င်းမြို့ ရှိ ပြည်သူများက မြင်တွေ့ ခဲ့ရသည်။ ထိုကဲ့သို့သော မြင်ကွင်း
မျိုးကို နောက်ထပ် တွေ့မြင်ရမည့် အလား အလာ ရှိနိုင်ဖွယ် မရှိ တော့ကြောင်း
အဘူဒါဘီ မြို့ရှိ ပြည်သူများက
ပြောကြားထားသည်။ အဆိုပါ မြင်ကွင်းမှာ အဘူဒါဘီမြို့မှ အိမ်ရှေ့စံ မင်းသားကြီး တစ်ဦးဖြစ်ပြီး အာရပ်စော် ဘွား များ ပြည်ထောင်စု(UAE) လက်နက်ကိုင် တပ်ဖွဲ့၏ ဒုတိယ စစ်သေနာ ပတိချုပ် လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရှိတ်ခ်မိုဟာမက် ဘင်ဇာယစ်ဒ် အယ်လ်နာယန်က မာန်မာန ကို နှိမ့်ချ ၍ ပြည်သူ များအပေါ် ကြီးမားသော ချစ်ခြင်းမေတ္တာ ကို ပြသနေသည့် မြင်ကွင်း တစ်ခု ပင်ဖြစ်သည်။ အိမ်ရှေ့စံ မင်းသားကြီးသည် ၎င်း၏ လက်ထောက်နှင့် အတူ ကားတစ်စင်းနှင့် အဘူဒါဘီ မြို့၌ သွားလာနေစဉ် ကျောင်းတစ်ကျောင်း၏ အပြင်ဘက်တွင် ဘေးပတ်ဝန်းကျင်ကို လှည့်လည် ရှာဖွေပြီး လမ်းပျောက် နေ ပုံရသည့် ကျောင်းသူ မိန်းကလေး တစ်ဦးကို တွေ့မြင်ခဲ့သည်။ ထို့နောက် အိမ်ရှေ့စံ မင်းသားသည် သူ၏ကားကို ယာဉ်ရပ်နားရာ နေရာတွင် ရပ်တန့်၍ သူ၏ လက်ထောက်နှင့် အတူ ထိုကျောင်းသူ လေး ထံသို့ သွားရောက်ကာ လမ်းပျောက်နေခြင်း ဟုတ်၊ မဟုတ် မေးမြန်းပြီး အကယ်၍ လမ်းပျောက်နေ သည် ဆိုပါက သူမအိမ်သို့ လိုက်လံ ပို့ဆောင် ပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ကျောင်းသူလေးက သူမသည် လမ်းပျောက်နေခြင်း မဟုတ်ကြောင်း၊ သူမ၏ ဖခင် လာခေါ်မည် ကို စောင့်မျှော်နေခြင်း ဖြစ်ကြောင်း အိမ်ရှေ့စံ မင်းသားနှင့် ၎င်း၏ လက်ထောက်ကို ပြန် လည် ပြောကြားခဲ့သည်။ ထို့အပြင် အိမ်ရှေ့စံ မင်းသား၏ ကမ်း လှမ်း ချက်ကို ငြင်းဆိုရသည့် အကြောင်း အရင်းမှာ သူစိမ်းများနှင့် စကားပြောဆိုခြင်း မပြုရန် သူမ၏ ဖခင်က မှာကြား ထားခြင်းကြောင့် ဖြစ်သည်ဟု သူမ က တုံ့ပြန်ပြောဆို ခဲ့သည်။
ထိုအခါ မင်းသားကြီးမှာ သူစိမ်း မဟုတ်ကြောင်း၊ အိမ်ရှေ့စံ မင်းသားတစ်ဦး ဖြစ်ကြောင်း ၎င်း၏ လက်ထောက် ဖြစ်သူက ထိုကျောင်းသူလေးကို ပြောဆို ခဲ့ရာ ထိုပုဂ္ဂိုလ်မှာ အိမ်ရှေ့စံ မင်းသား ဖြစ်သည်ကို သိနေသော်လည်း သူစိမ်းများနှင့် စကားပြောဆိုခြင်း မပြုရန် ဖခင် ဖြစ်သူက သင်ကြားထားကြော င်း ကျောင်းသူ မိန်းကလေးက ပြန်လည် ဖြေဆိုခဲ့သည်။ ကျောင်းသူ မိန်းကလေး၏ စကားကို ကြားလိုက် ရသော အခါတွင် အိမ်ရှေ့စံ မင်းသား၏ မျက်နှာ သည် ပြုံးရယ် သွားခဲ့ပြီး သူမ၏ ဖခင် သူမကို လာခေါ် သည့် အချိန်ထိ တိုင်အောင် သူမ၏ ဘေးတွင် ထိုင်၍ စောင့်ပေးရန် အိမ်ရှေ့စံ မင်းသားက ဆုံးဖြတ် ချက် ချခဲ့သည်။ ထိုကဲ့သို့ အိမ်ရှေ့စံ မင်းသား က ကျောင်းသူလေး ဘေးတွင်ထိုင်၍ ဖခင် လာအကြိုကို ကူ၍ စောင့်ပေးနေသည့် မြင်ကွင်းကို ထိုကျောင်း မှ ကျောင်းဆရာ တစ်ဦးက အမှတ်တရ ဓာတ်ပုံ ရိုက်ယူခဲ့သည်။ အိမ်ရှေ့စံ မင်းသားတစ်ဦး ဖြစ်ပြီး ဒုတိယ စစ်သေနာ ပတိချုပ် တစ်ဦးလည်း ဖြစ်သူ ရှိတ်ခ် မိုဟာမက် ဘင်ဇာယစ်ဒ်ကို လူမှုဝန်ထမ်းစိတ် အပြည့်ရှိသူဟု ပြည်သူ အများအပြားက ချီးကျူး ဂုဏ်ပြု ခဲ့ကြ သည်ဟု သိရသည်။ ရာထူး၊ ဂုဏ်သိ က္ခာ ကြီးမားသော်လည်း မာန်မာနကို နှိမ့်ချ၍ ပြည်သူများ အပေါ် မေတ္တာ စေတနာ အပြည့်နှင့် ကူညီခဲ့သည့် အိမ်ရှေ့စံ မင်းသား၏ လူမှုဝန်ထမ်း စိတ်ထားသည် ချီးကျူး ဂုဏ်ပြုဖွယ် ကောင်းသလို အတုယူ အားကျဖို့လည်း ကောင်းလှပေသည်။ ။

No comments:
Post a Comment