တက္ကသိုလ်ဟုဆိုလိုက်ကတည်း
က ဆွတ်ပျံ့ကြည်နူးဖွယ် သီးခြားနေ ရာလေး၊ လွမ်းမောဖွယ် သီးခြား ကမ္ဘာ
လေးတစ်ခုဟု စိတ်အာရုံထဲပေါ်လာ ကြတာများသည်။ မြန် မာနိုင်ငံတွင် ပထမဆုံးသော
တက္က သိုလ် ဖြစ်သော ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်ခဲ့ရာ
၁၉၂ဝပြည့်နှစ်မှစတင်ပြီး ယနေ့ ခေတ် ကာလ တစ်လျှောက်လုံး တွင် မြန်
မာနိုင်ငံရှိ တက္ကသိုလ်အသီးသီး တွင်ကြုံတွေ့ခံစား၊သိမြင်ရသော ဘဝ
သရုပ် အသီးသီး ကို စာပေ၊ဂီတ၊ရုပ်ရှင် စသည်တို့ဖြင့် မှုန်းခြယ်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ် နယ်မြေကို စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး ဆရာ အနုပညာရှင်တို့က
ကံ့ကော် မြိုင်တန်း၊မြကျွန်းသာ၊ ကံ့ကော်တော၊ ပန်းလှတော၊ နံ့သာကျွန်း၊
အင်းလျား မြေစ သဖြင့်အမည်နာမ အမျိုးမျိုးတင် စားသမုတ်ခဲ့ကြ သည်။ တက္ကသိုလ်
နောက်ခံဝတ္ထုဇာတ်လမ်းများကိုလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကားများအဖြစ် ဖန်
တီးခဲ့ကြသည်။
သမိုင်းဝင်တက္ကသိုလ်နေ့ရက်များ
၁၉၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စတင် ပေါ်ပေါက်ခဲ့သည်။ရန်ကုန်တက္က သိုလ် ကို တက္ကသိုလ်ကောလိပ်နှင့် ဂျပ် ဆင်ကောလိပ်ဟူ၍ စ တင်ခဲ့သည်။ သို့သော် တက္ကသိုလ် အက် ဥပဒေပြ ဋ္ဌာန်းချက်အချို့ကို မကျေနပ်သဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုကြသည်။ တောင်းဆိုမှုကို မလိုက်လျော ၍ ၁၉၂ဝ ပြည့်နှ စ်၊ ဒီဇင်ဘာလ ၅ရက်(၁၂၈၂ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက်နေ့) တွင် ကျောင်းသားများ သပိတ်မှောက်ကြရာ မြန်မာနိုင်ငံ၏ ပထမဆုံးကျောင်းသား သပိတ် ပေါ် ပေါက် ခဲ့သည်။
၁၉၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စတင် ပေါ်ပေါက်ခဲ့သည်။ရန်ကုန်တက္က သိုလ် ကို တက္ကသိုလ်ကောလိပ်နှင့် ဂျပ် ဆင်ကောလိပ်ဟူ၍ စ တင်ခဲ့သည်။ သို့သော် တက္ကသိုလ် အက် ဥပဒေပြ ဋ္ဌာန်းချက်အချို့ကို မကျေနပ်သဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုကြသည်။ တောင်းဆိုမှုကို မလိုက်လျော ၍ ၁၉၂ဝ ပြည့်နှ စ်၊ ဒီဇင်ဘာလ ၅ရက်(၁၂၈၂ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက်နေ့) တွင် ကျောင်းသားများ သပိတ်မှောက်ကြရာ မြန်မာနိုင်ငံ၏ ပထမဆုံးကျောင်းသား သပိတ် ပေါ် ပေါက် ခဲ့သည်။
၁၉၂၅ခုနှစ်၊ဇွန်လတွင်
မန္တလေး ဥပစာကောလိပ်ကို ဖွင့်နိုင်ခဲ့သည်။ ၁၉၃၁ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့
တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့ ကြ
သည်။၁၉၃၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင်ကျောင်းသားများ
ဒုတိယအကြိမ်သပိတ်မှောက်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားရာ ၁၉၄၂ ခုနှစ်၊
ဇန်နဝါရီလ ၁၂ ရက် တွင်ရန်ကုန်တက္ကသိုလ်ပိတ်ခဲ့ရသည်။ ၁၉၆၂ခု ဇူလိုင်၇ရက်နေ့
တွင် ရန်ကုန် တက္ကသိုလ်နယ်မြေအတွင်း ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒ
ပြခဲ့သည်။၈ ရက်နေ့တွင် ဆန္ဒပြမှု များ ကိုနှိမ်နှင်းဖြိုခွဲခံခဲ့ရသည်။၁၉၇၄
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ်နှင့် ပတ်သက်ပြီး လည်း
ကျောင်းသားများဖြိုခွဲခံခဲ့ရသည်။ ၁၉၈၈ခုနှစ်တွင် တက္ကသိုလ် ကျောင်း
သားများမှ အစပြု ၍ မြန်မာ နိုင်ငံအနှံ့ လူထုဆန္ဒပြ ပွဲကြီးများ ဖြစ်ပွားခဲ့
သည်။ ရန်ကုန် တက္ကသိုလ် အပါအဝင် တက္က သိုလ် ကောလိပ် အားလုံးကို ၁၉၉ဝပြည့်နှစ်
နောက်ပိုင်းအထိပိတ်ထားခဲ့သည်။
ကိုလိုနီခေတ်တက္ကသိုလ်နောက်ခံ၊ သတင်းကားများနှင့်ရုပ်ရှင်ဇာတ်ကား များ
၁၉၂ဝပြည့်နှစ်၊
စက်တင်ဘာလ အတွင်းတွင် အမေရိကန်ဇာတ်လမ်း ရုပ်ရှင်ကားနှင့်အတူ
မျိုးချစ်စိတ် ဓာတ် နှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် ရှင်သန်စေသည့်
ဦးထွန်း ရှိန်ဈာပန မှတ်တမ်းတင် သတင်း ကားကို ရုံတင် ပြသခြင်းဖြင့်
မြန်မာ့ရုပ်ရှင်စတင်ခဲ့သည်ဟုဆိုနိုင်သည်။ ထို့ပြင်ကျောင်း သားများနှင့်
ပတ် သက် ၍ ၁၉၃၆ခုနှစ် ရန်ကုန်တ က္ကသိုလ် ကျောင်းသားများ ၏
သပိတ်စခန်းလှုပ်ရှားမှု၊ ရန်ကုန် တက္က သိုလ်ကျောင်းသားများက အတွင်း ဝန်ရုံးအား
ဝိုင်းဝန်းစီတန်း လှည့်လည် ကြပုံ၊ ၁၉၃ဝပြည့်နှစ်၊ ၁ဝကြိမ်မြောက်
အမျိုးသားနေ့ကျင်းပပုံတို့ကိုလည်း ကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု တွင်
အသက်ပေးခဲ့ရ သည့် ကျောင်း သားခေါင်းဆောင်ကိုအောင်ကျော်၏ ဓျာပန အားလည်းကောင်း
မှတ်တမ်း သတင်းကားများ အဖြစ် ရိုက်ကူးထုတ် လုပ်ခဲ့ကြသည်။ ထို့ပြင်
နံပါတ်တုတ်၊ဘီအေမောင်၊ ဘီအေဓားပြ၊ ဘွိုင်ကော့တာ စသည့် ဇာတ်ကား များ
မှာအထူးအောင်မြင်ကျော်ကြားခဲ့သည်။
ဗိုလ်ချုပ်ကိုယ်တိုင်ပါဝင်ခဲ့သည့် ဘွိုင် ကော့တာ(Boycotter)ဇာတ်ကား
ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားတွင်
ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ မှကျောင်းသားကိုအောင်ဆန်း သာမ
ကကိုနု (နောင်ဝန်ကြီးချုပ်ဦးနု)၊ ကိုရာ ရှစ်(နောင်ဝ န်ကြီး)၊ကိုထွန်းအုံ
(နောင် မြူနီစီပါယ်မင်းကြီး) တို့လည်း ပါဝင်
သရုပ်ဆောင်ထားကြသည်။ ကိုနုသည်ကိုယ်တိုင် သရုပ်ဆောင်ရုံမျှ မကဇာတ်
လမ်းဇာတ် ညွှန်းရေး သားပြီး တွဲဖက် ဒါရိုက်တာအဖြစ်ပင် ဒါရိုက်တာဦးဘ ခင်ကို
ကူညီခဲ့သေးသည်။
ပွဲဆူခဲ့သည့်နံပါတ်တုတ်ရုပ်ရှင်ကား
၁၉၃၈ခုနှစ်
ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားများစုဝေးပြီး စီတန်း၍
အတွင်း ဝန်များရုံးကို ဝိုင်းဝန်းလှည့်လည်ကြ သည်။ ဗြိတိသျှအစိုးရ
အာဏာပိုင် များကဝိုင်းဝန်းလှည့် လည်သော ကျောင်း သားအား နံပါတ်တုတ်ဖြင့်
ရိုက်ခြင်း၊ မြင်းနှင့်တိုက်၍ လူစုခွဲခြင်းတို့ဖြင့် ရက်စက်စွာ
ဖြိုခွင်းခဲ့ သည်။ ထိုဖြိုခွင်း နှိ မ်နှင်းမှုကြောင့် ကျောင်းသား ကို
အောင်ကျော်သေဆုံးခဲ့ရပြီး ကျောင်း သား၂ဝဝကျော် ဒဏ်ရာရခဲ့ကြသည်။ရုပ်ရှင်ကြည့်
ပရိသတ်မှာဒေါသ ထွက်လာကြပြီး ‘ပုလိပ်တွေေ ခါင်းကို ရိုက်မယ့်
နံပါတ်တုတ်ကွ’ဟု ဆူညံစွာ အော်ဟစ်ကြသည်။ ရုပ်ရှင်ရုံတွင်းက
အော်ဟစ်သည့်သတင်းကို ပုလိပ် မင်းကြီး ကြား သိရသည်နှင့် နံပါတ်တုတ် အမည်ကို
ပြောင်းစေခဲ့သောကြောင့် ‘ဂုဏ်ရည်သွေး’ဟု ပြင်ဆင်ပေးခဲ့ရ သည်။
မြန်မာနိုင်ငံ၏ပထမဆုံး တက္ကသိုလ် နောက်ခံဝတ္ထု
မြန်မာနိုင်ငံ၏
ပထမဆုံးတက္က သိုလ်လောကကို ဝတ္ထုကြီးတစ်အုပ် အနေရေးဖွဲ့ခဲ့သည်မှာ ၁၉၃၅ခုနှစ်
မှ အစပြုသည်ဟု ဆိုရပေမည်။ ထို ဝတ္ထုကား စာရေးဆရာကြီး ဇဝန ၏
ကောလိပ်ကျောင်းသား’ဝတ္ထုဖြစ်၏။ ဇဝန၏ ‘ကောလိပ်ကျောင်းသား’ ဝတ္ထု
သည်ဟာသဝတ္ထုမျှသာဖြစ်သည်။ သို့သော် ဟာသသက်သက်ကို ဦးတည် ချက်ပြုရင်း ထိုေ
ခတ်က ဗျူရိုကရက် နှင့်ကြေးရတတ် အနွယ်တို့၏ စိတ် နေသဘောထား အမူအကျင့်ကို
ထင်ရှားပေါ်လွင်စေသည့် ဝတ္ထုဟုဆို နိုင်သည်။ဇဝနသည် ‘ကောလိပ် ကျောင်း
သား’ ကိုဆက်ရေးသော သိန်းဖေဇာတ်လမ်းဖြစ်သည့် ကော
လိပ်ဂျပိုး(၁၉၃၈)ကိုရေးခဲ့ သည်။’ကောလိပ်ကျောင်း သား’ ဝတ္ထု သည်
၁၉၃၅-၃၆ခုနှစ်အတွင်းက ထင်ရှားခဲ့ေ သာ ဝတ္ထုဖြစ်သည်။ ၁၉၃၅-၃၆တွင်
သူရိယ သတင်းစာ၌ စတင်ရေးသားခဲ့ပြီး အတွဲလေးတွဲခွဲ ၍ နှစ်ကြိမ်တိုင်
ထုတ်ဝေခဲ့သည်။ စစ်ပြီးခေတ် တွင်လည်း
၁၉၆၃-၆၅-၆၇ခုနှစ်တို့တွင်သုံးကြိမ်ရိုက်နှိပ်ဖြန့် ချိခဲ့သည်ဖြစ်၍
အရောင်းရတွင် ကျယ် လှသော ဝတ္ထုတစ်အုပ်ဖြစ်ခဲ့သည်။
‘သပိတ်မှောက်ကျောင်းသား’ဝတ္ထု
မြန်မာစာပေလောကတွင်
တက္ကသိုလ်နောက်ခံဝတ္ထုနှင့်ပတ်သက် ၍ လူသိအများဆုံး၊အကျော်ကြားဆုံး
ဝတ္ထု တစ်ပုဒ်ကို ဖော်ညွှန်း ပြရမည်ဆို လျှင် စာရေးဆရာသိန်း ဖေမြင့်ရေး
သားခဲ့သော ‘သပိတ်မှောက် ကျောင်း သား’ဝတ္ထုကို ဆိုရမည်။ ယင်းဝတ္ထုကို
၁၉၃၈ခုနှစ်တွင် ရေးသားပြုစု ခဲ့သည်။ ၁၉၃၅-၃၆ တက္ကသိုလ်အရေး အခင်းကို
နောက်ခံပြု၍ရေးထား သော ဝတ္ထုဖြစ်သည်။ ၁၉၃၅-၃၆ခု နှစ်ကား တက္က သိုလ် ကျောင်းသား
သမဂ္ဂ၏ လှုပ်ရှားမှုအရှိန်အဟုန်ပြန် လည်အားတက်လာသော နှစ်ဖြစ် သည်။
ထို အချိန် တွင် တို့ဗမာအစည်း အရုံးနှင့်တက္ကသိုလ်သည်လည်း ပို
မိုဆက်နွှယ်မိပြီဖြစ်သည်။ ကိုနု၊ ကို အောင်ဆန်း၊ ကိုထွန်းအုံ၊ကိုလှဖေ၊
ကိုသီဟန်တို့ ခေါင်းေ ဆာင်းသော ကျောင်သားများ၏ လှုပ်ရှားမှုသည် လည်း
ပိုမိုပြင်းထန်လာ၏။ နောက် ပိုင်းကျွန်ပညာတိုက်ဖျက်ရေးကျောင်း သားထု၏
အုံကြွမှုသည် အပြင်းထန် ဆုံး ပေါက် ကွဲကာ သပိတ်လက်နက် ပါ ကိုင်စွဲခဲ့လေသည်။
စာရေးဆရာသိန်းဖေမြင့်သည်
ထိုအခြေခံဖြစ်ရပ်မှန်ကို ကျောရိုး ပြုကာ “သပိတ်မှောက်ကျောင်းသား”
ကိုရေး ခဲ့ခြင်းဖြစ်သည်။ သပိတ် မှောက်အရေးအခင်းတွင်ပါသော သက်ရှိထင်ရှား
လူပုဂ္ဂိုလ်များကို အခြေခံ ၍ ဇာတ်ဆောင်ဖွဲ့ကာ ရေး ထားခြင်း
ဖြစ်သည်။’သပိတ်မှောက် ကျောင်းသား’နှင့် ‘ဘွိုင်ကော့တာ’
ရုပ်ရှင် ဇာတ် ကား’ဘွိုင်ကော့ တာ’ဟု အသံထွက် သော အင်္ဂလိပ်စကားလုံး
Boycotterဟူသည်မှာ မြန်မာလို “သပိတ်မှောက် သူ”ဟု အဓိပ္ပယ်ရ သည်။
‘ဘွိုင်ကော့တာ’ မည်သော မြန်မာရုပ်ရှင်ဇာတ် ကားသည် မြန်မာ့
ရုပ်ရှင်သမိုင်းတွင် စိတ်ဝင်စားဖွယ် ကောင်းခဲ့သည်။သပိတ် မှောက် ကျောင်းသား’
ဝတ္ထု ထွက်ပြီး မကြာမီမှာ ပင်ကိုနုသည်ဗြိတိသျှ ဘားမားရုပ်ရှင်မှ အသံတိတ်
“ဘွိုင်ကော့တာ” ရုပ်ရှင် ကားကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ်
ရိုက်ခဲ့သည်။ကျောင်းသားသပိတ်ဇာတ်ကား ဖြစ်လို့ ထိုဇာတ်ကားတွင် ကိုအောင်
ဆန်း၊ကိုရာ ရှစ်(နောင်ဝန်ကြီး)၊ကို ထွန်းအုံ(နောင်မြူနီစီပါယ် မင်းကြီး)
တို့ ပါဝင်သရုပ်ဆောင် ထားကြ သည်။ရန်ကုန်မြို့အော်လံပီယာရုံ တွင် ၁၉၃၇ခုနှစ်
စက်တင်ဘာလ ၁၈ရက် ကစ၍ ရက်သတ္တနှစ် ပတ်ပြခဲ့သည်။အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်
ခိုက်ရာတွင်ရုပ်ရှင်သည် ထိရောက်သော လက်နက်ဖြစ်မှန်း တက္ကသိုလ်ကျောင်း
သားများက ရိပ်မိသဖြင့် ဗြိတိသျှ ဘားမား၊အေဝမ်းစသော ရုပ်ရှင်ကုမ္ပဏီ
ကြီးများသို့ တက္ကသိုလ် ကျောင်းသား များ ပညာသင်အဖြစ်
ဝင်ရောက်ခဲ့ကြဖြစ်မည်ဟု ထင်မြင်မိပါတော့သည်။
တက္ကသိုလ်ကောလိပ်နှင့်အနုပညာပေါင်းစည်းမွေးဖွားလာသူ
ဆရာဇဝန၏
နာမည်ကျော်ဝတ္ထု ‘ကောလိပ်ဂျင်’ကို အမည်မပြောင်းဘဲ ရုပ်ရှင်ရိုက်ရန်
ဒါရိုက်တာဦးချင်း စိန် က စီစဉ် ရာ ကောလိပ်ဂျင်အဖြစ် သရုပ်ဆောင်ရန်
ကိုနေဝင်းဆို သူကို ရွေးချယ်ခဲ့ သည်။ ဘောလုံး သမားကို နေဝင်းသည်
‘ကောလိပ်ဂျင်’ဇာတ် ကားကိုအစွဲပြုလျက် ကောလိပ်ဂျင်နေ ဝင်းဖြစ်လာသည်။
တက္ကသိုလ်နောက်ခံ ရုပ်ရှင်ဇာတ်ကားများ
၁၉၅၈ခုနှစ်နောက်ပိုင်း
တက္ကသိုလ် အပန်းဖြေရိပ်သာကြီး ဆောက်လုပ်ပြီး သော အခါ ကျောင်း သူကျောင်းတော်
သားတို့၏ အနုပညာ၊ ဂီတပညာ၊ အား ကစားစသည့် လှုပ် ရှားမှုများ ဆတက်
ထမ်းပိုး တိုးပွားလာခဲ့ပြီး ရုပ်ရှင်ဒါရိုက် တာ များက မြကျွန်းသာကို
ရိုက်ကွင်းအဖြစ် ဖန်တီးကာ နာမည်ကြီး မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးများကို
ရိုက်ကူး ခဲ့ကြသည်။တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူများ၏ အခန်းကဏ္ဍနှင့်
ပတ်သက်၍ မြန်မာ့ ရုပ်ရှင် သမိုင်း တွင် အကောင်းဆုံး၊ စွဲမက်စေသော ဇာတ်
ကားတစ် ကားမှာ ‘ဘယ်သူပြိုင်လို့ လှပ တော့နိုင်’ဇာတ်ကား ဖြစ်သည်။
မြန်မာနိုင်ငံ စာတတ် မြောက်ရေး လှုပ်ရှားမှုကို တိုက်ရိုက်အကျိုးပြုစေ သော
ယင်း ဇာတ် ကားကို ဒါရိုက်တာ ဦးသုခ က စိတ်ကြိုက်
ဇာတ် အိမ်ဖွဲ့စည်းဖန်တီးခဲ့ခြင်းဖြစ် သည်။ စာရေးဆရာမင်းကျော်၏
မဂ္ဂဇင်းဝတ္ထုရှည်ကို ကျောရိုးယူထား ပြီး ဇော်ဝမ်း၊ ဝင်းလှိုင်၊ တင်တင်ညို၊
တင်တင်လှ၊ အံ့ကျော်တို့ အဓိက ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ
ထူးချွန်ဆု၊ ဇာတ်ကားဆု၊ ဇာတ်ပို့ဆု (အံ့ကျော်)အကယ်ဒမီ၃ဆုရရှိသည် အထိ
အောင် မြင်ကျော်ကြား ခဲ့သည်။ ၁၇၉၄ခုနှစ် စက်တင်ဘာလ ၈ရက် နေ့တွင်
ယင်းဇာတ်ကားပါ အနုပညာ ရှင်များအား ဆေးတက္ကသိုလ် (၁)လိပ်ခုံး ခန်းမ၌
စာတတ်မြောက်ရေး၊ဗဟို ကော်မတီမှ ဂုဏ်ပြု လွှာ များပေး အပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။တက္ကသိုလ်နောက်ခံရုပ်ရှင်ဗီဒီယိုဇာတ်ကားများအတွက်
ဝတ္ထု ကောင်း များရေး သားပေးခဲ့သော စာရေး ဆရာ များမှာ ဆရာကြီးဇ
ဝန၊ငြိမ်းကျော်၊တက္ကသိုလ် ဘုန်းနိုင်၊အောင်ပြည့်၊မိုးမိုး
(အင်းလျား)၊ဝင်းဦး၊နွမ်ဂျာသိုင်း၊မင်း လူ၊မောင်စိန်ဝင်း(ပုတီးကုန်း)၊
နီကိုရဲစသူ တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင်
တက္ကသိုလ်၊ ကောလိပ်၊ကျောင်းများသည် နိုင်ငံရေး လှုပ်ရှားမှုများ၏
အစပျိုးရာဖြစ်သလို ကန့်သတ်မှုများ၊ဟန့်တား ပိတ်ပင်မှု များ၊ ရှိလာခဲ့သည်။
ထို့ ကြောင့်လည်း တစ်ချိန်တခါက
လွမ်းဆွတ် တမ်း တဖွယ် တက္ကသိုလ်နောက်ခံရုပ်ရှင် ဇာတ်
လမ်းများသည်တဖြေးဖြေးမှေးမှိန် ပျောက်ကွယ် လုနီးပါး ရှိခဲ့ရ သည်။ သို့သော်
တက္ကသိုလ်ရနံ့၊ တက္က သိုလ်ပတ်ဝန်းကျင်၊တက္ကသိုလ်ကျောင်း သားဘဝ ကိုမြတ်နိုးသော
အနုပညာ သမားများက အခက်အခဲ၊ အဟန့် အတား၊ တားမြစ်မှုစသည် တို့ရှိ သည့်
ကြားထဲမှ ပြောင်မြောက် ကောင်းမွန် သော
တက္ကသိုလ်နောက်ခံရုပ်ရှင်ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူး ခဲ့ ကြ သည်။
ယင်းဇာတ်ကားများထဲမှ နွမ်ဂျာသိုင်းဝ တ္ထုဖြစ်သော ‘တစ်ခါ တုန်းက
တက္ကသိုလ် မှာ’ဇာတ် ကားမှာ အထူးအောင်မြင်ကျော်ကြားခဲ့ သည်။
ထို့ပြင်အခုခေတ်နောက်ပိုင်း ထင်ရှား အောင်မြင်ခဲ့သော တက္ကသိုလ်
နောက်ခံရုပ်ရှင်ဇာတ်ကားများမှာ ‘မသိကိန်း များ’၊ ‘ဒဏ္ဍာရီ’၊ ‘ကျေပါတယ် မအေး
စိန်’ ‘ကြည်ပြာရောင်နဂ္ဂတစ်များ’၊ ၊’လွမ်းစိမ့်’(၂ဝ၁၂)စသည်တို့ ဖြစ် သည်။
၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ တွင်ကျင်းပခဲ့သော မြန်မာ့
ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်း အနားတွင်လည်း တက္က သိုလ် နောက်ခံ
ရုပ်ရှင်ဇာတ်ကားဖြစ်သော ‘ပန်းကြာ ဝတ် မှုန်’ဇာတ်ကားမှ အကောင်းဆုံး
ရုပ်ရှင်ဓာတ်ပုံဆုနှင့် ရုပ်ရှင်အသံဆု များဆွတ်ခူးရရှိခဲ့သည်။
MICT နှင့် တက္ကသိုလ်နောက်ခံဇာတ်ကားများ
ယနေ့အခါတွင်
တက္ကသိုလ် နောက်ခံဇာတ်ကားများကို၂ဝဝ၂ ခုနှစ်ဦးအစတွင် စတင်ဖွင့် လှစ်ခဲ့
သောလှိုင် တက္ကသိုလ်ဝင်းအတွင်းရှိ MICT Parkတွင်အများဆုံးရိုက် ကူး ကျသည်။
ယခုအခါမြန်မာ နိုင်ငံတွင် တက္က သိုလ်ကြီးပေါင်း ၄၆ခုရှိပြီဖြစ် သည်။
ထို့ကြောင့်အနုပညာရှင်များ အနေဖြင့် ကျောင်း အငွေ့ အသက်များ လွှမ်းမိုးနေဆဲ
တက္က သိုလ်များတွင်သာ ရိုက်ကူးရန်မျှော်လင့်တောင့်တနေကြဆဲ ဖြစ်ပါတော့သည်။
အလင်းဆက်(IR)
No comments:
Post a Comment