ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, February 4, 2013

“မြန်မာအကူအညီတောင်းက ဒီရေတော တက္ကသိုလ် ဖွင့်ရန် ဂျပန် ကူမည်”



ရန်ကုန်၊ ဇန်နဝါရီ ၂၆
မြန်မာမှ ဒီရေတောတက္ကသိုလ်များဖွင့်ရန် ဂျပန်အစိုးရကို အကူအညီတောင်းခံပါက ထောက်ပံ့ပေးမည်ဟု FREDAအသင်းမှ သိရသည်။
”သူတို့က ပေးရမယ့်သူ။ ပေး လည်းပေးချင်တယ်။ အခု မြန်မာ နိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာမို့ သူတို့က ပိုစိတ်ဝင်စားပြီး ကူချင် တယ်လို့ပြောတယ်။ဒါပေမဲ့ ဒီအတိုင်း တော့မပေးဘူး။ သူတို့ကို ဒီအစိုးရ request လုပ်ရင်တော့ ထောက် ပံ့မယ်ပေါ့” ဟု FREDAအသင်း ဥက္ကဋ္ဌဦးအုန်းက ပြောသည်။
ဒီရေတောရှိသည့် နေရာတိုင်းတွင်ဖွင့်သင့်ပြီး ပညာရှင်များမှလည်း စိတ်ဝင်စားသည့်ဒီရေတော တက္ကသိုလ် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်တွင် အဆိုပြု တင်သွင်းမည်ဖြစ်ပြီး ကန့်ကွက်မည့်သူ မရှိပါက concept အား အင်္ဂလိပ် ဘာသာဖြင့်ရေးကာ ဂျပန် သံအမတ်နှင့် တွေ့ဆုံ၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနအား တင်ရ မည်ဖြစ်ကြောင်း ဦးအုန်းက ပြောသည်။
”အဆင့်ဆင့်တွေ လိုသေး တယ်။လုပ်ချင်တဲ့သူတွေများတယ်။ လုပ်လည်း လုပ်သင့်တယ်။ Procedure   တွေလည်း ရေးပြီး တင်ရမှာ ပေါ့”ဟု ၄င်းကထပ်မံပြောသည်။
ဒီရေတော တက္ကသိုလ်ဖွင့်မည် ဆိုပါက ဒီရေတောရှိသည့် နေရာ တိုင်းတွင် ဖွင့်မည်ဖြစ်ပြီး သဘာဝ ပတ်ဝန်း ကျင် လူနှင့် သတ္တဝါများ အကြား အပြန်အလှန် အမှီသဟဲပြုမှု (Ecosystem)၊ Ecotourism၊ ငှက်များ အကြောင်း၊ ငါးမျိုးစိတ်များ ထိန်းသိမ်းရန်၊ လင်းပိုင်ထိန်းသိမ်းရန်၊ ပင်လယ်မြက်၊ သန္တာကျောက်တန်း စသည်တို့ကို မှီခိုနေရ သည့် ငါး၊ ပုစွန်၊ ကဏန်း၊ လိပ်၊ မိကျောင်း၊ လင်းပိုင်၊ ငှက် တို့ဖြစ်ပြီး ¤င်းတို့ကို မှီခိုစားသောက်နေရသည့် ဒေသခံလူများသည် ထိုသတ္တဝါများ ရေရှည်တည်တံ့စေရန် ဒီရေတောသည် မည်မျှ အရေးကြီးကြောင်း သိစေ ရန် ဒီရေတော တက္ကသိုလ်ဖွင့်သင့် ကြောင်း ဦးအုန်းက ပြောသည်။
ဂျပန်အစိုးရမှလည်း မြန်မာပြည်အား ထောက်ပံ့ရန်အတွက် ဇန် နဝါရီ ၈ ရက်မှ ၂၅ ရက်နေ့အထိ တန င်္သာရီ တိုင်းဒေသကြီး လန်ပိကျွန်းတစ်လျှောက်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ဒီရေတောစိုက်ခင်း များအား လာရောက်လေ့လာ ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဒီရေတောများ ပြန်လည်စိုက်ပျိုးတည်ထောင်ရေး အသင်း (Action for Mangrove Reforestation, ACTMANG) သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ FREDA အသင်းနှင့်တွဲ၍ သစ်တော ဦးစီးဌာန၏ အကူအညီဖြင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် နှင့် အမာမြို့နယ်ခွဲအတွင်းရှိ ကဒုံကနိကြိုးဝိုင်းနှင့် ပျဉ်ဒရယ် ကြိုးဝိုင်းများအတွင်းတွင် ဒီရေတောများအား စီမံကိန်းချစိုက်ပျိုးနေကြောင်း သိရသည်။
မိုးငယ်

No comments:

Post a Comment