ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Sunday, February 3, 2013

ဘီးလင်းမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးထိုးမှုများ ဖြစ်ပွားခဲ့

ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
M-Media
နေသစ်ထွန်း
270849_3708653935464_364925204_n
ဘီးလင်းမြို့မှ အစ္စလာမ်ဘာသာဝင်တို့ နေစဉ် ဆုတောင်းဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်တခု
မွန်ပြည်နယ် ၊ ဘီးလင်းမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးထိုးမှုများ ကို ဘီးလင်းမြို့ခံ မဟုတ်သူများက လှုံ့ဆော် ခဲ့ ကြောင်းသိရသည်။ ၇.၁.၂၀၁၃ နေ့တွင် ဘီးလင်းမြို့ သို့ဂျစ်ကားဖြင့် အစ္စလာမ် ဘာသာ အပေါ် တိုက်ခိုက် ဟောကြားသည့် အခွေများ ဘီးလင်းမြို့သို့ ၀င်ရောက်ရောင်းချခဲ့ကြသည်။ “တခြား ဘာသာကို တိုက်ခိုက် စော်ကားထားတဲ့ တရားအခွေတွေ ကို ဂျစ်ကားနဲ့ လာရောင်းပါတယ်။ လာရောင်းတဲ့ သူတွေက လည်း ဒီမြို့ ကမဟုတ်ကြဘူး။ လမ်းထောင့် လမ်းထောင့် တွေမှာ ဖွင့်ပြလိုက်နဲ့ ရောင်းတယ်။ ဒါပေမယ့် ဘီးလင်း က လူ တွေက စိတ်မ၀င်စားလို့ ဘယ်သူမှ ၀ယ်တာမတွေ့ရဘူး” ဟု ဘီးလင်းမြို့ခံ တစ်ဦးက ပြောပါသည်။
အစ္စလာမ် ဘာသာအားတိုက်ခိုက်စော်ကားထားသည့် အခွေများ ရောင်းချပြီး တစ်ပတ်ခန့်အကြာတွင် မြို့ပေါ် လူငယ်များ ၏ ကာရာအိုကေ ဖျော်ဖြေပွဲ တွင် မွတ်စလင်များကို ဆန့်ကျင် ရန် မျက်နှာစိမ်း ဘုန်းကြီး တစ်ပါး က လှုံဆော်ဟောပြောခဲ့သည်။ “ ၁၅ရက်နေ့ ည ဘိုတဲရပ်ကွက်မှာ ဘီးလင်းက လူငယ်တွေ ပျော်ပွဲရွှင်ပွဲ လုပ် တယ်။ ည ၉နာရီ လောက် စင်ပေါ်ကို ဘုန်းကြီးတစ်ပါးတက်လာပြီး မင်းတို့က ပျော်နေကြ တယ်။ မွတ်စလင် ကုလားတွေ ၇၈၆ လို့ သုံးပြီး ၂၁ ရာစုမှာ လွှမ်းမိုးဖို့ လုပ်နေကြ တယ်။ ဒါကို မင်းတို့ကို မသိပဲ ပျော်ရွှင် နေတာ မကောင်းဘူး။ အမျိုး ၊ ဘာသာ  ၊သာသနာ ကို ထိန်းသိမ်းရ မယ် ဆိုပြီး မွတ်စလင်တွေကို ဆန့် ကျင် ရေး စကား တွေ စတိတ်စင်ပေါ်တက်လာပြောတယ်။ ကလေးတွေ အားလုံးလည်း လန့်ကုန်ကြတယ်။ ကာရာအိုကေ ပွဲ လည်း ရပ်လိုက်ရတယ်” ဟု ၄င်းမြို့ခံ က ပြောပါသည်။
ယင်းသို့ မွတ်စလင်မုန်းတီးရေး လှုံဆော်ခဲ့သော်လည်း မြို့ခံ ဗုဒ္ဓဘာသာ များက စိတ်မ၀င်စားကြကြောင်း သိရ သည်။
မုတ္တမမြို့ နန်းဦး စာသင်တိုက် ဘုန်းကြီးမှ အစ္စလာမ် ဘာသာအား စော်ကားသော ဟောကြားသော ဗွီဒီယို အခွေ များ အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ပျံ့နှံခဲ့ပြီး နောက်ပိုင်းတွင် ဘီးလင်းမြို့တွင် မွတ်စလင် မုန်းတီးရေး လှုပ်ဆော်မှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် ဆန်းပိုင်း တွင် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ၀ီရသူသည် မွန်ပြည်နယ်ဘက်သို့ ခရီးထွက်ခဲ့ ရာ  ၅.၁.၂၀၁၃ ရက်ညပိုင်းတွင်  ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ တွင် လည်းကောင်း ၊ ၅.၁.၂၀၁၃ ညနေ ပိုင်းတွင် မုတ္တမတွင် လည်းကောင်း တရားဟောပွဲများပြုလုပ်ခဲ့သည်။
ဘီးလင်းမြို့တွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်သည် ၀ီရသူ၏ မွန်ပြည်နယ် ခရီးစဉ်နှင့် ဆက်စပ်မှုများရှိနိုင်ကြောင်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ကြသည်။
ဘီးလင်းမြို့  သက်ဆိုင်ရာ အာဏာပိုင်များကလည်း ဘာသာရေး မုန်းတီးလှုံ့ဆော်မှုများ ထပ်မံ မဖြစ်ပေါ်အောင်  ဆောင်ရွက်ပေးထားကြောင်းသိရသည်။
နေသစ်ထွန်း

No comments:

Post a Comment