ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Saturday, February 2, 2013

"The Message Of Islam အပိုင်း ၃"

Mohammed Naeem's photo.
"The Message Of Islam အပိုင်း ၃"

မက္ကာမြို့ မှာကျန်ရှိနေသေးတဲ့ အစ္စလာမ်ဘာသာဝင်များကို နှိပ်စက် ညှင်းပန်းနေတဲ့ ရန်သူများ နှင့် သူတို့ရဲ့ ခေါင်းဆောင်များဟာ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ကို အဆုံးစီရင်ရန် ရည်ရွယ်ပြီး အစည်းအဝေး တစ်ရပ်ပြုလုပ်ကြပါတယ်။ အဲဒီ အစည်းအဝေးမှာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဘယ်ပုံ အကောင်အထည် ဖော်ကြမှာလဲဆိုတာကို စဉ်းစားကြတဲ့အခါကျတော့ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ရဲ့ အမျိုးအနွယ်တွေဖြစ်တဲ့ "ဗနူဟာရှင်မ်" (ဟာရှင်မ်၏ မျိုးဆက်များ) နှင့် "ဗနူ အဗ်ဒွလ်မွတ်သွလစ်ဗ်" (တမန်တော်မြတ် မိုဟမ္မဒ် 'Peace be upon him' ၏ ဘိုးတော် ၏ သားမြေးများ) ဟာ အားလုံး အစ္စလာမ်ဘာသာဝင်များ မဖြစ်သေးပေမဲ့ သူတို့ရဲ့ သားချင်း တစ်ဦးကို ကွပ်မျက်ရေးမှာ ဧကန်မုချ အဟန့်အတားလုပ်ကျလိမ့်မယ်။ အဲဒီအခါ အချင်းချင်း စစ်ခင်းကြရလိမ့်မယ် ဆိုပြီး ဆင်ချင်မိကြတဲ့အတွက် စစ်အေးတိုက်ပွဲ ပုံစံတစ်ခုနဲ့ တိုက်ခိုက်ကြရန် ဆုံးဖြတ်လိုက်ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်အရ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အပေးအယူ၊ အပြောအဆို မလုပ်ကြဖို့ရယ်၊ တကယ်လို့ အဲဒီလူတွေက ဝိုင်းပယ်ထားတာကို လာပြီးညှိနှိုင်းကြရင် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ကို ကွပ်မျက်ပေးရမယ် ဆိုပြီး တောင်းဆိုကြဖို့ရယ် စီစဉ်ထားကြပါတယ်။

မွတ်စ်လင်မ်တို့ရဲ့ ရန်သူခေါင်းဆောင်များက သူတို့ရဲ့ ဝိုင်းပယ်ထားရေး စီမံကိန်းကို ရေးသားပြီး တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) တမန်တော်အဖြင့် အလ္လာဟ်အရှင်မြတ် ရွေးချယ်ခံရပြီး ၇နှစ်မြောက် နှစ်ဆန်း ၁ရက်နေ့မှာ ကအ်ဗာဟ်ကျောင်းတော် အတွင်းမှာ ချိတ်ဆွဲထားလိုက်ပါတယ်။ အဲဒီလို ကအ်ဗာဟ်ကျောင်းတော်မှာ ကြေငြာချက်တစ်ခု ချိတ်ဆွဲထားတယ်ဆိုရင် အဲဒီကြေငြာချက်ဟာ ဥပဒေတစ်ခုပမာပဲ ပြည်သူအားလုံး လိုက်နာကြရပါတယ်။ 

အဲဒီ ကြေငြာချက်ကြောင့် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) နဲ့ အမျိုးအနွယ်များ အပါအဝင် မွတ်စ်လင်မ်များဟာ ဖိုခနောင့်ဆိုင် တောင်ကြားမှာ  ဝိုင်းဝန်း ပိတ်လှောင်ခြင်း ခံကြရပါတယ်။ ဘယ်သူနဲ့မျှလည်း တွေ့ဆုံခွင့်မပေးသလို လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း ရောင်းချမပေးတာကြောင့် တိတ်တဆိတ် ဈေးဝယ်ဖို့ အရဲစွန့်ထွက်လာရင်လည်း ဖမ်းဆီးရိုက်နှက် ညှင်းပမ်းကြပါတယ်။ ဝယ်ယူခွင့်မပြုလို့ တောင်းခံရင်လည်း ခါးခါးသီးသီး ငြင်းဆန်ယုံမက သရော်ပြောင်လှောင်ကြပါတယ်။  အဲဒီလို ဘက်ပေါင်းစုံက ပိတ်ဆို့ခံနေရတဲ့ မွတ်စ်လင်မ်တွေမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေကလည်း ရက်ကြာလာတာနဲ့အမျှ ကုန်ခမ်းလာပြီးတော့ အငတ်ဘေးနဲ့ ရင်ဆိုင်ကြရပါတော့တယ်။

ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် အမျိုးသမီးများ နဲ့ ကလေးသူငယ်များရဲ့ အော်ဟစ်ငိုကြွေးနေကြတဲ့ ငိုကြွေးသံများဟာ မွတ်စ်လင်မ်အမျိုးသားများရဲ့ နှလုံးသားကို ကြေမွစေခဲ့ပါတယ်။ အချိန် ၃နှစ်တာကာလကို ခက်ခဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြပြီးနောက်မှာ ကအ်ဗာဟ်ကျောင်းတော်မှာ ချိတ်ဆွဲထားတဲ့ ကြေငြာချက်ကို ခြစားသွားပြီး ပျက်စီးသွားတာကြောင့် မွတ်စ်လင်မ်များ ဒုက္ခစက်ကွင်းက လွတ်မြောက်သွားခဲ့ကြပါတယ်။

ဒီနေရာမှာ အဓိက ကျွန်တော်တင်ပြလိုတဲ့ အချက်က သုံးနှစ်သုံးမိုး ဒုက္ခဆင်းရဲခံပြီး အလ္လာဟ်အရှင်မြတ် ပေးသနားထားတဲ့ အစ္စလာမ်ဆိုတဲ့ ရတနာကို ထိန်းသိမ်းခဲ့ကြတဲ့ အဲဒီလိုမွန်မြတ်တဲ့ မွတ်စလင်မ်များရဲ့ ဇွဲသတ္တိပဲဖြစ်ပါတယ်။

ဒီနေ့လည်း ဒါမျိုးညှင်းပမ်းမှုတွေရှိနေစဲပါ။ ဂါဇာ (ပါလက်စတိုင်း) မှာ အခုဆို ၅နှစ်ရှိနေပါပြီ။ ကျူးကျော်သူ အစ္စရေး ဇီယွန်ဝါဒီတွေက ပါလက်စတိုင်းပြည်သူတွေကို ဘက်စုံက ပိတ်ဆို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စ်လင်မ် ရိုဟင်ဂျာတွေကို အစားအစာမရောင်းရ၊ ဈေးမရောင်းရဘူးလို့ အစွန်းရောက် အချို့က ပိတ်ပင်တားဆီးထားပါတယ်။

မွန်ပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တွေမှာ မွတ်စလင်မ်တွေကို ဖယ်ကျဉ်ရေး ဥပဒေတစ်ခုလို အာဏာတည်ဖို့ စီစဉ်လုပ်ဆောင်နေကြပါတယ်။

တကယ်တော့ အစၥလာမ္ဘာသာဝင္မ်ားကို အစၥလာမ္ဘာသာ စတင်ထွန်းကားခဲ့တဲ့ အချိန်က စလို့ ခေတ်အဆက်ဆက် စနစ်တကျ ဖိနှိပ်ဖို့ ရန်သူတွေက ကျိုးစားခဲ့ကြသလို အခုလည်း ကျိုးစားနေစဲပါ။ နောင်လည်းရှိနေမှာပဲ ဖြစ်ပါတယ်။

စဉ်းစားရမှာက ကျွန်တော်တို့ပါ။ ဟိုးအဝေးကြီးကို သွားကြည့်နေစရာတောင်မလိုပါဘူး။အစ္စလာမ့်သမိုင်းတွေကို မလေ့လာမိသေးရင်လည်း ထားလိုက်ပါဦး။ ကိုယ့်ရဲ့မွေးရပ်တိုင်းပြည်မှာ ဒီနေ့ လတ်တလောဖြစ်ပျက်နေတာတွေကို ဆင်ခြင်သုံးသပ်မိကြပါရဲ့လား။ အပြစ်မဲ့တွေရဲ့ဘဝတွေနဲ့ ရင်းပြီး ပေးနေတဲ့ ကြေကွဲဖွယ်ရာ သင်ခန်းစာတွေ ယူတတ်ကြပါရဲ့လား။ နူတ်လျှာကတော့ တမန်တော်ရဲ့ နောက်လိုက်ဘယ်လိုပီသကြောင်း ပြောနေပေမဲ့ ကျွန်တော်တို့ အတွင်းစိတ်ထဲမှာ မည်သည့်ဆင်းရဲဒုက္ခမျှ မခံစားရဘဲ အလ္လာဟ်အရှင်မြတ် ပေးသနားထားတဲ့ အစ္စလာမ်ဘာသာရဲ့ အနှစ်သာရကနေ လက်မဲ့ဖြစ်နေစဲပါ။

သတိပြုကြပါ။ မွတ်စ်လင်မ်ဆိုတာ မိမိ နူတ်လျှာ၊ မိမိလက်နဲ့ မည်သူကိုမျှ ဒုက္ခမရောက်စေသူကို ခေါ်တယ်။ မွတ်စ်လင်မ်ဆိုတာ ကားပေါ်ကနေ ကွမ်းတံတွေးမထွေးချဘူး။ ရုတ်ရင်းကြမ်းတမ်းတဲ့ စကားမပြောဘူး။ သမာအာဇီဝနဲ့ အသက်မွေးတယ်။ လိုအပ်နေသူတွေကို ဆင်းရဲ ချမ်းသာ လူမျိုး ဘာသာ မခွဲခြားပဲ ကူညီတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အသိစိတ် နှလုံးသည်းပွတ်ထဲမှာ သံမှိုနှက်သလိုစွဲထားတယ်။ ကားမောင်းရင် လမ်းလုပြီး မမောင်းဘူး။ စည်းကမ်းရှိရှိ နေတဲ့ ဘဝ သက်တမ်းမွေးမြူတယ်။ ဘာသာခြားမိတ်ဆွေတွေနဲ့ ဖော်ရွေ ယဉ်ကျေးစွာ ဆက်ဆံတယ်။ မိသားစုကို သာသနာ့အသိ သင်ကြားပေးတယ်။ ကောင်းရာကို ညွှန်ကြားတယ်။ ကိုယ်တိုင်လည်း ကျင့်သုံးတယ်။ မကောင်းမှုကို ရှောင်ကျဉ်တယ်။ သူများကိုလည်း မကောင်းမှုကနေတားမြစ်တယ်။ ညီနောင် မွတ်စ်လင်မ်ရဲ့ သောကကို ဝေးကွာအောင် ကူညီပေးတယ်။ 

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာက ကျွန်တော်တို့ အိမ်ကနေစပြီး အစ္စလာမ်ဘာသာရဲ့ တန်ဖိုးကိုသိအောင် မိသားစုကို သင်ရပါမယ်။ ဗလီဝတ်ကျောင်းတော်မှာ သွားရောက်ဝတ်ပြုသူတွေ အဖြင့် အဖေရော သားတွေပါ ကျိုးစားကြရပါမယ်။ အိမ်တွင်းမှာ သာသနာနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုမျိုးရှိရပါမယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားများနဲ့ လိုက်လျောညီထွေရှိအောင် လူမှုရေးကိစ္စတွေမှာ တက်ညီလက်ညီ ပါဝင်ကြရပါမယ်။ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို မွတ်စ်လင်မ်တစ်ဦး ပီသစွာ နေထိုင်ခြင်းအားဖြင့်သာ အများက အစ္စလာမ်ဘာသာကို နားလည်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


"The Message Of Islam အပိုင်း ၁" ရဲ့ Link ဖြစ်ပါတယ်။

http://www.facebook.com/photo.php?fbid=4170093092145&set=a.3301657221791.2130172.1278756611&type=1&theater 

"The Message Of Islam အပိုင်း ၂" ရဲ့ Link ဖြစ်ပါတယ်။

http://www.facebook.com/photo.php?fbid=4182942893382&set=a.3301657221791.2130172.1278756611&type=1&theater

Mohammed Naeem
‎"The Message Of Islam အပိုင်း ၃"

မက္ကာမြို့ မှာကျန်ရှိနေသေးတဲ့ အစ္စလာမ်ဘာသာဝင်များကို နှိပ်စက် ညှင်းပန်းနေတဲ့ ရန်သူများ နှင့် သူတို့ရဲ့ ခေါင်းဆောင်များဟာ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ကို အဆုံးစီရင်ရန် ရည်ရွယ်ပြီး အစည်းအဝေး တစ်ရပ်ပြုလုပ်ကြပါတယ်။ အဲဒီ အစည်းအဝေးမှာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဘယ်ပုံ အကောင်အထည် ဖော်ကြမှာလဲဆိုတာကို စဉ်းစားကြတဲ့အခါကျတော့ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ရဲ့ အမျိုးအနွယ်တွေဖြစ်တဲ့ "ဗနူဟာရှင်မ်" (ဟာရှင်မ်၏ မျိုးဆက်များ) နှင့် "ဗနူ အဗ်ဒွလ်မွတ်သွလစ်ဗ်" (တမန်တော်မြတ် မိုဟမ္မဒ် 'Peace be upon him' ၏ ဘိုးတော် ၏ သားမြေးများ) ဟာ အားလုံး အစ္စလာမ်ဘာသာဝင်များ မဖြစ်သေးပေမဲ့ သူတို့ရဲ့ သားချင်း တစ်ဦးကို ကွပ်မျက်ရေးမှာ ဧကန်မုချ အဟန့်အတားလုပ်ကျလိမ့်မယ်။ အဲဒီအခါ အချင်းချင်း စစ်ခင်းကြရလိမ့်မယ် ဆိုပြီး ဆင်ချင်မိကြတဲ့အတွက် စစ်အေးတိုက်ပွဲ ပုံစံတစ်ခုနဲ့ တိုက်ခိုက်ကြရန် ဆုံးဖြတ်လိုက်ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်အရ တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အပေးအယူ၊ အပြောအဆို မလုပ်ကြဖို့ရယ်၊ တကယ်လို့ အဲဒီလူတွေက ဝိုင်းပယ်ထားတာကို လာပြီးညှိနှိုင်းကြ ရင် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) ကို ကွပ်မျက်ပေးရမယ် ဆိုပြီး တောင်းဆိုကြဖို့ရယ် စီစဉ်ထားကြပါတယ်။

မွတ်စ်လင်မ်တို့ရဲ့ ရန်သူခေါင်းဆောင်များက သူတို့ရဲ့ ဝိုင်းပယ်ထားရေး စီမံကိန်းကို ရေးသားပြီး တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) တမန်တော်အဖြင့် အလ္လာဟ်အရှင်မြတ် ရွေးချယ်ခံရပြီး ၇နှစ်မြောက် နှစ်ဆန်း ၁ရက်နေ့မှာ ကအ်ဗာဟ်ကျောင်းတော် အတွင်းမှာ ချိတ်ဆွဲထားလိုက်ပါတယ်။ အဲဒီလို ကအ်ဗာဟ်ကျောင်းတော်မှာ ကြေငြာချက်တစ်ခု ချိတ်ဆွဲထားတယ်ဆိုရင် အဲဒီကြေငြာချက်ဟာ ဥပဒေတစ် ခုပမာပဲ ပြည်သူအားလုံး လိုက်နာကြရပါတယ်။

အဲဒီ ကြေငြာချက်ကြောင့် တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) နဲ့ အမျိုးအနွယ်များ အပါအဝင် မွတ်စ်လင်မ်များဟာ ဖိုခနောင့်ဆိုင် တောင်ကြားမှာ ဝိုင်းဝန်း ပိတ်လှောင်ခြင်း ခံကြရပါတယ်။ ဘယ်သူနဲ့မျှလည်း တွေ့ဆုံခွင့်မပေးသလို လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို လည်း ရောင်း ချမပေး တာကြောင့် တိတ်တဆိတ် ဈေးဝယ်ဖို့ အရဲစွန့်ထွက်လာရင်လည်း ဖမ်းဆီးရိုက်နှက် ညှင်းပမ်းကြပါတယ်။ ဝယ်ယူခွင့်မပြုလို့ တောင်းခံရင်လည်း ခါးခါးသီးသီး ငြင်းဆန်ယုံမက သရော်ပြောင်လှောင်ကြပါတယ်။ အဲဒီလို ဘက်ပေါင်းစုံက ပိတ်ဆို့ခံနေရတဲ့ မွတ်စ်လင်မ်တွေမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေကလည်း ရက်ကြာလာတာနဲ့အမျှ ကုန်ခမ်းလာပြီးတော့ အငတ်ဘေးနဲ့ ရင်ဆိုင်ကြရပါတော့တယ်။

ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် အမျိုးသမီးများ နဲ့ ကလေးသူငယ်များရဲ့ အော်ဟစ်ငိုကြွေးနေကြတဲ့ ငိုကြွေး သံများဟာ မွတ်စ်လင်မ်အမျိုးသားများရဲ့ နှလုံးသားကို ကြေမွစေခဲ့ပါတယ်။ အချိန် ၃နှစ်တာ ကာလကို ခက်ခဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြပြီးနောက်မှာ ကအ်ဗာဟ်ကျောင်းတော်မှာ ချိတ်ဆွဲထား တဲ့ ကြေငြာချက်ကို ခြစားသွားပြီး ပျက်စီးသွားတာကြောင့် မွတ်စ်လင်မ်များ ဒုက္ခစက်ကွင်းက လွတ်မြောက် သွားခဲ့ကြပါတယ်။

ဒီနေရာမှာ အဓိက ကျွန်တော်တင်ပြလိုတဲ့ အချက်က သုံးနှစ်သုံးမိုး ဒုက္ခဆင်းရဲခံပြီး အလ္လာဟ် အရှင်မြတ် ပေး သနားထားတဲ့ အစ္စလာမ်ဆိုတဲ့ ရတနာကို ထိန်းသိမ်းခဲ့ကြတဲ့ အဲဒီလိုမွန်မြတ်တဲ့ မွတ်စလင်မ် များရဲ့ ဇွဲသတ္တိပဲဖြစ်ပါတယ်။

ဒီနေ့လည်း ဒါမျိုးညှင်းပမ်းမှုတွေရှိနေစဲပါ။ ဂါဇာ (ပါလက်စတိုင်း) မှာ အခုဆို ၅နှစ်ရှိနေပါပြီ။ ကျူးကျော်သူ အစ္စရေး ဇီယွန်ဝါဒီတွေက ပါလက်စတိုင်းပြည်သူတွေကို ဘက်စုံက ပိတ်ဆို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စ်လင်မ် ရိုဟင်ဂျာတွေကို အစားအစာမရောင်းရ၊ ဈေးမရောင်းရဘူးလို့ အစွန်းရောက် အချို့က ပိတ်ပင်တားဆီးထားပါတယ်။

မွန်ပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တွေမှာ မွတ်စလင်မ်တွေကို ဖယ်ကျဉ်ရေး ဥပဒေတစ်ခု လို အာဏာတည်ဖို့ စီစဉ်လုပ်ဆောင်နေကြပါတယ်။

တကယ်တော့ အစၥလာမ္ဘာသာဝင္မ်ားကို အစၥလာမ္ဘာသာ စတင်ထွန်းကားခဲ့တဲ့ အချိန်က စလို့ ခေတ် အဆက်ဆက် စနစ်တကျ ဖိနှိပ်ဖို့ ရန်သူတွေက ကျိုးစားခဲ့ကြသလို အခုလည်း ကျိုးစားနေ စဲပါ။ နောင် လည်းရှိနေမှာပဲ ဖြစ်ပါတယ်။

စဉ်းစားရမှာက ကျွန်တော်တို့ပါ။ ဟိုးအဝေးကြီးကို သွားကြည့်နေစရာတောင်မလိုပါဘူး။အစ္စလာမ့် သမိုင်းတွေ ကို မလေ့လာမိသေးရင်လည်း ထားလိုက်ပါဦး။ ကိုယ့်ရဲ့မွေးရပ်တိုင်းပြည်မှာ ဒီနေ့ လတ် တလောဖြစ် ပျက်နေတာတွေကို ဆင်ခြင်သုံးသပ်မိကြပါရဲ့လား။ အပြစ်မဲ့တွေရဲ့ဘဝတွေနဲ့ ရင်းပြီး   ပေးနေ တဲ့ ကြေကွဲဖွယ်ရာ သင်ခန်းစာတွေ ယူတတ်ကြပါရဲ့လား။ နူတ်လျှာကတော့ တမန်တော် ရဲ့ နောက် လိုက်ဘယ်လိုပီသကြောင်း ပြောနေပေမဲ့ ကျွန်တော်တို့ အတွင်းစိတ်ထဲမှာ မည်သည့်ဆင်း ရဲဒုက္ခမျှ မခံစားရဘဲ အလ္လာဟ်အရှင်မြတ် ပေးသနားထားတဲ့ အစ္စလာမ်ဘာသာရဲ့ အနှစ်သာရကနေ လက် မဲ့ဖြစ်နေစဲပါ။

သတိပြုကြပါ။ မွတ်စ်လင်မ်ဆိုတာ မိမိ နူတ်လျှာ၊ မိမိလက်နဲ့ မည်သူကိုမျှ ဒုက္ခမရောက်စေသူကို ခေါ်တယ်။ မွတ်စ်လင်မ်ဆိုတာ ကားပေါ်ကနေ ကွမ်းတံတွေးမထွေးချဘူး။ ရုတ်ရင်းကြမ်းတမ်းတဲ့ စကားမပြောဘူး။ သမာ အာဇီဝနဲ့ အသက်မွေးတယ်။ လိုအပ်နေသူတွေကို ဆင်းရဲ ချမ်းသာ လူမျိုး ဘာသာ မခွဲခြားပဲ ကူညီတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အသိစိတ် နှလုံးသည်းပွတ်ထဲမှာ သံမှိုနှက်သလိုစွဲထားတယ်။ ကားမောင်း ရင် လမ်းလုပြီး မမောင်းဘူး။ စည်းကမ်းရှိရှိ နေတဲ့ ဘဝ သက်တမ်းမွေးမြူတယ်။ ဘာသာခြား မိတ်ဆွေတွေနဲ့ ဖော်ရွေ ယဉ်ကျေးစွာ ဆက်ဆံတယ်။ မိသားစုကို သာသနာ့အသိ သင်ကြားပေး တယ်။ ကောင်းရာကို ညွှန်ကြားတယ်။ ကိုယ်တိုင်လည်း ကျင့်သုံးတယ်။ မကောင်းမှုကို ရှောင်ကျဉ်တယ်။ သူများကိုလည်း မကောင်းမှုကနေတားမြစ်တယ်။ ညီနောင် မွတ်စ်လင်မ်ရဲ့ သောကကို ဝေးကွာအောင် ကူညီပေးတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာက ကျွန်တော်တို့ အိမ်ကနေစပြီး အစ္စလာမ်ဘာသာရဲ့ တန်ဖိုးကိုသိအောင် မိသားစုကို သင်ရပါမယ်။ ဗလီဝတ်ကျောင်းတော်မှာ သွားရောက်ဝတ်ပြုသူတွေ အဖြင့် အဖေရော သားတွေ ပါ ကျိုးစားကြရပါမယ်။ အိမ်တွင်းမှာ သာသနာနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုမျိုးရှိရပါမယ်။ ပတ်ဝန်း ကျင်မှာ ရှိတဲ့ ဘာသာခြားများနဲ့ လိုက်လျောညီထွေရှိအောင် လူမှုရေးကိစ္စတွေမှာ တက်ညီလက်ညီ ပါဝင်ကြ ရပါမယ်။ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို မွတ်စ်လင်မ်တစ်ဦး ပီသစွာ နေထိုင်ခြင်းအားဖြင့်သာ အများ က အစ္စလာမ်ဘာသာကို နားလည်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


"The Message Of Islam အပိုင်း ၁" ရဲ့ Link ဖြစ်ပါတယ်။

http://www.facebook.com/photo.php?fbid=4170093092145&set=a.3301657221791.2130172.1278756611&type=1&theater

"The Message Of Islam အပိုင်း ၂" ရဲ့ Link ဖြစ်ပါတယ်။

http://www.facebook.com/photo.php?fbid=4182942893382&set=a.3301657221791.2130172.1278756611&type=1&theater

Mohammed Naeem

No comments:

Post a Comment