ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, February 4, 2013

မလေးရှားတွင် ပင်လယ်မျှော့ စားပြီး လူ ၂ ဦးသေဆုံး



Posted by ဥယျာဉ်မှူး

KOTA KINABALU:

Sabah’ ပြည်နယ်မြောက်ပိုင်း Kudat ခရိုင်အတွင်းရှိ အမျိုးသားနှစ်ဦး ပင်လယ်သခွားသီး လို့အမည်ရတဲ့ sea cuc umber မျှော့ကို စားပြီး သေဆုံးခဲ့ကြောင်း ယနေ့ Star Online သတင်းဌာနမှာ လူဖတ်အများဆုံး သတင်း အဖြစ် တွေ့ရှိရကြောင်း အသိပေး ရပါတယ် ။

ပြည်နယ် ငါးဖမ်းလုပ်ငန်းဦးစီးဌာနရဲ့ ဒါရိုက်တာ Rayner Stuel Galid ပြောကြားမှု့အရ အဆိုပါ ဟင်း စားပြီးသေ ဆုံး သူ ၂ ဦး မှာ ပင်လယ် ဆိပ်တက်မှု့ တစ်မျိုးဖြစ်သော RED TIDE ခေါ် ဒီရေနီဆိပ်တက်သည့် လက္ခနာ များ နှင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း ထုတ်ပြန်ကြော်ငြာခဲ့ပါတယ် ။

အဆိုပါ Sea Cuc umber ပင်လယ်မျှော့များ မလေးရှားနိုင်ငံဈေးကွက်အတွင်း မှ ဖယ်ရှားပစ်ဖို့ နဲ့ စားသုံးမှု့ မပြုကြရန် ကိုလဲ ယနေ့ သတင်းစားများမှာ ကြော်ငြာထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသားများကို အထူးသတိပေးရပါတယ်ခင်ဗျာ။

အဆိုပါ ပင်လယ်မျှော့ ဖြန့်ဖြူးရောင်းချတဲ့ ကုမဏီကတော့ မျှော့ကိုက အဆိပ်သင့်နေတာ ကို တွေ့ရှိ ရကြောင်း   ပြောကြား သွားပါတယ် ။

အသက် 51 နှစ် နဲ့ 54 နှစ်ရှိတဲ့ အမျိုးသား ၂ ဦးကတော့ အဆိုပါ Sea Cucu mber ကိုစားပြီး ပြီးခဲ့တဲ့ ကြာသာ ပတေးနေ့က Queen Elizabeth ဆေးရုံတွက် သေဆုံးခဲ့ကြောင်း ၊ စားသုံးသူ 6 ဦးအတူတူ စားသုံး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသား ၂ ဦး မှာသေဆုံးကြောင်း ထုတ်ပြန်ကြော်ငြာခဲ့ပါတယ် ။

အဆိုပါ အမျိုးသား ၂ ဦးလုံး အဆိပ်သင့်ပြီးကတည်းကမထနိုင်ပဲလဲနေပြီး အံခြင်း ၊ ထံထိုင်းခြင်း ၊ အသက် ရှုခက်ခြင်း စတဲ့ လက္ခဏာ များ ဖြင့် နောက်ဆုံး သေဆုံး ခဲ့ရကြောင်း နဲ့ အခြားစားသုံး သူ နောက်ထပ် ၂ ဦးမှာလဲ ဆက်လက် ဆေး ကုသနေ ရဆဲဖြစ်ကြောင်း ကိုလည်း အများကို ထုတ်ပြန်သတိပေးကြော်ငြာခဲ့ပါတယ်

အဆိုပါ အနက်ရောင်ပေါ်မှာ ခရမ်းရောင် အပျောက်များပါတဲ့ ပင်လယ် သခွား မျှော့ကို ကူဒတ် ရဲ့ မရူဘူ ပင်လယ်ကွေ တစ်ဝိုက်မှာ ဖမ်းဆီးနိုင်ပြီး အဆိုပါ နေရာတွင် ကနဦး ကတည်းက လူ ၂ ဦး ပင်လယ် ဒီရေနီ အဆိပ် သင့်ပြီး သေဆုံးခဲ့ဘူးကြောင်းကိုလဲ ဆက် လက်ဖော်ပြသွားခဲ့ပါတယ် ။

ပင်လယ်သခွားသီးလို့ခေါ်တဲ့ နာမည်ကျော်စားစရာ မျှော့တမျိုး

မလေးရှားနိုင်ငံမှ အဆိပ်သင့်ခဲ့သော Sea Cuc umbe ပုံ (မစားရန်တားမြစ်ထားသော မျှော့များ)

အဆိုပါ ပင်လယ်ဒီရေနီ မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ အဆိပ်ဖြစ်ပြီး ပင်လယ်ရေငြှိများမှ စွန့်ထုတ်လိုက်တဲ့ အဆိပ်ကြောင့်   ဖြစ်ကြောင်း နဲ့ ပင်လယ်နဲ့ ထိတွေ့လုပ်ကိုင်သူများအတွက် အန္တရယ်ရှိစေတဲ့ အရာဖြစ်ကာ သတိ ထားရှောင် ကျဉ်ရမည့် အကြောင်း မလေးရှားနိုင်ငံရောင် မြန်မာနိုင်ငံသားများသာမက ဧဒင်အဖွဲ့ဝင်အားလုံး ဗဟုသုတ ရရန် အလို့ငါ ဘာသာပြန်တင် ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။

No comments:

Post a Comment