ဖေဖော်ဝါရီ ၃ ၊ ၂၀၁၃
M-Media
M-Media
ယနေ့ မန္တလေးမြို့တွင် မဟာတမန်တော်နေ့
အထိမ်းအမှတ် စီတန်းလှည့်လည်ပွဲတစ်ခုအား ဃရာနာ အစ္စ လာမ် သာသနာ ပရမတ္တမိသားစု
အဖွဲ့ကြီး နှင့် မန္တလေးမြို့လုံးဆိုင် ရာမဟာ တမန်တော်နေ့
ကျင်းပရေး ဗဟိုကော်မတီတို့ ပူပေါင်းကျင်းပခဲ့သည်။ အခမ်းအနားကြီးအား ၇၄လမ်း
၃၆*၃၇လမ်းကြား မဏ္ဍပ်မှ စတင် ထွက်ခွာခဲ့သည်။
ယင်းစီတန်း လှည့်လည်ပွဲ အခမ်းအနားကို
၃၆လမ်း မှတဆင့် အနောက်သို့ဆင်းကာ ၇၈လမ်း ထို့နောက် ၃၅လမ်း ၊ မှတဆင့်
၇၃လမ်းအတိုင်း ပြန်ကာ ၇၄လမ်း မဏ္ဍာပ်ထိ တပတ်လှည့် လည် ကျင်းပခဲ့သည်။
အခမ်းအနားကျင်းပရာတွင် ဘင်ခရာ တပ်ဖွဲ့များ ပန်းပွားအက အဖွဲ့များနှင့်
စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားတွင် ဃရာနာ
အစ္စလာမ် သာသနာ ပရမထ္တမိသားစု အဖွဲ့ ကြီး နှင့် အတူ မန္တလေးမြို့လုံးဆိုင်ရာ
မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီ ၊ စစ်ကိုင်းမြို့ တမန်တော်နေ့
ကျင်းပရေး ကော်မတီ ၊ အတ္တာစီယာ တွရီကာအဖွဲ့ ၊ ဆရာတော်ကြီး SA. Kotawal
တည်ထောင်သော ပရမထ္တမဟာဝိပဿနာ အစ္စလာမ် သာသနာရေး အဖွဲ့၊ သျှီအာဂျမအတ်အဖွဲ့
အစရှိသော အဖွဲ့အများ တမန်တော် ချစ် အစ္စလာမ် အမျိုးသား အမျိုးသမီး
စုစုပေါင်း အင် အားနှစ်သောင်း ခန့် အင်တိုက်အားတိုက် ပါဝင်ဆင်နွဲခဲ့ကြောင်း
သတင်းရရှိပါသည်။
ထို့နောက် မဏ္ဍပ်တွင် ခလီဖွာ
ဦးသိန်းဝင်းအောင် နှင့် ရန်ကုန်မြို့မှ ကြွရောက်လာသော မောင်လာနာ နဇီး
တို့မှ တမန်တော်နေ့ ကျင်းပရခြင်း အကြောင်း အနည်းငယ်ဟောကြားပြီး အခမ်းအနား
အား ဆု ဒိုအာတောင်း ကာ ရုပ်သိမ်းခဲ့သည်။
ယနေ့ညပိုင်းတွင်လည်း ၄င်း မဏ္ဍပ်ကြီးတွင် ညပိုင်းတရားပွဲအခမ်းအနားကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်မည်ဟု သိရှိရပါသည်။
Photo Bonny Bravo
No comments:
Post a Comment