ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Sunday, February 3, 2013

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု ဖြစ်နိုင်တယ်။
“အင်မတန် အရေးကြီးတဲ့ ကိစ္စတခုကို စုံစမ်းစစ်ဆေးတဲ့သူ တဦးအဖြစ်နဲ့ သာမကပါဘူး၊ သူနဲ့အတူ နိုင်ငံရေး အသွေး အရောင်စုံ အဖွဲ့ဝင်တွေလည်း ပါဝင်နေကြတာပါ။ ဒါကြောင့်လည်း ဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ်နဲ့ ဘယ်လောက် ထိရောက်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း တွေ့ရလိမ့်မယ် ထင်ပါ တယ်။” (လူ့အခွင့်အရေး အဖွဲ့က သုတေသီ Mathieson)

အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကော်မီတီထဲ ထည့်သွင်းတာဟာ လူလက်ခံအောင် လုပ်တာ သာ ဖြစ် တယ်လို့ မြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြော ခွင့်ရသူ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

No comments:

Post a Comment