ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, February 4, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာ ရေးရာ ကောင်စီဌာနချုပ်အတွင်းရေးမှူးချုပ်၏အမှာစာ

Islamic Religious Affairs Council Myanmar's photo.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
အတွင်းရေးမှူးချုပ်၏အမှာစာ
-

(အို-တမန်တော်၊ အသင်သည် လူသားတို့အား ဤသို့) ပြောကြားပါလေ။ 
အလ္လာဟ်အရှင်မြတ်နှင့် (ငါ)တမန်တော်၏အမိန့်တော်များကို (မလွဲမသွေ) “အိသွာအသ်” နာခံကြလေကုန်။ 
မနာခံသော် အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သူများအား နှစ်သက်တော်မမူချေ။      		
(ကုရ်အာန်-၃း၃၂)
-
တမန်တော်မြတ်၏ အမိန့်ကို “အိသွာအသ်” (obey) နာခံရန် “ကုရ်အာန်”ကျမ်းတော်မြတ်တွင် 
လူသားများအား တိတိကျကျပင်ညွှန်ကြားထားပေသည်။
 နာခံခြင်းမရှိသူများအား “အလ္လာဟ်”အရှင်မြတ်နှစ်သက်တော်မူခြင်း မရှိကြောင်းကိုလည်း 
ပြတ်ပြတ်သားသားပင် သတိပေးထားတော်မူပေသည်။ 
သို့ဖြစ်ရာ တမန်တော်မြတ်၏ အမိန့်တော်များကို တစ်သဝေမတိမ်းပင် လိုက်နာကြရမည်ဖြစ်ပေသည်။
-
(အို-တမန်တော်)အသင်သည် (လူသားတို့အားဤသို့)ပြောကြားပါလေ။
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်အား ချစ်ကြည်မြတ်နိုးကြပါမူ၊ 
ငါ(တမန်တော်)၏သြ၀ါဒများကို “အိသ်သိဗာအ်”လိုက်နာကြလေကုန်။
(သို့မှသာ) အသင်တို့အား အလ္လာဟ်အရှင်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။     
(ကုရ်အာန်-၃း၃၁)
-
တမန်တော်မြတ်၏အမိန့်ကို “အိသွာအသ်” (obey) နာခံမှုပြုရန် “ကုရ်အာန်”ကျမ်းမြတ်တွင် ညွှန်ကြားမှုပြုထားရုံမျှမက 
“အလ္လာဟ်”အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြသူတိုင်း တမန်တော်မြတ်၏ လမ်းစဉ်အတိုင်း  “အိသ်သိဗာအ်” (follow) ထပ်တူပြုလိုက်နာကျင့်သုံးရန် အသိပေးညွှန်ကြားမှုပြုထားပေသည်။
ထိုသို့တမန်တော်မြတ်၏ လမ်းစဉ်အတိုင်း “အိသ်သိဗာအ်”ထပ်တူပြု လိုက်နာကျင့်သုံးသူများအား “အလ္လာဟ်”အရှင်မြတ်က ချစ်ကြည်မြတ်နိုးတော်မူမည်ဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းပင်ဖော်ပြထားတော်မူပေသည်။
သို့ဖြစ်ရာ တမန်တော်မြတ်၏ လမ်းစဉ်ကို  
ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးကြပေရမည်။ 
-
ထိုသို့ “ကုရ်အာန်”ကျမ်းတော်မြတ်၏ ညွှန်ကြားချက်အရ 
တမန်တော်မြတ်၏ အမိန့်တော်များကို “အိသွာအသ်”နာခံရန်နှင့် 
တမန်တော်မြတ်၏လမ်းစဉ်အတိုင်း “အိသ်သိဗာဟ်”ထပ်တူပြုလိုက်နာ
ကျင့်သုံးရန်သည် တမန်တော်မြတ်၏“ဟဒီးဆ်တော်”များကိုသိရှိနားလည်၍ လက်တွေ့ကျင့်ကြံရန်ပင်ဖြစ်ပေသည်။
-
တမန်တော်မြတ်၏ နှုတ်တော်မှမြွက်ကြားသည့်သြ၀ါဒတော်များ
(ဟဒီးဆ်ဆိ ကောင်လီ)၊
တမန်တော်မြတ်ကိုယ်တော်တိုင်ပြုကျင့်ဆောင်ရွက်ခဲ့သည်များ (ဟဒီးဆ်ဆိဖိအ်လီ)နှင့်
တမန်တော်မြတ်တွေ့မြင်/သိရှိတော်မူ၍တားမြစ်တော် မူခဲ့ခြင်း မရှိခဲ့သည့်တစ်ဦးဦး၏ ပြုမူပြောဆိုဆောင်ရွက်ခဲ့သည်များ 
(ဟဒီးဆ်ဆိသတ်က် ရီရီ)တို့ကို 
(မှန်ကန်ခိုင်လုံပါက)မလွဲမသွေလက်ခံကျင့်သုံးရမည်သာဖြစ်ပါသည်။
-
၎င်းဟဒီးဆ်တော်များကို မှတ်တမ်းပြုထိန်းသိမ်းခဲ့ကြသူ ဟဒီးဆ်ပညာရှင် အဆက်ဆက်သည် 
ဆင့်ပြန်မှု အစဉ်အဆက် မြစ်ခြေ ခိုင်မာမှု အခြေအနေအပေါ် မူတည်၍ 
“ဆွဟီးဟ်” (မှန်ကန်ခိုင်မာမှုအရှိဆုံးဟဒီးဆ်)၊ “ဟစန်”၊ “ဃရီဗ်”၊ “ဒွအီဖ်” (ခိုင်မာမှုအားနည်းသည့်ဟဒီးဆ်)၊
 “မောင်ဒွူအ်”(လုပ်ကြံဖန်တီးထားသောဟဒီးဆ်တု) စသဖြင့် အဆင့်အမျိုးမျိုးကို စနစ်တကျ စိစစ်မှတ်တမ်းတင်ထားရှိခဲ့ကြပါသည်။
-
ထိုသို့ “ဟဒီးဆ်တော်”များတွင် အဆင့်အမျိုးမျိုးရှိသည့်အနက် “ဆွဟီးဟ်”  (မှန်ကန်ခိုင်မာမှုအရှိဆုံး)ဟဒီးဆ်တော်များကိုသာ ရွေးထုတ်ဖော်ပြထားသော “ဗုခါရီ”ကျမ်းနှင့် “မွတ်စ်လင်မ်”ကျမ်းလာ “အဟ်ကာမ်” ပညတ်ချက်များ အခြေပြု ရသည့် 
သြ၀ါဒတော်များကို စုစည်း၍ လွန်ခဲ့သော နှစ်ပေါင်း(၈၀၀)ကျော်က ပညာရှင်ကြီး ရှိက်ခ် အဗ်ဒုလ် ဂနီ ဂျမ္မာအီလီသည် 
“အွမ်ဒသုလ် အဟ်ကာမ်”ကျမ်းအမည်ဖြင့်ရေးသားပြုစုခဲ့ပါသည်။
ဤကျမ်းကို“အစ္စလာမ့်ဓမ္မသတ် ဆိုင်ရာအခြေပြုသြ၀ါဒတော်များ”ကျမ်းဟူသည့်အမည်ဖြင့် 
ဓမ္မသတ်မှူး မောင်လာနာ အဗ်ဒုရ်ရဟီမ် ဦးမြင့်လွင်  B.E (Met) ၊(မဒနီ၊အလ်အဇ်ဟရ်-ကိုင်ရို)က 
ဘာသာပြန် ရှင်းလင်းဖွင့်ဆိုရေးသားပြီး အစ္စလာမ်ကောင်စီဌာနချုပ်မ့်စာစဉ်အမှတ်(၆၉)အဖြစ် ပထမတွဲထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ယခုစာစဉ်အမှတ်(၇၁)အဖြစ် ဒုတိယတွဲဆက်လက် ထုတ်ဝေလိုက်ပါသည်။ 
-
ယခင်ထုတ်ဝေခဲ့သောပထမတွဲတွင်-
(၁) “သွဟာရသ်”သန့်ရှင်းစင်ကြယ်ခြင်းကဏ္ဍ၊(ဟဒီးဆ်-၁မှ၄၃) 
(၂) “ဆွလာသ်”၀တ်ပြုခြင်းကဏ္ဍ၊(ဟဒီးဆ်-၄၄မှ၁၅၁)
(၃) “ဂျနာဇဟ်”သူသေအားမြှုပ်နှံခြင်းကဏ္ဍ၊(ဟဒီးဆ်-၁၅၂မှ၁၆၅)ပါရှိပါသည်။
-
ယခုထုတ်ဝေသောဒုတိယတွဲတွင်-	

(၄) “ဇကာသ်”ကဏ္ဍ၊(ဟဒီးဆ်-၁၆၆မှ၁၇၄) 			
(၅) “ဆွိယာမ်”ဥပုသ်ဆောက်တည်ခြင်းကဏ္ဍ၊(ဟဒီးဆ်-၁၇၅မှ၂၀၅)
(၆) “ဟဂ်ျ”ကဏ္ဍ၊(ဟဒီးဆ်-၂၀၆မှ၂၄၇)ပါရှိပါသည်။
-

ဤကျမ်း မူရင်းပြုစုသူ၊ ဘာသာပြန်ဆိုသူနှင့် ဖတ်ရှုသူအားလုံးအတွက် 
“အလ္လာဟ်”အရှင်မြတ်ထံတော်တွင် “ဒုအာ” ဆုမွန်ပြုအပ်ပါသည်။ 
အထူးသဖြင့် -
ကျွန်ုပ်တို့ အားလုံးအား တမန်တော်မြတ်၏ “ဟဒီးဆ်”တော်များအပေါ် အလေးထားမြတ်နိုးသည့် နှလုံးသားနှင့်  
လက်တွေ့ လိုက်နာ ကျင့်ကြံနိုင်သည့် စွမ်းအားချီးမြှင့်တော်မူပါရန် ဆုပန်ပါသည်။
- 
အစ္စလာမ့်ရေးရာ ဒို့ဝန်တာ

(အလ်ဟာဂ်ျ တင်မောင်သန်း)
အတွင်းရေးမှူးချုပ်
်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်


အစ္စလာမ့်ဓမ္မသတ်ဆိုင်ရာ အခြေပြု သြ၀ါဒတော်များ ဒုတိယတွဲ ကို (၂၀၀၀ ကျပ်)နှုံးဖြင့် 
အစ္စလာမ်ကောင်စီဌာနချုပ်၊အမှတ်(၁၈၃)၊ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့
(ဖုန်း-၀၁-၂၅၂၆၀၈၊၃၈၉၇၈၆)တွင် ဖြန့်ချိလျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာ
ရေးရာ ကောင်စီဌာနချုပ်အတွင်းရေးမှူးချုပ်၏အမှာစာ

(အို-တမန်တော်၊ အသင်သည် လူသားတို့အား ဤသို့) ပြောကြားပါလေ။
အလ္လာဟ်အရှင်မြတ်နှင့် (ငါ)တမန်တော်၏အမိန့်တော်များကို (မလွဲမသွေ) “အိသွာအသ်” နာခံကြလေကုန်။
မနာခံသော် အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သူများအား နှစ်သက်တော်မမူချေ။
(ကုရ်အာန်-၃း၃၂)

တမန်တော်မြတ်၏ အမိန့်ကို “အိသွာအသ်” (obey) နာခံရန် “ကုရ်အာန်”ကျမ်းတော်မြတ်တွင် လူသား များ အား တိတိကျကျပင်ညွှန်ကြားထားပေသည်။
နာခံခြင်းမရှိသူများအား “အလ္လာဟ်”အရှင်မြတ်နှစ်သက်တော်မူခြင်း မရှိကြောင်းကိုလည်း ပြတ်ပြတ် သား သား ပင် သတိပေးထားတော်မူပေသည်။
သို့ဖြစ်ရာ တမန်တော်မြတ်၏ အမိန့်တော်များကို တစ်သဝေမတိမ်းပင် လိုက်နာကြရမည်ဖြစ်ပေသည်။

(အို-တမန်တော်)အသင်သည် (လူသားတို့အားဤသို့)ပြောကြားပါလေ။
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်အား ချစ်ကြည်မြတ်နိုးကြပါမူ၊
ငါ(တမန်တော်)၏သြ၀ါဒများကို “အိသ်သိဗာအ်”လိုက်နာကြလေကုန်။
(သို့မှသာ) အသင်တို့အား အလ္လာဟ်အရှင်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။
(ကုရ်အာန်-၃း၃၁)
-
တမန်တော်မြတ်၏အမိန့်ကို “အိသွာအသ်” (obey) နာခံမှုပြုရန် “ကုရ်အာန်”ကျမ်းမြတ်တွင် ညွှန်ကြားမှုပြု ထားရုံမျှမက “အလ္လာဟ်”အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြသူတိုင်း တမန်တော်မြတ်၏ လမ်းစဉ်အတိုင်း “အိသ်သိဗာအ်” (follow) ထပ်တူပြုလိုက်နာကျင့်သုံးရန် အသိပေးညွှန်ကြားမှုပြုထားပေသည်။
ထိုသို့တမန်တော်မြတ်၏ လမ်းစဉ်အတိုင်း “အိသ်သိဗာအ်”ထပ်တူပြု လိုက်နာကျင့်သုံးသူများအား “အလ္လာဟ်”အရှင်မြတ်က ချစ်ကြည်မြတ်နိုးတော်မူမည်ဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းပင်ဖော်ပြ ထားတော်မူပေသည်။
သို့ဖြစ်ရာ တမန်တော်မြတ်၏ လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးကြပေရမည်။

ထိုသို့ “ကုရ်အာန်”ကျမ်းတော်မြတ်၏ ညွှန်ကြားချက်အရ တမန်တော်မြတ်၏ အမိန့်တော်များကို “အိသွာ အသ်”နာခံရန်နှင့် တမန်တော်မြတ်၏လမ်းစဉ်အတိုင်း “အိသ်သိဗာဟ်”ထပ်တူပြုလိုက်နာကျင့်သုံးရန် သည် တမန်တော်မြတ်၏“ဟဒီးဆ်တော်”များကိုသိရှိနားလည်၍ လက်တွေ့ကျင့်ကြံရန်ပင်ဖြစ်ပေသည်
-
တမန်တော်မြတ်၏ နှုတ်တော်မှမြွက်ကြားသည့်သြ၀ါဒတော်များ(ဟဒီးဆ်ဆိ ကောင်လီ)၊
တမန်တော်မြတ်ကိုယ်တော်တိုင်ပြုကျင့်ဆောင်ရွက်ခဲ့သည်များ (ဟဒီးဆ်ဆိဖိအ်လီ)နှင့် တမန်တော်မြတ်   တွေ့မြင်/သိရှိတော်မူ၍တားမြစ်တော် မူခဲ့ခြင်း မရှိခဲ့သည့်တစ်ဦးဦး ၏ ပြုမူပြောဆိုဆောင် ရွက်ခဲ့ သည် များ (ဟဒီးဆ်ဆိသတ်က် ရီရီ)တို့ကို (မှန်ကန်ခိုင်လုံပါက)မလွဲမသွေလက်ခံကျင့်သုံးရ မည် သာဖြစ် ပါသည်။
-
၎င်းဟဒီးဆ်တော်များကို မှတ်တမ်းပြုထိန်းသိမ်းခဲ့ကြသူ ဟဒီးဆ်ပညာရှင် အဆက်ဆက်သည် ဆင့်ပြန်မှု အစဉ်အဆက် မြစ်ခြေ ခိုင်မာမှု အခြေအနေအပေါ် မူတည်၍ “ဆွဟီးဟ်” (မှန်ကန်ခိုင်မာမှု အရှိဆုံးဟ
ဒီးဆ်) ၊   “ဟစန်”၊ “ဃရီဗ်”၊ “ဒွအီဖ်” (ခိုင်မာမှုအားနည်းသည့်ဟဒီးဆ်)၊
“မောင်ဒွူအ်”(လုပ်ကြံဖန်တီးထားသောဟဒီးဆ်တု) စသဖြင့် အဆင့်အမျိုးမျိုးကို စနစ်တကျ စိစစ်မှတ်တမ်းတင်ထားရှိခဲ့ကြပါသည်။
-
ထိုသို့ “ဟဒီးဆ်တော်”များတွင် အဆင့်အမျိုးမျိုးရှိသည့်အနက် “ဆွဟီးဟ်” (မှန်ကန်ခိုင်မာမှုအရှိဆုံး)ဟဒီးဆ်တော်များကိုသာ ရွေးထုတ်ဖော်ပြထားသော “ဗုခါရီ”ကျမ်းနှင့် “မွတ်စ်လင်မ်”ကျမ်းလာ “အဟ်ကာမ်” ပညတ်ချက်များ အခြေပြု ရသည့်
သြ၀ါဒတော်များကို စုစည်း၍ လွန်ခဲ့သော နှစ်ပေါင်း(၈၀၀)ကျော်က ပညာရှင်ကြီး ရှိက်ခ် အဗ်ဒုလ် ဂနီ ဂျမ္မာအီလီသည်
“အွမ်ဒသုလ် အဟ်ကာမ်”ကျမ်းအမည်ဖြင့်ရေးသားပြုစုခဲ့ပါသည်။
ဤကျမ်းကို“အစ္စလာမ့်ဓမ္မသတ် ဆိုင်ရာအခြေပြုသြ၀ါဒတော်များ”ကျမ်းဟူသည့်အမည်ဖြင့် ဓမ္မသတ်မှူး   မောင်လာနာ အဗ်ဒုရ်ရဟီမ် ဦးမြင့်လွင် B.E (Met) ၊(မဒနီ၊အလ်အဇ်ဟရ်-ကိုင်ရို)က ဘာသာပြန် ရှင်းလင်း ဖွင့်ဆိုရေးသားပြီး အစ္စလာမ်ကောင်စီဌာနချုပ်မ့်စာစဉ်အမှတ်(၆၉)အဖြစ် ပထမတွဲ ထုတ်ဝေ ခဲ့ပြီးဖြစ် ပါသည်။
ယခုစာစဉ်အမှတ်(၇၁)အဖြစ် ဒုတိယတွဲဆက်လက် ထုတ်ဝေလိုက်ပါသည်။

ယခင်ထုတ်ဝေခဲ့သောပထမတွဲတွင်-
(၁) “သွဟာရသ်”သန့်ရှင်းစင်ကြယ်ခြင်းကဏ္ဍ၊(ဟဒီးဆ်-၁မှ၄၃)
(၂) “ဆွလာသ်”၀တ်ပြုခြင်းကဏ္ဍ၊(ဟဒီးဆ်-၄၄မှ၁၅၁)
(၃) “ဂျနာဇဟ်”သူသေအားမြှုပ်နှံခြင်းကဏ္ဍ၊(ဟဒီးဆ်-၁၅၂မှ၁၆၅)ပါရှိပါသည်

ယခုထုတ်ဝေသောဒုတိယတွဲတွင်-

(၄) “ဇကာသ်”ကဏ္ဍ၊(ဟဒီးဆ်-၁၆၆မှ၁၇၄)
(၅) “ဆွိယာမ်”ဥပုသ်ဆောက်တည်ခြင်းကဏ္ဍ၊(ဟဒီးဆ်-၁၇၅မှ၂၀၅)
(၆) “ဟဂ်ျ”ကဏ္ဍ၊(ဟဒီးဆ်-၂၀၆မှ၂၄၇)ပါရှိပါသည်။


ဤကျမ်း မူရင်းပြုစုသူ၊ ဘာသာပြန်ဆိုသူနှင့် ဖတ်ရှုသူအားလုံးအတွက်
“အလ္လာဟ်”အရှင်မြတ်ထံတော်တွင် “ဒုအာ” ဆုမွန်ပြုအပ်ပါသည်။
အထူးသဖြင့် -
ကျွန်ုပ်တို့ အားလုံးအား တမန်တော်မြတ်၏ “ဟဒီးဆ်”တော်များအပေါ် အလေးထားမြတ်နိုး သည့် နှလုံး သားနှင့် လက်တွေ့ လိုက်နာ ကျင့်ကြံနိုင်သည့် စွမ်းအားချီးမြှင့်တော်မူပါရန် ဆုပန်ပါသည်။

အစ္စလာမ့်ရေးရာ ဒို့ဝန်တာ

(အလ်ဟာဂ်ျ တင်မောင်သန်း)
အတွင်းရေးမှူးချုပ်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်


အစ္စလာမ့်ဓမ္မသတ်ဆိုင်ရာ အခြေပြု သြ၀ါဒတော်များ ဒုတိယတွဲ ကို (၂၀၀၀ ကျပ်)နှုံးဖြင့်
အစ္စလာမ်ကောင်စီဌာနချုပ်၊အမှတ်(၁၈၃)၊ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို
(ဖုန်း-၀၁-၂၅၂၆၀၈၊၃၈၉၇၈၆)တွင် ဖြန့်ချိလျက်ရှိပါသည်။

No comments:

Post a Comment