ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, January 28, 2013

ရာင် စုံ သူပုန်၊ သောင်းကျန်းသူ စတဲ့အသုံးအနှုန်းမျိုးတွေ မသုံးစွဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က မေတ္တာရပ်ခံ


ရောင်စုံသူပုန်ဆိုတဲ့ စာလုံးက လက်ရှိအာဏာရှင်တွေလေ ၊ အာဏာရှင်တွေက သူပုန်လိုလို ၊မာဖိယာလိုလို တိုင်းပြည်ကို အုပ်နေတာလေ ။ မြန်မာပြည်မှာ ကိုယ်ပိုင်အစီုးရများလာတာကို မသိယောင်ဆောင်နေတာလေ ၊
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုရာမှာ ရောင်စုံသူပုန်၊ သောင်းကျန်းသူ စတဲ့အသုံးအနှုန်းမျိုးတွေ မသုံးစွဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

အခု ခေတ်စနစ်ပြောင်းနေပြီး တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ ဒီ အခေါ်အဝေါ်တွေဟာ ကြားရသူတွေအတွက် နားမခံသာ ဖြစ်စေတာကြောင့် မသုံးနှုန်းဖို့ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ် အဖြူ၊ အနီ၊ ပအို့ အဖြူနဲ့ အနီ စတဲ့ အဖွဲ့တွေပေါ်ပေါက်ခဲ့တဲ့အတွက် အစိုးရဘက်က ရောင်စုံသူပုန်တွေလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုးရအဆက်ဆက်ကတော့ တောတွင်းလက်နက်ကိုင် အင်အားစုတွေကို သောင်းကျန်းသူအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ပြီး စာပေစိစစ်ရေး အဖွဲ့ကလည်း သောင်းကျန်းသူအဖြစ်သာ ခေါ်ဝေါ်သုံးနှုန်းဖို့ သတ်မှတ်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း   ဆွေးနွေး ပြောဆို ရာမှာ   ရောင် စုံ သူပုန်၊ သောင်းကျန်းသူ စတဲ့အသုံးအနှုန်းမျိုးတွေ မသုံးစွဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်  က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

အခု ခေတ်စနစ်ပြောင်းနေပြီး တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ ဒီ အခေါ် အဝေါ်တွေဟာ ကြားရသူတွေအတွက် နားမခံသာ ဖြစ်စေတာကြောင့် မသုံးနှုန်းဖို့ မေတ္တာရပ်ခံ လိုက် တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ် အဖြူ၊ အနီ၊ ပအို့ အဖြူနဲ့ အနီ စတဲ့ အဖွဲ့တွေပေါ်ပေါက် ခဲ့တဲ့အတွက် အစိုးရဘက်က ရောင်စုံသူပုန်တွေလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုးရအဆက်ဆက် ကတော့ တောတွင်း လက်နက် ကိုင် အင်အားစုတွေကို သောင်းကျန်းသူအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ပြီး စာပေစိစစ်ရေး အဖွဲ့ကလည်း   သောင်းကျန်းသူအဖြစ်သာ ခေါ်ဝေါ်သုံးနှုန်းဖို့ သတ်မှတ်ခဲ့ပါတယ်။

No comments:

Post a Comment