ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, February 4, 2013

မင်းဖလောင်း(ခ)စကွန်ဒါရှား(ခရစ် နှစ် ၁၅၇၁-၁၅၉၃) ထုတ်ဝေသော ရှေးဟောင်းရခိုင်ဒင်္ဂါးပြား

မင်းဖလောင်း(ခ)စကွန်ဒါရှား  (ခရစ် နှစ် ၁၅၇၁-၁၅၉၃)ထုတ်ဝေသော ရှေးဟောင်းရခိုင်ဒင်္ဂါးပြား
ရင်ဘက်မှစာမှာ ရခိုင်စာဖြစ်ပြီး  နရာဓိပတိသိရီသူရ(သို့)နရာဓိပတိဦးရီးတော် သိရိရှား ဖြစ်သည်။ ကျောဘက်မှစာမှာ အထက်ခြမ်းတွင်   ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး   အောက်ခြမ်းတွင်မူ  နာဂရီ(ရှေးဟောင်းဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။

မင်းဖလောင်းသည် မွတ်စလင် ဘွဲ့ခံခဲ့သော်လည်း  ထုက္ကန့်သိမ်ပုထိုးတော်ကြီး၏ ဒါယကာဖြစ်သည်။ဤမင်းလက်ထက်တွင် အနောက်ဘင်္ဂါ ၁၂ မြို့ကို စစ်ချီပြီး ငြိမ်သက်စေသည်။    စစ်တကောင်းမြို့ဆိပ်ကမ်းသည် ရခိုင်ဘုရင် မင်းဖလောင်း လက်ထက်မှစတင်၍ နိုင်ငံခြားနှင့် ကုန်သွယ်ရာ အဓိက ဆိပ်ကမ်းကြီး ဖြစ်လာပြီးဘင်္ဂလားမှထွက်သည့် ကုန်ပစ္စည်းများအပြင် အိန္ဒိယမှထွက်သော ကုန်ပစ္စည်းများကို ထိုဆိပ်ကမ်းမှ ရောင်းဝယ်ကုန်သွယ်ခဲ့သည်။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)
မင်းဖလောင်း(ခ)စကွန်ဒါရှား (ခရစ် နှစ် ၁၅၇၁-၁၅၉၃)ထုတ်ဝေသော ရှေးဟောင်းရခိုင်ဒင်္ဂါးပြားရင် ဘက် မှစာမှာ ရခိုင်စာဖြစ်ပြီး နရာဓိပတိသိရီသူရ(သို့)နရာဓိပတိဦးရီးတော် သိရိရှား ဖြစ် သည်။ ကျော ဘက် မှစာမှာ အထက်ခြမ်းတွင် ပါရှား(အီရန်) ဘာသာဖြင့်ရေးထားပြီး အောက်ခြမ်းတွင်မူ နာဂရီ(ရှေးဟောင်း ဘင်္ဂလီစာပေတမျိုး)ဖြင့် ရေးထိုးထားသည်။

မင်းဖလောင်းသည် မွတ်စလင် ဘွဲ့ခံခဲ့သော်လည်း ထုက္ကန့်သိမ်ပုထိုးတော်ကြီး၏ ဒါယကာဖြစ် သည်။ ဤ မင်း လက် ထက်တွင် အနောက်ဘင်္ဂါ ၁၂ မြို့ကို စစ်ချီပြီး ငြိမ်သက်စေသည်။ စစ်တကောင်းမြို့ ဆိပ်ကမ်း သည် ရခိုင်ဘုရင် မင်းဖလောင်း လက်ထက်မှစတင်၍ နိုင်ငံခြားနှင့် ကုန်သွယ်ရာ အဓိက ဆိပ် ကမ်းကြီး ဖြစ်လာပြီးဘင်္ဂလားမှထွက်သည့် ကုန်ပစ္စည်းများအပြင် အိန္ဒိယမှထွက်သော ကုန်ပစ္စည်းများ ကို ထိုဆိပ်ကမ်းမှ ရောင်းဝယ်ကုန်သွယ်ခဲ့သည်။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)


ပါရှား(အီရန်)ဘာသာဖြင့်ရေးထိုးထားသော ရှေးဟောင်းရခိုင် ဒင်္ဂါးများနှင့် ဟိန္ဒုအယူဝါဒ နှင့်ဆက်နွယ်သော ရှေးဟောင်းရခိုင်ဒင်္ဂါးပြားတချို့

အဓိပ္ပါယ်ကို မသိရှိရသေးပါ။
(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)
ပါရှား(အီရန်)ဘာသာဖြင့်ရေးထိုးထားသော ရှေးဟောင်းရခိုင် ဒင်္ဂါးများနှင့် ဟိန္ဒုအယူဝါဒ နှင့် ဆက်နွယ်   သော   ရှေးဟောင်းရခိုင်ဒင်္ဂါးပြားတချို့အဓိပ္ပါယ်ကို မသိရှိရသေးပါ။

(ပုံများကို ဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ်မှရရှိပါသည်။)

No comments:

Post a Comment