သြဂုတ်၊ ၁၅၊ ၂၀၁၂
ဟမ်းဘာဂ့် မြို့တော်ဝန် Olaf Scholz
ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ (Hamburg)ဟာ
အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြု ကျင့် သုံးသော
မြို့ဖြစ်လာပါတယ်။ မွတ်စလင် အလုပ်သမားများ၊ ကျောင်းသားများ
ပွဲတော်ရက်များမှာ အနား ယူခွင့် ရရှိမှာဖြစ်ပြီး အစိုးရကျောင်းများတွင်လည်း
အစ္စလာမ်သင်ခန်းစာများ ပို့ချမှာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ လူဦးရေ ၈၂-သန်းအနက်
၎-သန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ ထက်ဝက်ခန့်မှာ ဂျာမနီနိုင်ငံသား
ခံယူရရှိထားသူများဖြစ်ပါတယ်။ မွတ်စလင်ဦးရေ တစ်သိန်းခွဲခန့်ရှိတဲ့
ဟမ်းဘာဂ့်မြို့ (Hamburg)အတွက် ဒီဆုံးဖြတ်ချက် ဟာ သမိုင်းဝင်ဖြစ်စဉ်ပါပဲ။
ဟမ်းဘာဂ့်မြို့ (Hamburg)
အစ္စလာမ်လူမှုသိုင်းဝိုင်းကောင်စီမှ ဒေနီယလ် အဘဒင် (Daniel Abdin) က ဒီမြောက်ပိုင်းပြည်နယ်ရှိ အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ
ပို့ချခြင်းဟာ အခြားသော ပြည်နယ် ၁၅-ခု အတွက်
အချက်ပေးစစ်ဂနယ်တစ်ခုဖြစ်ကြောင်း ပြောပါတယ်။
ဟမ်းဘာဂ့်မြို့မှ Fazle Omar ဗလီဝတ်ကျောင်းတော်
သူက ဆက်လက်ပြီး ပြောကြားရာမှာ
ဒီတိုးတက်မှုဟာ ဂျာမနီနိုင်ငံမှာ အစ္စလာမ်သာသနာကို အသိ အမှတ်ပြု လက်ခံခြင်း
ရဲ့ အရေးကြီးတဲ့ ခြေလှမ်းပဲလို့ သိရပါတယ်။
လာမယ့်နှစ်မှာ စတင် ကျင့်သုံးမှာဖြစ်ပြီး ဒီလိုဖြစ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာ ၅-နှစ် ရှိပြီ ဖြစ်ကြောင်း လည်း သိရပါတယ်။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)
ကိုးကား
No comments:
Post a Comment