ရခိုင်ပြည်တွင် ရိုဟင်ဂျာကလေးများ ပညာမသင်နိုင်ဘဲ အခက်ခဲဖြစ်နေသည်။

Monday, February 4, 2013

ရခိုင် အမျိုးသမီးထုကို ထိခိုက် ရေးသားမှုအတွက် Hot News ဂျာနယ် တောင်းပန်မည်

Share Arakan News's photo.
Myanmar Express Group 

ရခိုင် အမျိုးသမီးထုကို ထိခိုက် ရေးသားမှုအတွက် Hot News ဂျာနယ် တောင်းပန်မည်

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ် တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုးသမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တွင် ရခိုင် ကွန်မြူနစ် သောင်းကျန်းသူ များသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော် လည်း ရခိုင်မလေး များကို ခေါ်တော ကုလားများ၏ ဘေးအန္တရာယ် မှ မကာကွယ် နိုင်ခြင်းမှာ ရယ်စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများ အပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလားမယား ဖြစ်ရသော ရခိုင် အမျိုးသမီး များမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ်ရသည်ကို မသိဘဲ လက်ထပ် ခဲ့ရသည်ဟု ဖော်ပြ ခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြ သကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယားများ ဖြစ်ခဲ့ကြသည် ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေအနေ နှင့် လုံးဝ ဆန့်ကျင် နေကြောင်း ရခိုင် အမျိုးသမီးအသင်း ထံမှ သိရသည်။
“ရခိုင် အမျိုးသမီး အများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင်အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြု ခဲ့မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေသောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး ၏ မိခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင် တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်
Myanmar Express Group

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ် တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုး သမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တွင် ရခိုင် ကွန်မြူနစ် သောင်းကျန်းသူ များသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော် လည်း ရခိုင်မလေး များကို ခေါ်တော ကုလားများ၏ ဘေးအန္တရာယ် မှ မကာကွယ် နိုင်ခြင်းမှာ ရယ် စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများ အပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလား မယား ဖြစ်ရသော ရခိုင် အမျိုးသမီး များမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ်ရသည်ကို မသိဘဲ လက်ထပ် ခဲ့ရသည်ဟု ဖော်ပြ ခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြ သကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယား များ ဖြစ် ခဲ့ကြသည် ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေအနေ နှင့် လုံးဝ ဆန့်ကျင် နေကြောင်း ရခိုင် အမျိုး သမီး အသင်း ထံမှ သိရသည်။

1 comment: