ရန်ကုန်-မြိတ် ကမ်းရိုးတန်းအထူးအမြန်ယာဉ်ပြေးဆွဲမည်
Sunday, February 03, 2013
Jade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက် လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ်သည်။
Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။
ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီခန့်ဖြင့်သက်သောင့် သက်သာ သွားလာနိုင် မည် ဖြစ်သည်။ ယာဉ်ပေါ်ပါ ခရီးသွား
ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့်မုန့်၊ နေ့လယ်စာ ထမင်းနှင့်
ညနေပိုင်း အတွက် အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ခ နှုန်းထားမှာ ငွေကျပ်လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်းရန်ကုန်-ထားဝယ် ခရီးစဉ်နှင့် ရန်ကုန်-ကော့သောင်း ခရီးစဉ်တို့အား တိုးချဲ့ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm/ allnews/local/item/ 6009-2013-02-03-08-59-43#.UQ3b1 PJafro
မြ၀တီ
ရန်ကုန်-မြိတ် ကမ်းရိုးတန်းအထူးအမြန်ယာဉ်ပြေးဆွဲမည်
Sunday, February 03, 2013
Jade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက် လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ်သည်။
Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။
ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီခန့်ဖြင့်သက်သောင့် သက်သာ သွားလာနိုင် မည် ဖြစ်သည်။ ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့်မုန့်၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်း အတွက် အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/
မြ၀တီ
No comments:
Post a Comment